Wednesday, November 23, 2016

True စမတ်ဖုန်းများကို Pattern / Pin / Password lock များဖြုတ်နည်း



True စမတ်ဖုန်းများကို Screen lock ( Pattern / Pin ) ကျသွားခဲ့ရင်
ပြန်လည်ဖြေရှင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးမှာ
အသုံးပြုရန်လိုအပ်တဲ့ Shuame software လေးကိုအရင် Download ရယူပါ။


------- Shuame software Download Link -------












ဒါဆိုရင်တော့ အဆင်ပြေပါပြီ။
refer - pyae phyo aung





Today's Mobile Training & Service center

Tuesday, November 22, 2016

Huawei Honor 4C အတွက် Secret code များ



Huawei Honor 4C အတွက် Secret code များကိုလေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။
Honor 4C ကိုင်ဆောင်သူတွေအနေနဲ့ ဗဟုသုတလည်းရှိစေမှာပါ။ လေ့လာကြည့်လိုက်ပါအုံး ခင်ဗျာ။



------- Huawei Honor 4C Secret code Link -------



Today's Mobile Training & Service center

Android ဖုန်းရဲ့ Volume Level ကို Schedule ချပြီး အပြောင်းအလဲလုပ်မယ်



Android ဖုန်းတွေမှာ contact အလိုက် ringtone တွေ ပြောင်းလဲသတ်မှတ်လို့ရသလိုပါပဲ။ အချိန်အလိုက် schedule ပေးထားပြီး ringtone volume ကို အတိုးအချဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကတကယ်ကို အသုံးဝင် တဲ့ အကြောင်းအရာတစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ အလုပ်ထဲ၊ စာသင်ခန်းထဲရောက်နေတဲ့အခါမျိုးမှာ ဖုန်း ringtone သံကို silent (ဒါမှမဟုတ်) တိုးထား တတ်ပါတယ်။ အလုပ်ချိန်၊ စာသင်ချိန်ပြီးသွားလို့ ပြန်ကျယ်ရမှာ မေ့နေတဲ့ အခါမျိုးမှာ အပြင်ဘက်က ဆူညံသံတွေကြောင့် ဖုန်းလာတာကို မသိလိုက်တဲ့ အဖြစ်မျိုးတွေ မကြာခဏ ကြုံဖူးကြရပါတယ်။ ဒီတော့ အလုပ်ဆင်းချိန်နဲ့ အတန်းပြီးချိန်တွေမှာ ringtone ကို သူ့အလိုလို ပြန်လည် ကျယ်လာစေဖို့အတွက် အချိန်နဲ့ schedule ချထားလိုက်မယ်ဆိုရင် မေ့တတ်တဲ့ သူတစ်ယောက် အတွက်ဆိုရင်တောင် အတော်လေးအဆင်ပြေသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုလုပ်ပုံ၊ ပုံလုပ်နည်း အသေး စိတ်ကို ဖော်ပြပေးလိုက်ပါတယ်။

Android ရဲ့ Setting ထဲမှာ နဂိုပါ မဟုတ်တဲ့အတွက် Volume Schedular ဆိုတဲ့ App တစ်ခုကို ထည့်သွင်းဖို့လိုပါတယ်။


------- Application Download Link -------


App ကိုဖွင့်လိုက်တာနဲ့ အပေါ်ဘက်ထောင့်က ခရမ်းရောင် ခလုတ်လေး ကို enable လုပ်လိုက်ပါ။ အဲ့ဒီမှာ Office နဲ့ Home ဆိုတဲ့ပြုလုပ်ထားပြီးသား Preset နှစ်ခုကိုမြင်တွေ့ရပါမယ်။ အောက်ခြေထောင့်က + ကိုနှိပ်ပြီး မိမိစိတ်တိုင်းကျအလွယ်တကူစိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ Edit ကိုနှိပ်ပြီး Schedule Name ကို စိတ်ကြိုက်သတ်မှတ်ပြီးတဲ့အခါ Volume Profile မှာ Volume (၅) မျိုးကို စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။

ဒါ့အပြင် Schedule Setting  နဲ့ Notification Setting တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်ပြီးတာနဲ့ စိတ်ချလို့ ရပြီ ဖြစ်ပါတယ်။ သတိပြုဖို့လိုတာက အပြင်မှာ Volume ကို ထပ်မံ မသတ်မှတ်ဖို့ပါပဲ။

#refer




Today's Mobile Training & Service center

Samsung စမတ်ဖုန်းများအတွက် Diagram များ



Samsung စမတ်ဖုန်းများအတွက် Diagram များကိုတင်ပေးလိုက်ပါတယ်။
model များစွာပါဝင်တာကြောင့် MB ကတော့များပါတယ်။ လိုအပ်ရင်တော့ ရယူပါ။



------- Samsung စမတ်ဖုန်းများအတွက် Diagram Download Link -------

#credit




Today's Mobile Training & Service center

Huawei Phone များတွင် Firmware တင်ပြီးလျှင် NotificationBarပျောက်ဖြေရှင်းနည်းနှင့် Android Logo ဖြစ်နေလျှင် Huawei Logo ပြောင်းနည်း



Huawei Qualcomm အမျိုးအစား စမတ်ဖုန်းများကို Board Firmware တင်ပြီး imei တို့ Noti တို့
အခက်အခဲဖြစ်နေသူများအတွက် အဆင်ပြေစေရန် တင်ပေးလိုက်ပါတယ်။ ပထမဦးဆုံး မိမိဖုန်းကို Root အရင်ဖောက်လိုက်ပါ။ ပြီးရင် Busybox.apk ကို install လုပ်ပေးပါ။ ပြီးရင် rootexploer.apk ကို install ထပ်လုပ်ပါ။ ပြီးရင် rootexploer.apk ကို ဖွင့်လိုက်ပါ။ အပေါ်ထောင့်မှာ Mount R/W ဖြစ်နေလျှင် Mount R/O ပြောင်းလိုက်ပါ။ data folder ထဲကို ၀င်ပါ။ ( နံပတ် ၁ ပုံကိုကြည့်ရန် )



custom.bin ကို လက်နဲ့ဖိထားပြီး ပေါ်လာတဲ့အထဲက View as text နဲ့ဖွင့်လိုက်ပါ။ အဲထဲမှာ ရှိတဲ့စာသားကို တစ်နေရာရာမှာ မှတ်ထားလိုက်ပါ။  ဥပမာ channel/mm ဆိုပါစို့။

(နံပတ် ၂ နဲ့ နံပတ် ၃ ကိုကြည့်ရန် )




Back key ကို နှိပ်ပြီး မူလနေရာ ပြန်သွားပါ။ cust folder ထဲ ထပ်ဝင်ပါ။ အဲ့အထဲမှာ unicom (or) chinatelcom ရှိလိမ့်မယ်။ ထပ်ဝင်လိုက်ပါ။ cn ထပ်တွေပါလိမ့်မည်။

( နံပတ် ၄ ၊ ၅ ၊ ၆ ကိုကြည့်ရန် )





cn ကို လက်နဲ့ဖိထားပြီး Rename ကို နှိပ်ပြီး mm ပြောင်းလိုက်ပါ။ Back key နဲ့ ပြန်ထွက်ပြီး unicom (or ) chinatelcom ကိုလည်းchannel ပြောင်းလိုက်ပါ။ အဲ့ဒါဆိုရင် channel/mm ဖြစ်သွားပါပြီ။

( နံပတ် ၇ ၊ ၈ ကိုကြည့်ရန် )



ဖုန်းကို Reboot တစ်ခေါက် ချလိုက်ပါ။ ပြန်တက်လာရင် android Logo ကလည်း Huawei Logo

ဖြစ်သွားပြီး Notification Bar ပျောက်နေလျှင်လည်း Notification Bar လည်း ပြန်ပေါ်သွားပါလိမ့်မည်။









credit - Aung Min Han






Today's Mobile Training & Service center

Monday, November 21, 2016

Samsung နဲ့ Sony စမတ်ဖုန်းများအတွက် Firmware ရယူနိုင်သောလင့်



Samsung နဲ့ Sony စမတ်ဖုန်းများအတွက် Firmware
လိုအပ်ခဲ့ရင် အဆင်ပြေပြေရယူနိုင်ရန်အတွက် တင်ပေးလိုက်ပြီ။
ခုပေးထားတဲ့နေရာမှာ Samsung နဲ့ Sony တို့အတွက်
Firmware များကိုရယူရာမှာလည်း Resume ရပါတယ်။
ဝင်ရောက်ပြီး လိုတာကိုရယူလိုက်ပါ။



------ ဝင်ရောက်ရယူနိုင်ရန်  ------




Today's Mobile Training & Service center

Huawei G610 နဲ့ C8815 တို့မှာ Touch error ဖြစ်ခဲ့ရင်ဖြေရှင်းနည်း



Huawei G610 နဲ့ C8815 တို့မှာ Touch error ဖြစ်ခဲ့ရင် ဖြေရှင်းနိုင်ရန်အတွက်
ပြန်လည်မျှဝေတင်ပေးလိုက်ပါတယ်။ C8815 တွေမှာ သုံးထားတဲ့ touch ic လေးဟာ နံပါတ်အတူတူပါပဲ။ဒါပေမယ့်အသုံးပြုထားတဲ့ PMU,CPU စတဲ့အိုင်စီတွေအပေါ်မူတည်ပြီး touch အပိုင်းကိုပေးထားတဲ့ ဗို့ လိုင်းတွေ မတူတော့ပါဘူး။G610 –U00 ကိုအရင်လေ့လာကြည့်ရင် အသုံးပြုထားတဲ့ CPU က MEDIATEAK  MT6589 ဖြစ်ပြီး PMU 6320 ကိုအသုံးပြုထားပါတယ်။ MTK device တွေမှာ ဆော့ဝဲပိုင်းအရ touch မရတဲ့ပြသနာတွေလဲရှိပါတယ်။ G610 + ကို G610 firmware မှားတင်မိရင် touch error ဖြစ်နိင်ပါတယ်။ဒါကြောင့် G610-U00 ဆိုရင် (+)သင်္ကေတ ပါမပါ ကြည့်သင့်ပါတယ်။ firmware အမှန်တင်ကြည့်ဖို့ လိုပါတယ်။

PMU 6320 တွေမှာ touch အတွက်လိုအပ်တဲ့ vdd ဗို့ တွေကို  ပါဝါအိုင်စီရဲ့ LDO  (Low Drop Output) ပိုင်းကနေ တိုက်ရိုက်ထုတ်ပေးပါတယ်။ထို့ ကြောင့် အောက်ပါအတိုင်းတဆင့်ခြင်းဖြေရှင်းကြည့်ပါ။

SOLUTION-1

touch အိုင်စီ ရဲ့ ဘေးမှာ အ၀င်ဗို့ တွေ ပြထားတဲ့ TP-1 (1.7V) TP-2(2.8V) တွေရောက်မရောက်စစ်ကြည့်ပါ။ အကယ်ရ်ျ ဗို့ တစ်ခုခုပျောက်နေပါက အခြားတစ်နေရာမှ jumper ကျော်ယူခြင်းထက် pmu  ခဲလှောင်းပြန်ကပ်ခြင်း၊အသစ်လဲလှယ်ပေးခြင်းတို့ ကို လုပ်သင့်ပါတယ်။တစ်ခါတစ်ရံမှာအလွယ်တကူ ဗို့ လိုင်းတစ်ခုခုမှ jumper ကျော်ယူလိုက်တဲ့အခါ  LDO ရဲ့  လိုအပ်တဲ့ ဗို့ နဲ့ အမ်ပီယာ မလုံလောက်တဲ့အခါ touch ကိုပုံမှန် အလုပ်မလုပ်နိင်တာတွေ့ ရပါတယ်။နောက်တစ်ချက်က Touch တွေရဲ့ vdd ဗို့ တွေမှာ 1.71v ကို digital volt အဖြစ်သတ်မှတ်ထားပြီး 2.85v ကို analog volt အဖြစ်သတ်မှတ်ထားပါတယ်။ ဒီအချက်တွေကြောင့် သက်ဆိုင်ရာပတ်လမ်းကသာ တိုက်ရိုက်ယူသင့်ပါတယ်။



SOLUTION-2

တကယ်လို့ ဗို့ တွေရောက်ပြီး touch  မရသေးလျှင် အိုင်စီအနီးတစ်ဝိုက်ရှိ components လေးများစုံမစုံစစ်ကြည့်ပေးပါ။အိုင်စီ ကိုခွါပြီးခဲလှောင်းပြန်ကပ်ကြည့်ပါ။လိုအပ်လျှင်အသစ်လဲပါ။ connector အထိုင်လေးတွေစစ်ပါ။reset လမ်းကြောင်းနဲ့  tp in လမ်းကြောင်းပေါ်မှာရှိတဲ့ esd လေးတွေကောင်းမကောင်းစစ်ကြည့်ပါ။

ဒီနေရာမှာတစ်ခုသတိထားမိတာက c8813 တွေလို touch မရတဲ့အခါ wifi,Bluetooth  တွေ ဖြုတ်စရာမလိုပါဘူး။MT 6628 အိုင်စီလေးမှာ wifi,Bluetooth,fm,gps, စတဲ့အပိုင်းတွေပါဝင်ပေါင်းစပ်ထားပါတယ်။ touch နဲ့ သက်ဆိုင်တာကတော့ မည်သည့်ဖုန်းမှာမဆို proximity sensor အပိုင်းပါဝင်ပါတယ်။

ဒါကြောင့်အဲဒီ sensor အပိုင်းကိုစစ်ကြည့်ပေးပါ။

G610-C00,C8815 တွေမှာတော့အသုံးပြုထားတဲ့ CPU ,PMU တွေမတူတော့ပါဘူး။ touch အတွက်ဗို့ ပေးတဲ့ပုံစံခြင်းလဲကွာသွားပါတယ်။ PM8029 ရဲ့ S3 လမ်းကြောင်းကထွက်လာတဲ့ vdd1.7v ကို touch အိုင်စီသို့ တိုက်ရိုက်မပေးပဲ gate ic လေးတစ်လုံးခံထာားတွေ့ ရပါတယ်။ထိုနည်းတူ vdd2.8v ကိုလဲ  တိုက်ရိုက်မပေးပဲ C3H အိုင်စီလေးရဲ့ အထွက်ကနေ ပေးပို့ ထားပါတယ်။ TP-1,TP-2 မှာပြထားတဲ့ပုံလေးကိုလေ့လာကြည့်ပါ။ ဗို့ တွေအားလုံးရောက်ပြီးtouch မရရင် touch ic ခွာပြီးပြန်ကပ်ကြည့်တာ အသစ်လဲကြည့်တာ စသဖြင့်လုပ်ကြည့်ပါ။ connector အထိုင်မှားစစ်ပါ။ G610-C00, C8815 တွေမှာတော့ touch မရရင် bluetooth ,wifi အပိုင်းတွေ စစ်ပေးဖို့ လိုအပ်ပါတယ်။












credit - ဦးကိုကိုအောင်





Today's Mobile Training & Service center

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes