Sunday, October 2, 2016

Sin City Gangster Breakout ( ထောင်ဖောက် ) game




Android game ဝါသနာရှင်တွေအတွက် ထောင်ဖောက် game လေးကိုတင်ပေးလိုက်ပါတယ်။
ရုပ်ထွက်ကောင်းမွန်ပြီး internet connection လိုအပ်မှု့မရှိတာကြောင့် ဆော့ကစား
ရသူများ အကြိုက်တွေ့စေမှာပါ။ game ရဲ့ဖွဲ့စည်းပုံနဲ့ ဆော့ကစားရတဲ့ Feature လေးကလည်း
ကောင်းမွန်တဲ့ ဒီဂိမ်းလေးကို ဆော့ကစားမယ်ဆိုရင်တော့ download ရယူနိုင်ပါတယ်။



Download From Google Play Store - Google Play Store Link

Download From Other Link           - Mirror Link



Today's Mobile Training & Service center

Mi Max ကို Unlock မလုပ်ပဲ Root လုပ်နည်း နဲ့ မြန်မာစာသွင်းနည်း



Mi Max ကို Bootloader Unlock ပြုလုပ်စရာမလိုပဲနဲ့ Root ပြုလုပ်နည်းနဲ့
မြန်မာစာဖောင့် သွင်းနည်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကိုလုပ်ဆောင်ဖို့
အတွက် လိုအပ်တဲ့ဖိုင်တွေကို ရယူပြီး ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း လေ့လာကြည့်လိုက်ကြရအောင်


အရင်ဆုံးလိုအပ်သော ဖိုင်ကိုရယူပါ - Mi Max Root Kit rar


ပြုလုပ်ပုံ ပြုလုပ်နည်း
............................

Mi Max Root Kit Download ကို ဒေါင်းလုပ်ပြီးဖြေလိုက်ပါ Mi Flash နဲ့ imageroottwrp ဖိုင်ကိုရွေးပြီး 9008 mode ကနေ flash လိုက်ပါ (9008 mode ကို adb ကနေ adb reboot edl ရိုက်ပြီးဝင်ပါ သို့မဟုတ် Xiao mi jig ကြိုးနဲ့ဝင်လို့ရပါတယ် )

Flash ပြီးရင် TWRP ရသွားပါပြီ Vol up + Power နှိပ်ပြီး TWRP ၀င်ပါ BETA-SuperSU-v2.74-2-20160519174328.zip ဖိုင်ကို Flash ပြီး Reboot system နှိပ်ပါ ဒါဆိုရင် Root ရသွားပါပြီ။
MIUI 8 Font Changer(v2 (Beta)) နဲ့ မိမိနှစ်သက်ရာ Font ကိုချိန်းပြီးအသုံးပြုနိုင်ပါပြီ။


Hydrogen only

refer - original uploader


Today's Mobile Training & Service center

Ooredoo နှင့် Telenor Sim Card များကို Online ကနေမှတ်ပုံတင်နိုင်ပြီ



Ooredoo နှင့် Telenor Sim Card ကိုင်ဆောင်သူများအနေနဲ့
online ကနေ မှတ်ပုံတင် ( Register ) ပြုလုပ်နိုင်ပါပြီ။
ပြုလုပ်ရတာလည်းမခက်ပါဘူး။ မိမိအသုံးပြုတဲ့ Sim Card အမျိုးအစားရဲ့
ပေးထားတဲ့လင့်ထဲကို ဝင်ရောက်ပြီး တောင်းဆိုထားတဲ့ Information များကို
ပြည့်စုံအောင်ဖြည့်သွင်းပြီး မှတ်ပုံတင်ပေးယုံပါပဲ။








Today's Mobile Training & Service center

MEC ဖုန်းများအတွက် Internet Setting ချိန်နည်း



MEC ဖုန်းများအတွက် intenet setting ချိန်နည်းလေးကို တင်ပေးရန်
တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်။ ကိုယ်မသုံးတောင် လေ့လာထားတော့
အကျိုးရှိပါတယ်။ internet setting ချိန်လိုသူတွေကတော့ အောက်မှာပေးထားတဲ့အတိုင်း
လုပ်ဆောင်လိုက်ပါ။


1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - Mectel (or) Card
APN  -  #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။( Default လို့သာ ရိုက်ထည့်ပေးလိုက်ပါ )
Data bearer - မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။

အားလုံးပြီးရင်တော့ Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး Save ကိုနှိပ်ပါ။
APN နောက်မှ ရွေးချယ် Select ပေးပြီး Mobile Data On / Off လုပ်ပြီး အင်တာနက်သုံးနိုင်ပါပြီ ....



Today's Mobile Training & Service center

Saturday, October 1, 2016

မြန်မာနိုင်ငံအတွင်း Samsung Galaxy Note 7 ဝယ်ယူထားသူများ ပြန်လည်လဲလှယ်နိုင်ပြီ



Samsung Myanmar မှ မြန်မာနိုင်ငံအတွင်း Samsung Galaxy Note 7 ဝယ်ယူထားသူများအား
စက်တင်ဘာ ( ၂၉ ) ရက်နေ့ကနေစပြီး လဲလှယ်မှု့များပြုလုပ်ပေးနေပြီလို့ သိရပါတယ်။
အသစ်ပြန် လဲလှယ်ပေးမယ့် အစီအစဉ်အတွက် ပစ္စည်းပြန်လည်ပေးအပ်ထားသူများ ၊ ပြန်လည်ပေးအပ်မယ့်သူများ မိမိဝယ်ယူထားတဲ့ Brand Shop မှာ Galaxy Note7 အသစ်များထုတ်ယူနိုင်
မှာဖြစ်ပါတယ်။

အခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ Note7 ဖုန်းတွေကိုတော့ စက်တင်ဘာလ (၃၀) ရက်နေ့က စတင်ပြီး (၅) ရက်အတွင်း ရန်ကုန်မြို့ မြန်မာပလာဇာမှာရှိတဲ့ Samsung Brand Shop မှာ လည်းကောင်း ၊ မန္တလေးမြို့ (၇၈) လမ်းမှာရှိတဲ့ Samsung Brand Shop မှာလည်းကောင်း ပြန်လည်လဲလှယ်နိုင်ပြီဖြစ်တယ် လို့သိရပါတယ် ။



Today's Mobile Training & Service center

MIUI 8 Stable ROMs For Xiaomi Devices



Xiaomi ဖုန်းများရဲ့ update version ဖြစ်တဲ့ MIUI 8 Stable ROM တွေကို
ရယူနိုင်မဲ့နေရာလေးကို မျှဝေပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ MIUI 8 တင်သုံးရင်
မြန်မာစာကို 90% လောက်အဆင်ပြေပြေအသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် MIUI 8 Stable ROM တွေကိုလိုအပ်ပါက ဝင်ရောက်ရယူနိုင်ပါတယ်။






Today's Mobile Training & Service center

ဖုန်းကိုင်ဆောင်သူတိုင်းဆောင်ထားသင့်တဲ့ ဖုန်းသမားလက်စွဲကျမ်း apk



ဖုန်းကိုင်ဆောင်သူတိုင်းဆောင်ထားသင့်တဲ့ apk ကောင်းလေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။
ဒီ apk လေးထဲမှာဖုန်းနဲ့ပတ်သတ်ပြီး ရေဝင်ခြင်း , လွတ်ကျခြင်း , အသံမကြားခြင်း တွေအပြင်
အခြားဆောင်ရန် ရှောင်ရန်များကိုပါ ဗဟုသုတအနေနဲ့ လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒီလိုကောင်းမွန်တဲ့ apk လေးကိုလိုအပ်ရင်တော့ Google Play Store ကနေရယူနိုင်ပါတယ်။






Today's Mobile Training & Service center

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes