
အူရီဒူးမြန်မာမှ အူရီဒူးသုံးစွဲသူများအတွက် အူရီဒူးရဲ့ မိုဘိုင်း အင်တာနက်ကို အသုံးပြုပြီး ကျပ်သိန်း (၂၀၀၀) ကျော်တန်ဖိုးရှိ နေ့စဉ်၊ အပတ်စဉ် နဲ့ အထူးဆုကြီးများကို အခမဲ့ပါဝင်ကံစမ်းနိုင် မယ့် ရွှေအိပ်မက် ကံစမ်းမဲ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ရွှေအိမ်မက်အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်က စတင်ကာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အူရီဒူးရဲ့ မိုဘိုင်းဝန်ဆောင်မှုကို ကြိုတင်ငွေပေးချေစနစ်ဖြင့် 3G(သို့)4G ကွန်ရက် သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်မှာ ပါဝင်မှာဖြစ်ပါတယ် ။
အစီအစဉ်ကာလအတွင်း အင်တာနက် 20 MB အသုံးပြုလိုက်တိုင်း 3G သုံးစွဲသူများအတွက် ရမှတ်(၃) မှတ်နဲ့ 4G အသုံးပြုသူများအတွက် ရမှတ် (၄) မှတ်စီ ရရှိမှာဖြစ်ပါတယ် ။
နေ့စဉ်ဆုတွေကတော့ ငွေကျပ် ၂၅၀,၀၀၀၊ ဖုန်းဘီလ် ၁၅,၀၀၀ကျပ် ၊...