
ဒီပြသနာကတော့ စမတ်ဖုန်းသုံးသူများအကြား အခန့်မသင့်ရင်မသင့်သလို
ဖြစ်နေတဲ့ ပြသနာတစ်ခုပါ။ ရေဝင်သွားပြီး ပါဝါပြန်ဖွင့်တဲ့အခါမှာ ဖြစ်တက်တဲ့ပြသနာလေးကို
ဖုန်းအသုံးပြု သူများသိစေရန် ရေးသားပေးလိုက်ပါတယ်။
မိမိဖုန်းရေဝင်သွားလို့ ပါဝါပိတ်သွားပြီဆိုရင် ဖုန်းကိုချက်ခင်းပါဝါမဖွင့်သင့်တော့ပါဘူး။
ဖုန်းအသုံးပြု သူတွေအနေနဲ့တော့ ဖုန်းရေဝင်သွားပြီဆိုရင် ငါ့ဖုန်းလေးဘာဖြစ်သွားလဲဆိုပြီး
ပါဝါပြန်ဖွင့်ကြည့်မိကြတာတော့ လူတိုင်းပါပဲ။ ရေထဲကျသွားတာပဲဖြစ်ဖြစ် ရေဝင်သွားတာပဲဖြစ်ဖြစ်
ပါဝါပိတ်သွားခဲ့ရင် လုံးဝပါဝါပြန်မဖွင့်သင့်ပါဘူး။ တကယ်လို့ ရေဝင်သွားတဲ့အချိန် ပါဝါမပိတ်သွားခဲ့ရင်တောင်
ပါဝါပိတ်လိုက်တာတို့ battery ကိုဖြုတ်လိုက်တာတို့ ချက်ချင်းပြု လုပ်ပေးသင့်ပါတယ်။ battery ဖြုတ်မရတဲ့ဖုန်တွေ
ဆိုရင်တော့ ပါဝါပိတ်ပြီးနီးစပ်ရာ service ဆိုင်သို့သွားကာ ရေဝင်သွားတဲ့အကြောင်း ပြောပြပြီး
စစ်ဆေးမှု့ပြု...