Friday, March 24, 2017

ကလေးများအကြိုက် Power Ranger game Google Play Store နဲ့ App Store ပေါ်တင်လိုက်ပြီ



ကျတော်တို့ကိုယ်တိုင် ငယ်စဉ်ကကြိုက်နှစ်သက်ခဲ့တဲ့ Power Ranger ဇာတ်ကားကို
Game အဖြစ်ပြောင်းလဲထားတဲ့ game အား Game Developer များမှ
Google Play Store နဲ့ App Store ပေါ်တွင် တင်ပေးလိုက်ပြီဖြစ်ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းလောက်က ထွက်ပေါ်လာခဲ့တဲ့ မတ်လအတွင်းမှာ Power Rangers mobile ဂိမ်းရှိလာ မယ်ဆိုတဲ့သတင်းဟာ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။
Power Rangers : Legacy Wars လို့ အမည်ပေးထားတဲ့ ဒီဂိမ်းကိုရော Android ပရိတ်သတ်တွေရော iOS User တွေပါ သက်ဆိုင်ရာ Store တွေပေါ်ကနေ အခမဲ့ Download ရယူနိုင်ပြီဖြစ်ပါတယ်။
ရုပ်ထွက်နဲ့ အသံပိုင်းက အတော်လေးကို စွဲဆောင်မှုရှိပြီး ငယ်ငယ် က Power Rangers ဇာတ်လမ်းတွေကြည့်ရှုခဲ့စဉ်က ခံစားချက်မျိုး ပြန်လည်ရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ အရင် Power Ranger ဇာတ်ကောင်တွေအပြင် အသစ်ထွက်ရှိမယ့် Power Ranger ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလည်း ပါဝင်လာပါတယ်။
Battle Fighting ဂိမ်းအမျိုးအစားဖြစ်ပြီး Real-Time Online ဂိမ်းဖြစ်တဲ့အတွက် ဘော်ဒါတွေနဲ့ ချိတ်ဆက်ကာ ကစားနိုင်မှာပါ။ အကောင်းဆုံး Team ကိုဖွဲ့စည်း ၊ တိုက်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်ဖို့ Player တွေရဲ့ skill တွေကို upgrade မြှင့်တင် ၊ ရန်သူတွေကို ဖြိုခွင်း စတဲ့ လုပ်ဆောင်ချက်တွေနဲ့ စိတ်လှုပ်ရှားစွာဆော့ကစားနိုင်မှာဖြစ်ပါတယ်။
အမြည်းအနေနဲ့ ခံစားနိုင်ဖို့အတွက် Launch Trailer video လေးကိုဖော်ပြပေးလိုက်ပါတယ်။


#refer



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes