Monday, March 27, 2017

Finger Print ပါဝင်တဲ့ Samsung စမတ်ဖုန်းများမှာ Application များအား လက်ဗွေစနစ်ဖြစ့်ပိတ်နည်း


Finger Print ပါဝင်တဲ့ Samsung စမတ်ဖုန်းများတွင် အထဲမှာကိုယ်အသုံးပြု တဲ့
Application များအား လက်ဗွေစနစ်ဖြင့်ပိတ်နည်းကို ရေးသားမျှဝေပေးလိုက်ပါတယ်။
ဒနည်းလမ်းကတော့ Finger Print ပါဝင်တဲ့ Samsung Device ကိုင်ဆောင်သူတွေအတွက် အသုံးဝင်မဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆက်လက်ဖတ်ပြီး
လေ့လာကြည့်ရအောင် :)


မိမိဖုန်းကို လက်ဗွေစနစ်ဖြင့် အရင်ဆုံးလော့ချလိုက်ပါ။
ပြီးရင်တော့ FingerSecurity apk ကိုရယူရပါမယ်။
Application ကိုတော့ Google Play Store ကနေရယူပါ။

https://play.google.com/store/apps/details?id=com.rickclephas.fingersecurity&hl=en




Settings ထဲတွင် လုပ်ဆောင်ရန်



အသုံးပြုမည် ပိတ်ထားမည်ကို FingerSecurity ကိုနှိပ်၍ On/Off လုပ်နိုင်
Advanced Security ဆိုသည်မှာ ထိုဆော့ဝဲအား မည်သို့မှ Uninstall မလုပ်နိုင်အောင် On ထားနိုင် ။
( Uninstall လုပ်လိုပါက ပြန် Off ပေးလိုက်ယုံပါပဲ )
Alternative Password ဆိုသည်မှာ Apps ကို Password ဖြင့်ပါ ဖွင့်နိုင်အောင် နောက်ထပ်ပံ့ပိုးထားနိုင် ။

App List ထဲတွင် Apps များ ပိတ်နည်း 




ပိတ်ထားလိုသော App ကိုနှိပ်လိုက်ပြီး Protect this app ကို Yes လုပ်ပေးလိုက်ယုံပါပဲ ။
Password နဲ့ပါ ပံ့ပိုးချင်သေးတယ်ဆိုရင် Use Custom Settings နှင့် Use Alternative Password ကို Yes လုပ်လိုက်ပါ ။
( လက်ပေနေသော အခါမျိုးမှာ Logo ပုံလေးကိုနှိပ်လိုက်ပါ Password ဖြင့်ဖွင့်နိုင်အောင် ပေါ်လာပါမယ် )



Refer - Dj joeman




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

Huawei P9 & P9 Lite တို့မှာ အဖြစ်များတဲ့ ပြသနာများအားဖြေရှင်းနည်း



Huawei ရဲ့ latest စမတ်ဖုန်းတွေထဲက model တွေဖြစ်တဲ့ P9 & P9 Lite တို့အတွက် သူတို့မှာဖြစ်တက်တဲ့ ပြသနာအချို့နဲ့ဖြေရှင်းနည်းလေးတွေကို ပူးတွဲရေးသား
တင်ပြလိုက်ပါတယ်။ ပြသနာတွေဆိုလို့ user တွေအနေနဲ့ ထိတ်လန့်သွားစရာတော့
မလိုပါဘူး။ သူတို့ဟာလည်း အခြားဖုန်းတွေလို ဖြေရှင်စလို့ရတဲ့ ပြသနာလေးတွေပါ။
user တွေကိုယ်တိုင်ဖြေရှင်းနိုင်တာဖြစ်လို့ အဆင်ပြေပါတယ်။ ကဲ လေ့လာကြည့်လိုက်
ကြပါအုံး :)


P9 နဲ့ P9 Lite ပိုင်ရှင်အချို့က Push Notification စွမ်းဆောင်ချက် ကောင်းစွာ အလုပ်မလုပ်တဲ့ အကြောင်းကို ပြောကြပါတယ်။ အထူးသဖြင့် Email နဲ့ Messenger Apps များအတွက် Push Notifications များ မပြသကြဘူးလို့ သိရပါတယ်။ အဲဒီ ပြဿနာဟာ Huawei Software Interface နဲ့ Android 6.0 Doze Mode တို့ ပေါင်းစပ်မှုမှ ထွက်ပေါ်လာတဲ့ Error ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Settings အချို့ကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။
Settings> Advanced Settings ထဲက Battery Manager ထဲသွားပါ။ Protected Apps ကနေ Doze Mode က ကိုင်တွယ်ခြင်း မရှိတဲ့ App များကို သတ်မှတ်ပါ။ ပြဿနာ ဖြစ်နေတဲ့ Apps များကို သတ်မှတ်ပေးရမှာပါ။ နောက်ပြီး Power Saving Mode ကိုလည်း Performance ကို ရွေးချယ်ပေးပါ။ ဒါဆိုရင် ပြဿနာ ပြေလည်သွားမှာပါ။ တကယ်လို့ ပြဿနာ မပြေလည်သေးရင် Settings> Apps > Advanced > Ignore Optimizations ထဲသွားပါ။ စကရင်ရဲ့ ထိပ်မှာ Allowed ကို ရိုက်ပြီး All ကို နှိပ်ပါ။ ပြဿနာရှိနေတဲ့ App ကို ရှာပီး ရွေးချယ်ပေးပါ။ ပြီးရင် Allow ကို ရွေးပေးပါ။
Huawei ရဲ့ Launcher ကို မနှစ်သက်ဘဲ အခြား Launcher များကို အသုံးပြုချင်သူများအတွက် Launcher အသစ်ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Home Button ကို နှိပ်၍ Launcher ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် P9 စမတ်ဖုန်းများမှာတော့ အဲဒီလို လုပ်လို့ မရဘဲ Settings ထဲမှာ Launcher အသစ်ကို Enable လုပ်ပေးရမှာပါ။ Settings> Apps > Advanced > Default App Settings> Overview ထဲသွားပြီး အင်စတောလုပ်ထားတဲ့ Launcher ကို ရွေးပေးပါ။

Touchscreen ရဲ့ တုန့်ပြန်မှု မကောင်းခြင်း
P9 ပိုင်ရှင် အချို့က ထိတွေ့မျက်နှာပြင် တုန့်ပြန်မှု မကောင်းတဲ့ အကြောင်းကို ပြောကြပါတယ်။ မျက်နှာပြင်ကို အားပါပါနဲ့ ထိတွေ့မှသာ အဆင်ပြေတယ်လို့ ပြောပါတယ်။ အဲဒီ ပြဿနာရဲ့ အရင်းအမြစ်ကိုတော့ မသိရှိပါဘူး။ ဒါပေမယ့် User အချို့က Software Update ပြုလုပ်လိုက်ရင် အဆင်ပြေသွားတယ်လို့ ပြောပါတယ်။ အချို့ကတော့ Factory Reset လုပ်လိုက်ရင် အိုကေ သွားတယ်လို့ ပြောပါတယ်။ အဲဒီ ပြဿနာဟာ ဆော့ဖ်ဝဲကြောင့် ဖြစ်နိုင်ပါတယ်။ Huawei က အဲဒီ ပြဿနာနဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ လိုအပ်နေပါတယ်။

Auto-Rotate အလုပ်မလုပ်ခြင်း
Auto-Rotate အလုပ် မလုပ်တဲ့ အခါမှာ Settings> Display > Auto-Rotate ထဲမှာ Activate လုပ်ထားသလားဆိုတာ အရင်ဆုံး စစ်ဆေးပါ။ တစ်ခုမှတ်ထားရမှာက Auto-Rotate ကို Apps အားလုံးက ထောက်ပံ့ခြင်း မရှိပါဘူး။ Auto-Rotate ကို ဖွင့်ထားတာတောင် အလုပ်မလုပ်သေးရင် ဖုန်းကို Restart လုပ်ပါ။ ဒီလိုလုပ်တာတောင် အဆင်မပြေသေးရင် Hardware Reset လုပ်ပါ။ ( ဒေတာများကို အရင် သိမ်းဆည်းဖို့ မမေ့ပါနဲ့။ )

စကရင် အနက်ရောင် ပြောင်းခြင်း 
Users များက အချို့ Apps များဖွင့်ရင် စကရင်က အနက်ရောင်ပြောင်းသွားတယ်လို့ ပြောပါတယ်။ ဒါဟာ နောက်ကွယ်မှာ Apps များစွာ အလုပ်လုပ်နေလို့ ဖြစ်ပါတယ်။ ဒီပြဿနာကို Restart လုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်လို့ အဆင်မပြေသေးရင် Phone Manager ထဲသွားပြီး Cache ကို ရှင်းခြင်း၊ အသုံးမပြုတဲ့ Apps များကို ပိတ်ခြင်းများကို ပြုလုပ်ပါ။

ကင်မရာ
P9 စမတ်ဖုန်းများရဲ့ အဓိက စွဲဆောင်မှုက ကင်မရာပါ။ User အချို့က Photo နဲ့ Video Mode များကို ပြောင်းလို့ မရဘူးလို့ ပြောကြပါတယ်။ ဒီလိုဖြစ်ရင် Settings> Apps > Camera > Memory ထဲသွားပြီး Cache နဲ့ ဒေတာများကို ရှင်းပစ်ပါ။ ဒီလိုလုပ်လို့မှ ပြဿနာ မပြေလည်သေးရင် အခြား Camera App များကို သုံးပါ။
#Refer


Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

Sony စမတ်ဖုန်းများအား Lastest Buildnumber စစ်ဆေးနည်း



Sony Xperia Device များအတွက် Latest Buildnumber ကိုစစ်ဆေးတဲ့နည်းလမ်းလေး ရေးသားပေးလိုက်ပါတယ်။ မိမိသုံးနေတဲ့ ဖုန်းဟာ
latest ဖြစ်မဖြစ်ကို ဒီနည်းလမ်စလေးနဲ့ စစ်ဆေးနိုင်ပါတယ်။ ကိုယ်သုံးနေတဲ့
ဖုန်းရဲ့ Buildnumber နဲ့ မိမိစစ်ဆေးလိုက်တဲ့ Buildnumber နဲ့
ထပ်တူမကျသေးရင်တော့ သင့်ဖုန်းကို update ပြု လုပ်ပြီး အသုံးပြု နိုင်အောင်
ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။


မိမိဖုန်းကို latest ဖြစ်မဖြစ်စစ်ဆေးချင်ရင်တော့ အောက်ပါအတိုင်း
Broswer ကနေဝင်ပြီး ရိုက်ရုံပါပဲ။ ဖုန်းနဲ့ပတ်သတ်တဲ့ information ကို
website ကနေ ချပြပေးမှာဖြစ်ပါတယ်။


ရိုက်နှိပ်ရန် စာကြောင်း - https://xpericheck.com/device/MODEL-Name

( ဥပမာ - မိမိဖုန်းဟာ E6883 ဆိုပါစို့။ ဒါဆိုရင် Broswer ကနေ              https://xpericheck.com/device/E6883 ရိုက်နှိပ်ပြီး စစ်ဆေးပေးရမှာပါ။)




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

Sunday, March 26, 2017

Huawei စမတ်ဖုန်းအသုံးပြု သူများ သိထားသင့်တဲ့ Secret Code အချို့



Huawei စမတ်ဖုန်းအသုံးပြု သူများအနေနဲ့ သိထားသင့်တဲ့ Secret Code အချို့ကို
တင်ပေးလိုက်ပါတယ်။ ဖုန်းအားစစ်ဆေးတဲ့ အခါ အသုံးဝင်ပါတယ်။
လေ့လာကြည့်လိုက်ကြပါအုံး။


*#*#4636#*#* အဓိကကျတဲ့ Testing နေရာကို ရောက်သွားပါလိမ့်မယ် (network ချိန်းတာတို့ ဖုန်း အခြေအနေ ကြည့်တာတို့ပေါ့ )

*#*#2846579#*# ကိုလည်း သုံးနိုင်ပါတယ်..

*#*#checkin#*#* dial code(Check for update)

*#*#7780#*#* for a factory data reset

*2767*3855# for factory format (ပုံမှန်သုံးသူများ မစမ်းသင့်ပါ)

*#*#197328640#*#* change settings in the service mode

*#*#232338#*#* show WiFi MAC Address

*#*#1472365#*#* GPS test

*#*#232331#*#* Bluetooth test

*#*#232337#*#* Bluetooth device show address

*#*#1111#*#* FTA SW Version

*#*#2222#*#* FTA HW Version
Factory Tests

*#*#0283#*#* Packet loopback

*#*#2222#*#* FTA HW Version



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

Android ဖုန်းများအတွင်း ပါဝင်တဲ့ 8029 mic အကြောင်း




ဖုန်းတစ်​လုံးတွင်​ mic သုံးမျိုးပါဝင်​သည်​။ရိုးရိုးစကား​ပြောလျှင်​ ​အောက်​ mic က အလုပ်​လုပ်​ပြီး speaker ဖွင့်​​ပြောလျှင်​ အ​ပေါ်mic ကအလုပ်​လုပ်​သည်​။နားကျပ်​တပ်​လိုက်​လျှင်​ နားကျပ်​တွင်​ပါဝင်​​သော mic မှ အလုပ်​လုပ်​​ပေးသည်​။

ယခုရှင်းပြထားသည့်​ micမှာ 8029 (cpu 8225,8625) ပါဝါအိုင်​စီတွင်​အသုံးပြု​သော ​အောက်​မိုက်​ဖြစ်​သည်​။

8029 တွင်​အသုံးပြုထား​သော မိုက်​တွင်

MIC BIAS
MIC1 P
MIC1 N သုံးလိုင်းလုံးအား CPU မှ ​မောင်း​ပေးထားသည်​။

မိုက်​အ​ပေါင်းစ တွင်​ digital meter diode စ​ကေးထား
တိုင်းပါက 2.094 ohm ရှိရမည်​ဖြစ်​သည်​။
မရှိလျှင်​ L1511 တွင်​ ရှိမရှိ စစ်​ပြီးရှိ​နေလျှင်​ ​ကျော်​​ပေးနိုင်​သည်​။
L1511 တွင်​မ​တွေ့လျှင်​ R1512,1513 ပြုတ်​​နေမ​နေ စစ်​ရမည်​ဖြစ်​သည်​။အဆိုပါ R နှစ်​လုံးပြုတ်​​နေလျှင်​လည်း တန်​ဘိုး ​ပျောက်​သွားနိုင်​သည်​။ ထို့ပြင်​ 8029 mic တွင်​ အ​ရေးပါသည့်​ C နှစ်​လုံးကျန်​ရှိ​နေ​သေးသည်​။C1512,C1513 နှစ်​လုံးမှာလဲ တစ်​ဖက်​ gnd မဟုတ်​သဖြင့်​ ပြုတ်​လို့ ပျက်​လို့ မရပြန်​​ချေ။
8029 mic အမျိုးအစားတွင်​ ပြုတ်​ရ်ျ​ ပျက်​ရ်ျ​ မရ​သော
Components ​လေးများကို ၀ိုင်းရ်ျ​ ပြထား​ပေးပါသည်​။
Components ​လေးများ အားလုံးလဲ​ကောင်း​နေမည်​။စုံလဲ စုံ​နေပီး တန်​ဘိုး​ပျောက်​ခဲ့သည်​ ရှိ​သော်​ CPU reball or replacement ပြုလုပ်​ရမည်​ ဖြစ်​သည်​။

credit - ကိုမျိုး မီတူး



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

Saturday, March 25, 2017

TTA FRP Help apk



Browser sign လုပ်ဖို့အစက်သုံးစက်ပျောက်နေသူများအတွက်
Quick Shortcut Maker မလို Google Account Manager လိုက်ရှာဒေါင်းနေဖို့မလို Browser ကနေ *** bit.ly/ttafrp2 *** လို့ရိုပြီးဒေါင်းလိုက်ရုံပါပဲ။

၁။ မိမိဖုန်း Version အလိုက်ပေးထားတဲ့ Google Account Manager app ကိုနှိပ်ပြီး Install ပါ။
၂။ Browser Signin ကိုနှိပ်ပါ > ညာဖက်အပေါ်က အစက်သုံးစက်ကိုနှိပ်ပြီး Browser Sign In နှိပ်ပါ gmail ရိုက်ထည့်ပါ ပြီးလျှင်ဖုန်းပိတ်ပြီးပြန်ဖွင့်ပါ
၃။ FRP Remove done !!!

apk developed by Than Toe Aung




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

Friday, March 24, 2017

ကလေးများအကြိုက် Power Ranger game Google Play Store နဲ့ App Store ပေါ်တင်လိုက်ပြီ



ကျတော်တို့ကိုယ်တိုင် ငယ်စဉ်ကကြိုက်နှစ်သက်ခဲ့တဲ့ Power Ranger ဇာတ်ကားကို
Game အဖြစ်ပြောင်းလဲထားတဲ့ game အား Game Developer များမှ
Google Play Store နဲ့ App Store ပေါ်တွင် တင်ပေးလိုက်ပြီဖြစ်ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းလောက်က ထွက်ပေါ်လာခဲ့တဲ့ မတ်လအတွင်းမှာ Power Rangers mobile ဂိမ်းရှိလာ မယ်ဆိုတဲ့သတင်းဟာ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။
Power Rangers : Legacy Wars လို့ အမည်ပေးထားတဲ့ ဒီဂိမ်းကိုရော Android ပရိတ်သတ်တွေရော iOS User တွေပါ သက်ဆိုင်ရာ Store တွေပေါ်ကနေ အခမဲ့ Download ရယူနိုင်ပြီဖြစ်ပါတယ်။
ရုပ်ထွက်နဲ့ အသံပိုင်းက အတော်လေးကို စွဲဆောင်မှုရှိပြီး ငယ်ငယ် က Power Rangers ဇာတ်လမ်းတွေကြည့်ရှုခဲ့စဉ်က ခံစားချက်မျိုး ပြန်လည်ရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အရင် Power Ranger ဇာတ်ကောင်တွေအပြင် အသစ်ထွက်ရှိမယ့် Power Ranger ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလည်း ပါဝင်လာပါတယ်။
Battle Fighting ဂိမ်းအမျိုးအစားဖြစ်ပြီး Real-Time Online ဂိမ်းဖြစ်တဲ့အတွက် ဘော်ဒါတွေနဲ့ ချိတ်ဆက်ကာ ကစားနိုင်မှာပါ။ အကောင်းဆုံး Team ကိုဖွဲ့စည်း ၊ တိုက်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်ဖို့ Player တွေရဲ့ skill တွေကို upgrade မြှင့်တင် ၊ ရန်သူတွေကို ဖြိုခွင်း စတဲ့ လုပ်ဆောင်ချက်တွေနဲ့ စိတ်လှုပ်ရှားစွာဆော့ကစားနိုင်မှာဖြစ်ပါတယ်။
အမြည်းအနေနဲ့ ခံစားနိုင်ဖို့အတွက် Launch Trailer video လေးကိုဖော်ပြပေးလိုက်ပါတယ်။


#refer



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes