Friday, September 30, 2016

ဆုမဲပေါင်းများစွာပါဝင်တဲ့ Ooredoo မြန်မာရဲ့ ရွှေအိမ်မက်အစီအစဉ်


အူရီဒူးမြန်မာမှ အူရီဒူးသုံးစွဲသူများအတွက် အူရီဒူးရဲ့ မိုဘိုင်း အင်တာနက်ကို အသုံးပြုပြီး ကျပ်သိန်း (၂၀၀၀) ကျော်တန်ဖိုးရှိ နေ့စဉ်၊ အပတ်စဉ် နဲ့ အထူးဆုကြီးများကို အခမဲ့ပါဝင်ကံစမ်းနိုင် မယ့် ရွှေအိပ်မက် ကံစမ်းမဲ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ရွှေအိမ်မက်အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်က စတင်ကာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အူရီဒူးရဲ့ မိုဘိုင်းဝန်ဆောင်မှုကို ကြိုတင်ငွေပေးချေစနစ်ဖြင့် 3G(သို့)4G ကွန်ရက် သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်မှာ ပါဝင်မှာဖြစ်ပါတယ် ။
 အစီအစဉ်ကာလအတွင်း  အင်တာနက် 20 MB အသုံးပြုလိုက်တိုင်း 3G သုံးစွဲသူများအတွက် ရမှတ်(၃) မှတ်နဲ့ 4G အသုံးပြုသူများအတွက် ရမှတ် (၄) မှတ်စီ ရရှိမှာဖြစ်ပါတယ် ။
နေ့စဉ်ဆုတွေကတော့ ငွေကျပ် ၂၅၀,၀၀၀၊  ဖုန်းဘီလ် ၁၅,၀၀၀ကျပ် ၊ 1.35 GB အင်တာနက်အစီအစဉ်၊ 2.5 GB  အင်တာနက်အစီအစဉ် နဲ့ 5.5 GB အင်တာနက်အစီအစဉ်တို့ဖြစ်ပြီး နေ့စဉ်ဆုအတွက် တစ်ရက်ကို ကံထူးဆုရှင် စုစုပေါင်း ၂၅ယောက် ရွေးချယ်ကာ ဆုတစ်မျိုးခြင်းအတွက် ကံထူးဆုရှင် (၅) ဦး ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ် ။
 အပတ်စဉ်ဆုအနေဖြင့် 4G အသုံးပြုနိုင်မည်ဖြစ်သော စမတ်ဖုန်းလက်ဆောင်ရရှိမှာဖြစ်ပြီး တစ်ပတ်စီအတွက် အပတ်စဉ်ကံထူးဆုရှင် (၅) ယောက်ရွေးချယ်သွားမှာဖြစ်ပါတယ် ။ အထူးဆုကြီးများအတွက်ကိုတော့ ကံထူးရှင် (၂) ယောက် ရွေးချယ်မှာဖြစ်ပြီး ပထမအထူးဆုကြီးအဖြစ် ငွေသားဆု ကျပ်သိန်း(၂၅၀) နဲ့ အခြားဆုကြီး အဖြစ် အူရီဒူးမြန်မာရဲ့ ၀န်ဆောင်မှုကို တစ်သက်တာသုံးစွဲခွင့် ရရှိမှု တို့ဖြစ်တယ်လို့သိရပါတယ် ။
997 သို့ ’Lucky’ ဟုရိုက်၍ SMS ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ *997# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ ရရှိထားသော ကံစမ်းမဲရမှတ် အရေအတွက်ကို အခမဲ့ စစ်ဆေးနိုင်မှာဖြစ်ပြီး  ကံထူးဆုရှင်များကို မြန်မာနိုင်ငံရှိ ထိပ်တန်းစာရင်းစစ်အဖွဲ့ဖြစ်တဲ့ Win Thin & Associates မှ စောင့်ကြည့်စိစစ်ကာ ရွေးချယ်အတည်ပြုပေးသွားမှာဖြစ်ပါတယ် ။ ရွေးချယ်ခံရတဲ့ ကံထူးဆုရှင်များကို အူရီဒူးမြန်မာရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာတို့မှာ အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။
#refer


Today's Mobile Training & Service center

Samsung Devices Factory mode error Repair on Root Explorer apk



Samsung ဖုန်းများမှာဖြစ်တက်တဲ့ Firmware တင်ရင်း Factory mode error
တက်တဲ့အခါမှာပြန်လည်ဖြေရှင်းနည်းလေး ဖြစ်ပါတယ်။ အလွယ်ကူဆုံး Root Explorer
apk လေးနဲ့ဖြေရှင်းပြထားတာလေးပါ။ လိုအပ်တာကတော့ ဖုန်းမှာ Root access ရှိဖို့နဲ့
Root Explorer apk လေးပါပဲ။ video ဖိုင်လေးကိုတော့ ကြည့်ရှူ့လေ့လာလိုက်ပါ။





Today's Mobile Training & Service center

G620s-ul00 modern repair tool



Huawei G620s-Ul00 အတွက် modern repair Tool လေးကိုတင်ပေးလိုက်ပါတယ်။
ဒီ Tool လေးကနေပြီး G620s-Ul00 မှာ IMEI ပျောက်တာတို့ Sim invalid ဖြစ်တာတို့ကို
ပြန်လည် ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီ Tool လေးကိုအသုံးပြုဖို့အတွက်တော့
ဖုန်းမှာ Root ရှိဖို့လိုအပ်ပါမယ်။ Tool လေးကိုလိုအပ်ပါက ရယူလိုက်ပါ။






Today's Mobile Training & Service center

Smule Karaoke apk



Android ဖုန်းတွေမှာ Karaoke ဆိုတဲ့ apk လေးဖြစ်တဲ့ Smule apk
လေးကိုတောင်းဆိုထားတဲ့တစ်ယောက်အတွက် တင်ပေးလိုက်ပါတယ်။
latest apk လေးကိုတင်ပေးထားပါတယ်။ လိုအပ်သူများအားလုံး ရယူနိုင်ပါတယ်။






Today's Mobile Training & Service center

Thursday, September 29, 2016

Xiaomi မှ ထပ်မံထုတ်လုပ်လိုက်တဲ့ Mi 5s နဲ့ Mi 5s Plus



Xiaomi ကုပ္မဏီမှအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ မျူိးဆက်သစ် smart phone Mi 5s နဲ့
Mi 5s Plus တို့ကို စက်တင်ဘာလ (၂၇) ရက်နေ့က စတင်မိတ်ဆက်သွားခဲ့ပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ Qualcomm ရဲ့ နောက်ဆုံးမျိုးဆက် Snapdragon 821 ပရိုဆက်ဆာကို အသုံးပြုထားသလို၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ဆိုတော့ လူကြိုက်အများဆုံးဘတ်ဂျတ်စမတ်ဖုန်း တစ်မျိုးဖြစ်လာဦးမှာပါ။


ဒါပေမယ့် Xiaomi ပရိတ်သတ်တော်တော်များများတောင် အခုအသစ်ထွက်လာတဲ့ Mi 5s နဲ့ Mi 5s Plus တို့မှာ ဘာတွေကွာလဲ၊ အရင်ကထွက်ထားတဲ့ Mi 5 ဖုန်းနဲ့ကော ဘာတွေကွာလဲဆိုတာ သေချာမသိကြသေးတဲ့အတွက် ဖုန်းသုံးမျိုးလုံးရဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

ပရိုဆက်ဆာနဲ့ စွမ်းဆောင်ရည်

ပရိုဆက်ဆာမှာ Mi 5 တုန်းက Snapdragon 820 ပရိုဆက်ဆာဖြစ်ပြီး၊ ယခုအသစ်ထွက်ရှိလာတဲ့ Mi 5s နဲ့ Mi 5s Plus တို့မှာတော့ Snapdragon 821 ပရိုဆက်ဆာနဲ့ ဖြစ်သွားပါတယ်။ Mi 5s မှာ clock speed 2.15GHz ရှိပြီး၊ Mi 5s Plus မှာတော့ clock speed က 2.35GHz အထိရှိပါတယ်။ Mi 5 တုန်းက 1.8GHz Snpadragon 820 ပရိုဆက်ဆာပါ။
မမ်မိုရီပိုင်းမှာ Mi 5s ကော Mi 5s Plus မှာ RAM မော်ဒယ်ကွဲနှစ်မျိုးနဲ့လာမှာဖြစ်ပါတယ်။ Mi 5s မှာ RAM 3GB နဲ့ ဖုန်းတွင်း storage 64GB မော်ဒယ်၊ RAM 4GB နဲ့ 128 GB မော်ဒယ်ထွက်ရှိမှာဖြစ်ပါတယ်။ Mi 5s Plus မှာတော့ အနိမ့်ဆုံး RAM 4GB/64GB မော်ဒယ်နဲ့ RAM 6GB/128GB မော်ဒယ်နှစ်မျိုးပါ။ ထူးခြားချက်တစ်ခုက Mi 5s 4GB/128 GB မော်ဒယ်မှာ iPhone က ‘Force Touch’ လိုမျိုး ဖိအားသိမျက်နှာပြင် (pressure sensitive display) ပါဝင်လာပါတယ်။

မျက်နှာပြင်

မျက်နှာပြင်မှာတော့ Mi 5s က မျက်နှာပြင်ပိုသေးပြီး၊ 5s Plus က မျက်နှာပြင်ပိုကြီးပါတယ်။
Mi 5s မှာ မျက်နှာပြင်အကျယ်က ၅.၁၅ အကျယ် full-HD display ဖြစ်ကာ၊ NTSC ကာလာအရောင်စုံဖော်ပြနိုင်မှု ၉၅ ရာခိုင်နှုန်းအထိရှိတာကြောင့်၊ အရောင်အသွေးစုံပုံရိပ်တွေကို အပြည့်အဝခံစားနိုင်မှာပါ။ အလင်းတောက်ပမှု 600-nit အထိရှိပြီး၊ pixel အရည်အသွေးကလည်း 428ppi အထိရှိပါတယ်။ Mi 5s Plus ကတော့ မျက်နှာပြင်ပိုကြီးသွားပြီး၊ ၅.၇ လက်မအကျယ် full-HD display ဖြစ်သွားပါတယ်။ အလင်းတောက်ပမှု 550-nit ရှိပြီး၊ NTSC color gamut ကတော့ ၉၄ ရာခိုင်နှုန်းပါ။ PPI တန်ဖိုးမှာတော့ Mi 5s ထက်နည်းသွားပြီး၊ 386ppi ရှိပါတယ်။
Mi 5s RAM 4GB မော်ဒယ်မှာ ဖိအားသိမျက်နှာပြင်ပါဝင်လာမှာဖြစ်ပြီး၊ ဘယ်လိုအလုပ်မလဲဆိုတာကိုတော့ ကုမ္ပဏီဘက်က အတိအကျမရှင်းပြရသေးပါဘူး။

ဒီဇိုင်း

ဒီဇိုင်းပိုင်းမှာ Mi 5s နဲ့ Mi 5s Plus က တူမယောင်နဲ့ တော်တော်ကွာခြားသွားပါတယ်။ Mi 5s မှာ လက်ဗွေရာဆန်ဆာက ဖန်သားမျက်နှာပြင်အောက်၊ ဟုမ်းခလုတ်နေရာမှာရှိမှာဖြစ်ပြီး၊ ဟုမ်းခလုတ်က တကယ်နှိပ်စရာမလိုတဲ့ virtual home button ဖြစ်သွားပါတယ်။
Mi 5s Plus မှာတော့ ဟုမ်းခလုတ်လုံးဝမပါဘဲ၊ လက်ဗွေရာဆန်ဆာကို ကျောဘက်မှာ ထည့်ထားပါတယ်။ မူလ Mi 5 ဖုန်းမှာတုန်းကတော့ ဟုမ်းခလုတ်က တကယ်နှိပ်ရတဲ့ physical home button ဖြစ်ကလည်း လက်ဗွေရာဆန်ဆာကလည်း ဟုမ်းခလုတ်ထဲမှာ တပါတည်းထည့်သွင်းထားတာပါ။

လက်ဗွေရာဆန်ဆာ

အထက်မှာပြောထားတဲ့အတိုင်းပဲ Xiaomi ဟာ Mi 5s မှာ Qualcomm ရဲ့ Sense ID အာရုံခံနည်းပညာသုံး နှုန်းလွန်အသံလိုင်းဆန်ဆာ (Ultrasonic sensor) ကို အသုံးပြုထားပြီး၊ လက်ဗွေရာဖတ်တာ အရမ်းမြန်လာပါတယ်။ ဒီနည်းပညာရဲ့ အလုပ်လုပ်ပုံက နှုန်းလွန်အသံလှိုင်း (ultrasonic waves) တွေကို အသုံးပြုကာ လက်ချောင်းရဲ့ အရစ်အကြောင်းတွေ၊ ချွေးထွက်ပေါက်တွေကအစ 3D fingerpint ပုံစံဖော်ပေးနိုင်ပါတယ်။ ပိုင်ရှင်အနေနဲ့ လက်ဗွေရာဖတ်ဖို့အတွက် ဟုမ်းမ်ခလုတ်ကို နှိပ်ပေးစရာမလိုဘဲ၊ လက်တင်လိုက်ရုံနဲ့ အောက်ကဆန်ဆာက အလိုအလျောက်လက်ဗွေရာဖတ်သွားမှာပါ။

ကင်မရာ

ကင်မရာမှာလည်း ယခု Mi 5s နဲ့ Mi 5s Plus မှာ ကွာခြားမှုတွေ တော်တော်များပါတယ်။
Xiaomi Mi 5 မှာ ကျောကင်မရာက Sony IMX378 COMS ဆန်ဆာသုံး 12-MP ကျောကင်မရာဖြစ်ကာ၊ f/2.0 အပါချာ နဲ့ PDAF စနစ်တို့ ပါဝင်ပါတယ်။ 4K ဗီဒီယိုတွေရိုက်ကူးနိုင်ပြီး၊ ရှေ့ကင်မရာကတော့ 4-MP ဆန်ဆာဖြစ်ပါတယ်။ Mi 5s Plus မှာတော့ ကျောကင်မရာက နှစ်လုံးတွဲဖြစ်သွားပါတယ်။ iPhone 7 နဲ့ 7 Plus ပုံစံမျိုးပါပဲ။ ကင်မရာတစ်လုံးက အဖြူအမည်းသီးသန့်ရီုက်မှာဖြစ်ကာ၊ ကျန်ကင်မရာတစ်လုံးကတော့ ကာလာစုံပုံတွေရိုက်ပေးမှာဖြစ်ပါတယ်။ PDAF ၊ HDR နဲ့ RAW ပုံတွေ ရိုက်ကူးနိုင်ပြီး၊ dual-LED ဖလက်ရှ်မီးနှစ်လုံးလည်း ကျောဘက်မှာပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ Mi 5s အတိုင်း 4-MP ကင်မရာပါပဲ။
Mi 5 တုန်းကတော့ ကျောကင်မရာက တစ်လုံးတည်း 16-MP ဖြစ်ကာ၊ OIS ၊ f/2.0 အပါချာ၊ two-tone ဖလက်ရှ်တို့ ပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 4-megapixel ပဲ ဖြစ်ပါတယ်။

ဘက်ထရီ


ဘက်ထရီပိုင်းမှာ Mi 5 တုန်းကထက် ဘက်ထရီပိုများလာပြီး၊ Mi 5s မှာက 3200mAh ဘက်ထရီနဲ့ Mi 5s Plus မှာက 3800mAh ဘက်ထရီတို့ ပါဝင်ပါတယ်။ Mi 5 ဖုန်းအဟောင်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Mi 5 က ဘက်ထရီ 3000mAh ပါ။ Mi 5 ၊ ယခုမော်ဒယ်အသစ် Mi 5s နဲ့ Mi 5s Plus ဖုန်းသုံးမျိုးလုံးက USB Type-C သုံးတွေပဲဖြစ်ပြီး၊ အားအမြန်သွင်းနည်းစနစ် Quick Charge 3.0 ပါဝင်ပါတယ်။

တခြားအချက်များ

Mi 5s နဲ့ Mi 5s Plus မှာ ကိုယ်ထည်ကလည်း ပေါလစ်တိုက်ထားတဲ့သတ္တုကိုယ်ထည်အပြည့်နဲ့ ဖြစ်ပြီး၊ Mi 5 တုန်းကတော့ glass body ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ Mi 5s ဖုန်းက အလေးချိန် ၁၄၅ ဂရမ်ရှိပြီး၊ Mi 5s Plus က အလေးချိန် ၁၆၈ ဂရမ်ဖြစ်သွားပါတယ်။ အရင် Mi 5 ဖုန်းက ယခုဖုန်းအသစ်နှစ်မျိုးလုံးထက် ပိုပေါ့ပြီး၊ ၁၂၉ ဂရမ်သာလေးပါတယ်။ Mi 5s နဲ့ Mi 5s Plus က Mi 5 ထက်လည်း နည်းနည်းပိုထူပါတယ်။

ဈေးနှုန်း

ဖုန်းနှစ်မျိုးလုံးကို ငွေရောင်၊ ရွှေရောင်၊ မီးခိုးရင့်ရောင် နဲ့ Rose Gold အရောင်ဆိုပြီး ကာလာလေးမျိုး ရရှိမှာပါ။ ဈေးနှုန်းတွေကတော့ Mi 5s 3GB/64GB မော်ဒယ်က မြန်မာငွေ သုံးသိန်းခုနှစ်သောင်းခန့်၊ force touch ပါ RAM 4GB/128GB မော်ဒယ်က မြန်မာငွေ လေးသိန်းနှစ်သောင်းခန့် ရှိမှာဖြစ်ပါတယ်။
Mi 5s Plus RAM 4GB နဲ့ 64GB မော်ဒယ်က မြန်မာငွေ လေးသိန်းတစ်သောင်း၊ RAM GB/128GB storage မော်ဒယ်က မြန်မာငွေလေးသိန်းရှစ်သောင်းဝန်းကျင် ရှိမှာပါ။ ယခုစက်တင်ဘာ ၂၉ ရက်နေ့မှာ ဖုန်းနှစ်မျိုးလုံးကို စတင်ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပြီး၊ ဝယ်ဖို့ စာရင်းပေးထားသူပေါင်း ၁.၂ သန်းကျော်ရှိနေပြီလို့လည်း သိရှိထားရပါတယ်။

#refer


Today's Mobile Training & Service center

Android ဖုန်းအတွင်း သုံးနေကျဖြစ်တဲ့ apk တွေကို One Click install လုပ်ပေးမဲ့ bat ဖိုင်



Android ဖုန်းအတွင်းမှာ user တွေအသုံးပြုနေကျဖြစ်တဲ့ Android app များကို
bat ဖိုင်လေးကနေ One Click နဲ့ install ပြုလုပ်ပေးနိုင်အောင် တင်ပေးလိုက်ပါတယ်။
ဒီ bat ဖိုင်လေးကနေ -


1 Facebook
2 Facebook Video Downloader
3 Messager
4 Viber
5 Myanmar Ringtones
6 Beetallk
7 Zapya
8 Frozenkeyboard
9 Myanmarfont
10 TalkingTom
11 360camera
12 B612
13 BatteryLevel
14 Flashlight
15 Zuma
16 Skating Subway Surfers
17 MyTelenor
18 PlantsZombies
19 Popstar
20 CandyCrushSaga
21 Ooredoo
22 MPT 4 U apk တွေကိုထည့်သွင်းပေးမှာ ဖြစ်ပါတယ်။


Service ပြုလုပ်သူတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်။.
ဒီ bat ဖိုင်လေးကိုလိုအပ်မှု့ရှိမယ်ဆိုရင်တော့ ရယူနိုင်ပါတယ်။






#refer


Today's Mobile Training & Service center

Classic Bomber 2016 game



Android ဖုန်းအသုံးပြုသူတွေအတွက် ငယ်ငယ်ကဆော့ကစားဖူးခဲ့တဲ့
Bomber Man game လေးကိုတင်ပေးလိုက်ပါတယ်။ အပျင်းပြေဆော့ကစား
ရန်တော်တော်ကောင်းတဲ့ game လေးဖြစ်ပါတယ်။ ဆော့ကစားလိုပါက ရယူနိုင်ပါတယ်။






Toay's Mobile Training & Service center

Wednesday, September 28, 2016

Android ဖုန်းတိုင်းမှာဆောင်ထားသင့်တဲ့ Trust Go apk



Android ဖုန်းအသုံးပြုသူတွေအနေနဲ့ ADS ကြော်ငြာတွေ , ဖုန်းနဲ့မကိုက်တဲ့
software တွေကြောင့်ဖုန်း screen ထထလင်းနေတဲ့ ပြသနာတွေအပြင်
virus ပါနိုင်သော apk တွေကြောင့်စိတ်ညစ်နေရင်တော့ Trust Go ဆိုတဲ့
apk လေးကိုအသုံးပြုပါလို့ တိုက်တွန်းပေးလိုက်ပါတယ်။ ဒီကောင်လေးက
ဘယ်လို software ပဲနေနေ ဖုန်းနဲ့မကိုက်တဲ့ apk ဆိုတာနဲ့အချက်ပေးပြီး
ဖျက်ခိုင်းပါတယ်။ ဒါ့အပြင် apk လေးထဲကိုဝင်ပြီး SCAN လုပ်ပေးခြင်းဖြင့်လည်း
ဖုန်းနဲ့မကိုက်တဲ့ software များကိတွေ့နိုင်ပါတယ်။ ဒီလိုတွေ့ပြီဆိုရင်တော့
သူပြနေတဲ့ software တွေကို uninstall ပြုလုပ်ပြီးအသုံးပြုပါက ဖုန်းကိုစိတ်ချလက်ချ
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Android ဖုန်းများအတွက်ဆောင်ထားသင့်တဲ့
Trust Go apk လေးကိုလိုအပ်မယ်ဆိုရင်တော့ download ရယူနိုင်ပါတယ်။





Today's Mobile Training & Service center

Samsung မှ Galaxy Note 7 ဖုန်းတွေရဲ့ ၆၀% ကိုသာ ပြန်လည်အစားထိုးပေးခဲ့ရကြောင်း သိရ


အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ Galaxy Note 7 ဖုန်းတွေရဲ့ ရာခိုင်နှုန်း ၆၀ကိုသာ အသစ်ထွက်တဲ့ မော်ဒယ်နဲ့ ပြန်လည်လဲလှယ်ပေးခဲ့ရသေးတယ်လို့ Samsung ကဆိုပါတယ်။ တခြားပြောကြားချက်တစ်ခုမှာဆိုရင် အန္တရာယ်ရှိတဲ့ ဖုန်းတွေရဲ့ ၄၀ရာခိုင်နှုန်းဟာ သုံးစွဲသူတွေရဲ့ လက်ထဲမှာ ရှိနေတုန်းပဲဖြစ်ကြောင်း Samsung ရဲ့ ကမ္ဘာလုံးဆိုင်ရာ Note 7 ပြဿနာဖြစ်ပြီး လေးပတ်အကြာမှာ သိရပါတယ်။
Samsung ဟာ ပြီးခဲ့တဲ့  ကြာသပတေးနေ့တုန်းကလည်း ပေါက်ကွဲနိုင်တဲ့ ဖုန်းတွေရဲ့ တစ်ဝက်လောက်ကို အမေရိကန်ပြည်ထောင်စုထဲမှာ သိမ်းယူပြီး မော်ဒယ်အသစ်တွေနဲ့ လဲလှယ်ပေးခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့် ဖုန်းမော်ဒယ်ပမာဏ ဘယ်လောက်ထိ သိမ်းယူပြီးခဲ့ပြီလဲ ဆိုတာကိုတော့ ပြောကြားနိုင်ခြင်းမရှိသေးပါဘူး။
Samsung အနေနဲ့ ဒီလိုလဲလှယ်ပေးတဲ့ အတွက်လည်း တောင်ကိုရီးယားနိုင်ငံမှာ နစ်နာကြေးအနေနဲ့ ဝမ် ၂၀,၀၀၀ (၁၈ဒေါ်လာ) ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် ထုတ်လုပ်ထားတဲ့ မော်ဒယ်အသစ် Note 7 ဖုန်းတွေကိုလည်း ပြသနာတွေ ထပ်မံကြုံတွေ့ခြင်းမရှိအောင် ဓာတ်မှန်နဲ့ စစ်ဆေးပြီးမှာ ထုတ်လုပ်ထားတယ်လို့ ပြောကြားထားခဲ့ပါသေးတယ်။

#refer


Today's Mobile Training & Service center

လယ်သမားတွေအတွက် အားထားစရာ စိုက်ပျိုးရေးနည်းပညာဆော့ဝဲ


ဟိုးအရင်က စိုက်ပျိုးရေးနည်းပညာတွေလိုအပ်လာရင် ဂူဂဲမှာ ရိုက်ရှာပြီး လေ့လာရတယ်။ ၂၀၁၁ လောက်ကတည်းက စိုက်ပျိုးရေးအတွက် ရှာဖွေလိုက်ရင် မြန်မာလိုဖော်ပြပေးတာနဲ့ ယုံကြည်စိတ်ချရတာဆိုလို အစိမ်းရောင်လမ်း အင်တာနက်စာမျက်နှာ တစ်ခုပဲ တွေ့မိတယ်။ နည်းပညာတွေတိုးတက်လာတော့ အစိမ်းရောင်လမ်းကနေ ဖုန်းဆော့ဝဲကို ပထမဦးဆုံး ထုတ်လိုက်တော့ တောင်သူတွေအတွက် တော်တော်လေး အဆင်ပြေ လွယ်ကူခဲ့ရပြန်တယ်။ အခုတော့ အစိမ်းရောင်လမ်း ဆော့ဝဲလေးအကြောင်းကို လေ့လာမိသလောက် ရေးသားဖော်ပြလိုပါတယ်။
ဒီဇိုင်းပိုင်း
ဖုန်းဆော့ဝဲတို့၊ အက်ပလီကေးရှင်းတွေရဲ့ လယ်သမားအတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ လမ်းညွှန်ချက်တွေ၊ ခလုပ်တွေက အင်္ဂလိပ်လို ဖော်ပြထားသလို ရှုပ်ထွေးလှပါတယ်။ လယ်သမားတွေနဲ့ နီးနီးစပ်စပ်ရှိနေတဲ့ အစိမ်းရောင်လမ်းကတော့ အရိုးရှင်းဆုံး ရေးသားထားပြီး မြန်မာဘာသာစကားကိုပဲ အသုံးပြုထားတော့ အလွယ်တကူအသုံးပြုနိုင်တာပေါ့။ ဆော့ဝဲရဲ့ တည်ဆောက်မှုဒီဇိုင်းကလည်း ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ အရိုးဆုံးက အကောင်းဆုံးပဲ မဟုတ်လား။
မှတ်ပုံတင်ခြင်း (Registration)
အမည်ကို မှတ်ပုံတင်ကတည်းက တောင်သူလား၊ ပညာရှင်လားဆိုပြီး ခွဲထုတ်ထားတာတွေ့ရတယ်။ တောင်သူဆိုရင်တော့ နေရာဒေသကို မေးထားပါတယ်။ ပညာရှင်တွေကိုတော့ နေရာဒေသပြင် ကျွမ်းကျင်တဲ့နယ်ပယ်တွေကို မေးထားပြီး သက်ရာဆိုင်ရာနယ်ပယ်အတွက် မေးခွန်းတွေတက်လာရင် အီးမေးနဲ့ အသိပေးချက်တွေ လှမ်းပို့ပေးတာတွေ့ရတယ်။ ပညာရှင်ဆိုရင် သူ့ရဲ့ရာထူးနဲ့ ဌာနတွေကိုပါ ထည့်လို့ရအောင် ပြုလုပ်ထားပါတယ်။ ဆိုတော့ ဒီဆော့ဝဲကို ဘယ်သူတွေ အသုံးပြုနေကြလဲဆိုတာ သိရတာပေါ့။
ပါဝင်တဲ့အကြောင်းအရာ
ဦးဆောင်နေတဲ့သူတွေက စိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ရတွေဆိုတော့ စိုက်ပျိုးရေးကဏ္ဍကို ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ပြင် လယ်သမားတွေရဲ့ လိုအပ်ချက်အမှန်တွေကို သိနေတော့ စိုက်ပျိုးရေးနည်းပညာကဏ္ဍမှာဆို မျိုးစေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာကစပြီး တန်ဖိုးမြင့်ထုတ်ကုန် အပိုင်းထိပါဝင်နေပါတယ်။ နည်းပညာတွေကို ကဏ္ဍအလိုက် ခွဲထုတ်ထားတော့ အလွယ်တကူ ရှာဖွေလို့ ရသလို ကိုယ်သဘောကျတဲ့ စာတွေကို သိမ်းဆည်းမည် ဒါမှမဟုတ် အသည်းပုံလေးကို နှိပ်လိုက်တာနဲ့ စိတ်ကြိုက်ထဲကို ရောက်သွားပြီး အချိန်မရွေး အင်တာနက်မလိုဘဲ ပြန်ဖတ်နိုင်တယ်လေ။
နေ့စဉ်သီးနှံဈေးနှုန်းမှာ ဒီနေ့ထွက်တဲ့ ဈေးနှုန်းတွေကိုသာမက အရင်နေ့က ဈေးနှုန်းတွေကိုပါ ကြည့်လို့ရတော့ ရောင်းသင့်မရောင်းသင့် ဆုံးဖြတ်လို့ရတာပေါ့။ အခြားမီဒီယာတွေလို သူတို့လွင့်တဲ့ အချိန်ကို စောင့်ပြီး ဖတ်စရာမလိုတာကလည်း အချိန်ပြည့်ကွင်းထဲမှာပဲ နေရတဲ့ လယ်သမားတွေအတွက် သဘောတွေ့စရာပါပဲ။ စာအုပ်စင်ကဏ္ဍကတော့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာစာအုပ်တွေတင်ထားတာတွေ့ရတယ်။ အခမဲ့ဒေါင်းလို့ရပါတယ်။ အရင်ဗားရှင်းတွေ တုန်းကတော့ စာအုပ်တစ်အုပ်ရဖို့ အချိန်အကြာကြီးစောင့်ရတယ်။ အခုနောက်ဆုံး ထွက်တဲ့ ဗားရှင်းမှာတော့ အဲဒီအားနည်းချက်ကို ပြင်ထားတာတွေ့ရပါတယ်။ ဒေါင်းရတာ ပိုမြန်လာပြီး ဒေါင်းနေတာကို အပေါ်ဘားမှာ ပြထားတော့ ဒေါင်းနေရင်း အခြားစာတွေ ဖတ်နေလို့ရတယ်။
သတင်းကဏ္ဍမှာတော့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့သတင်းတွေကို တင်ပေးထားတဲ့အပြင် စိုက်ပျိုးရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ အလုပ်အကိုင်ပိုင်းကိုပါ ဖော်ပြထားတော့ အလုပ်အကိုင် ရှာဖွေသူတွေ အတွက်သာမက ဝန်ထမ်းရှာနေကြတဲ့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ အတွက်ပါ အသုံးဝင်မယ့် နေရာလေးတစ်ခုပါ။
တောင်သူတွေရဲ့ စိတ်အဝင်စားဆုံးကဏ္ဍကတော့ အမေးအဖြေကဏ္ဍလို့ ပြောရင်မှားမယ် မထင်ပါဘူး။ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသမှာရှိတဲ့ လယ်သမားတွေဆီကို အရောက်သွားဖို့ဆိုတာ ကုမ္ပဏီတွေမှာတောင် အခက်ခဲတွေရှိပါတယ်။ ဒါပေမယ့် အစိမ်းရောင်လမ်းကတော့ တစ်နိုင်ငံလုံး အနှံ့ရောက်နေတယ်ဆိုတာ မေးခွန်းတွေမေးထားတဲ့ တောင်သူတွေရဲ့ နေရာဒေသကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့နယ်က အမျိုးသမိးလယ်သမားတစ်ယောက်ဆီက မေးခွန်းကို မြင်တော့ အံ့သြရပါတယ်။ ဝေးလံခေါင်ဖျားလှတဲ့ ချင်းပြည်နယ်က လယ်သမားတွေတောင် အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲကို အသုံးပြုပြီး နည်းပညာနဲ့ အချက်အလက်တွေ ရရှိနေကြပြီပဲ။ ထူးခြားချက်ကတော့ အစိမ်းရောင်လမ်းက အမေးအဖြေ ကဏ္ဍမှာ တောင်သူတွေနဲ့ ပညာရှင်တွေကို ချိတ်ဆက်ပေးထားတာပါပဲ။ တောင်သူတွေ အနေနဲ့လည်း ကိုယ်မေးတဲ့ မေးခွန်းကို ဘယ်သူက ဖြေဆိုပေးထားလဲဆိုတာ သိနိုင်ပါတယ်။ ပညာရှင်ကဏ္ဍမှာ အစိုးရစိုက်ပျိုးရေးဌာနတွေကိုပါ ထည့်သွင်းထားတော့ ဌာနဆိုင်ရာအနေနဲ့လည်း တောင်သူရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မယ့် နေရာတစ်ခု ဖြစ်လာပါတော့တယ်။ မေးခွန်းတွေကို ဖြေဆိုရာမှာလည်း ဘက်လိုက်မှုမရှိဘဲ တောင်သူ အကျိုးအတွက် ဖြေဆိုထားတာတွေ့ရတယ်။ ဒီလိုမျိုး တောင်သူတွေအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေတဲ့ စိုက်ပျိုးနည်း ပညာဆော့ဝဲကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတာသိရတော့ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။
စာရေးသူအနေနဲ့ အကြံပြုလိုတာကတော့ ဖုန်းအရောင်းဆိုင်တွေအနနဲ့လည်း တောင်သူတွေ ဖုန်းလာဝယ်ရင် ဖေ့ဘုတ်တို့လို Social app တွေသာမကပဲ အစိမ်းရောင်လမ်းလို တောင်သူတွေအတွက် များစွာ အကျိုးပြုမယ့် ဖုန်းဆော့ဝဲတွေ ထည့်သွင်းပေးလိုက်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါ့ရစေ။
အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲရယူရန်
Google Play – bit.ly/greenwaymyanmar
Direct Download – bit.ly/greenwayapkv173
refer - mmas


Today's Mobile Training & Service center

Huawei Y511-T00 Flashtool Firmware



Huawei Y511-T00 အတွက် firmware တောင်းဆိုထားလို့
flashtool firmware လေးကိုတင်ပေးလိုက်ပါတယ်။ error ကင်းတဲ့
firmware လေးဖြစ်တာကြောင့် စိတ်ချရပါတယ်။






Today's Mobile Training & Service center

Tuesday, September 27, 2016

ပုံရိပ်များပေါက်ကြားလာတဲ့ HTC ရဲ့ Bolt



HTC မှထုတ်လုပ်ပြီးဖြစ်တဲ့ HTC 10 ရဲ့အမွေကိုဆက်ခံမဲ့ စမက်ဖုန်းအသစ် HTC Bolt ရဲ့
ပုံရိပ်များ ပေါက်ကြားလာတာကိုတွေ့ရပါတယ်။ ဒီဖုန်းမှာ ဒီဇိုင်းပိုင်းကိုပြောင်းလဲမှု့များပြုလုပ်
ထားပြီး ထင်ထင်ရှားရှားပြောရမယ်ဆိုရင်တော့ နားကြပ်ပေါက်ကိုထည့်သွင်းခြင်းမရှိတော့
ဘူးလို့ သိရပါတယ်။ ဖုန်းနာမည်ကတော့ HTC 10 ဖြစ်ပြီး ပုံရိပ်တွေကို Twitter ကနေတစ်ဆင့် ထုတ်ဖော်ခဲ့တာဖြစ်ပြီး ယခင်ထုတ်လုပ်ခဲ့တဲ့ အဓိက စမတ်ဖုန်း HTC 10 ကိုဆက်ခံတဲ့ ဖုန်းအနေနဲ့ ဒီဇိုင်းပိုင်း အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ကျောဘက်ဖလက်ရှ်မီးအနေနဲ့ အပေါ်ပိုင်းအနည်းငယ်ရောက်သွားခဲ့ပါတယ်။ microSD ကတ်နဲ့ SIM ကတ်ပေါက်တွေကို ဖုန်းရဲ့ ဘယ်ဘက်အခြမန်းကို ရွှေ့လိုက်တာလည်း ဖြစ်ပါတယ်။
အကြီးမားဆုံး ပြောင်းလဲမှုကတော့ Headphone Jack ပေါက်ကို ရွှေ့လိုက်တာပဲ ဖြစ်ပါတယ်။ ၃.၅မီလီမီတာ ပေါက်အနေနဲ့ HTC 10 စမတ်ဖုန်းမှာတုန်းက အပေါ်ပိုင်းမှာ တည်ရှိတာ ဖြစ်ပေမယ့် HTC Bolt မှာတော့ မပါဝင်ဘူးလို့သိရပါတယ်။ အောက်ခြေပိုင်းမှာလည်း ပါဝင်မလာပဲ လုံးဝ ဖျောက်ပစ်လိုက်တာမျိုး လည်းဖြစ်နိုင်ခြေရှိနေပါတယ်။
တကယ်လို့ HTC ရဲ့အဓိက ဖုန်းမှာ ဒီလိုမပါဝင်ဘူးဆိုရင်လည်း အံ့အားသင့်စရာမရှိပါဘူး။ Apple အနေနဲ့လည်း iPhone 7 နဲ့ iPhone 7 Plus ဖုန်းတွေမှာ နားကြပ်ပေါက်ကို ထည့်သွင်းပေးမထားခဲ့တာကြောင့် Headphone Jack ပေါက်တွေကို လုံးဝဖြုတ်ပစ်တော့မယ့် ခေတ်ကိုရောက်လာနိုင်တဲ့ အနေအထားတွေကို တွေ့နေရတာဖြစ်ပါတယ်။ HTC အနေနဲ့ ဖုန်းကို USB-C ပေါက်ကနေ နားထောင်လို့ရအောင်လည်း လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ HTC အနေနဲ့ HTC 10 ကို ဆက်ခံမယ့် ဖုန်းသစ်ကို နောက်နှစ်မတိုင်ခင်အထိတော့ ထုတ်လုပ်မယ့်အခြေအနေ မရှိသေးပါဘူး။

#refer


Today's Mobile Training & Service center

iOS 10.0.2 Firmware Download Links



Apple မှထပ်မံထုတ်ပေးလိုက်တဲ့ Latest version ဖြစ်တဲ့ iOS 10.0.2 ကိုလိုအပ်ရင်
ရယူနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ အရင် iOS 10.0.1 မှာဖြစ်တဲ့ error အနည်းငယ်ကိုလည်း
ဒီ version မှာဖြေရှင်းပေးထားတယ်လို့သိရပါတယ်။ လိုအပ်မှု့ရှိခဲ့မယ်ဆိုရင်တော့
လိုအပ်ရာ model ကိုရွေးချယ်ရယူလိုက်ပါ။


iOS 10.0.2 Download links for iPhone

iOS 10.0.2 (iPhone 5 GSM): iPhone_4.0_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 5 GSM+CDMA):iPhone_4.0_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 5s GSM): iPhone_4.0_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 5s GSM+CDMA):iPhone_4.0_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 5c GSM): iPhone_4.0_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 5c GSM+CDMA):iPhone_4.0_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 6 Plus): iPhone_5.5_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 6): iPhone_4.7_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 6s): iPhone_4.7_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 6s Plus): iPhone_5.5_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone SE): iPhoneSE_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 7): iPhone9,3_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPhone 7+): iPhone9,4_10.0.2_14A456_Restore.ipsw

iOS 10 Download links for iPad

iOS 10.0.2 (iPad 4 Wi-Fi): iPad_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad 4 GSM): iPad_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad 4 GSM_CDMA): iPad_32bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Air Wi-Fi): iPad_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Air Cellular): iPad_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 2 Wi-Fi): iPad_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 2 Cellular): iPad_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Air China): iPad_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 2 China): iPad_64bit_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 3 Wi-Fi): iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 3 Cellular):iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 3 China): iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Air 2 Wi-Fi): iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Air 2 Cellular): iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 4 Wi-Fi): iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Mini 4 Cellular):iPad_64bit_TouchID_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Pro Wi-Fi): iPadPro_12.9_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Pro Cellular): iPadPro_12.9_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Pro 9.7 Wi-Fi): iPadPro_9.7_10.0.2_14A456_Restore.ipsw
iOS 10.0.2 (iPad Pro 9.7 Cellular): iPadPro_9.7_10.0.2_14A456_Restore.ipsw

iOS 10 Download Links for iPod touch

iOS 10.0.2 (iPod Touch 6G): iPodtouch_10.0.2_14A456_Restore.ipsw


Today's Mobile Training & Service center

LG ဖုန်းများအား Firmware တင်နည်း



LG ဖုန်းများအား Firmware တင်နည်းလေးကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်တွေက .kdz ဖိုင်များနဲ့လာတာဖြစ်တာကြောင့် အချို့လူတွေအဖို့
အခက်တွေ့စေပါတယ်။ ဒါကြောင့် လေ့လာနိုင်ရန်ဝေမျှပေးလိုက်ပါတယ်။
လေ့လာကြည့်လိုက်ရအောင်


အရင်ဆုံးလိုအပ်တာကတော့ Firmware နဲ့ LG Flashtool
လေးပါ။

Firmware ကတော့ ကိုတင်မဲ့ model ကိုရှာဖွေ Download ရယူပါ။

လိုအပ်တာလေးတွေ ရပြီဆိုရင် Firmware တင်ခြင်းစလိုက်ကြရအောင် 
🙂
အရင်ဆုံး LG Flashtool ကိုဖွင့်လိုက်ပါ။

ပုံမှာပြထားတဲ့ နေရာလေးကနေ Download ရယူထားတဲ့ .KDZ firmware ဖိုင်အားရွေးထည့်လိုက်ပါ။

ဖုန်းကို Volume up key ဖိထားပြီး USB ကြိုးထိုးပေးလိုက်ပါ။

ဒီနေရာမှာ Normal Flash နဲ့ SCE Flash ဆိုပြီးရှိပါမယ်။ ကျတော်ကတော့ Normal Flash နဲ့သွားပါတယ်။
ကွာခြားမှု့က Normal Flash ဆိုရင် Firmware တင်ပြီးတဲ့အခါ ဘာမှမပျက်သွားတာကိုတွေ့ရပါမယ်။
CSE Flash ကတော့ data တွေအကုန်လုံးပျက်ပါတယ်။

ပုံမှာပြထားတဲ့နေရာလေးကို ရောက်လာပါမယ်။ Start Button လေးကိုနှိပ်ပြီး ဆက်သွားပါမယ်။

ဒီနေရာကတော့ Country နဲ့ Language နဲ့ရွေးပေးရမဲ့နေရာပါ။ ကျတော်ကတော့ Firmware က Korea အလုံး
လေးမို့လို့ ရွေးစရာမလိုတော့ပါဘူး။ OK နဲ့ဆက်သွားပါမယ်။

ဒီအဆင့်မှာဆိုရင်တော့ Flashtool ကနေ Firmware တင်ခြင်းစနေပါပြီ။ အရင်ဆုံး အဆင့် 1 ကတော့ Driver
သိမသိစစ်နေတာပါ။ 100% ရောက်ရင် 2 ကိုရောက်ပါမယ်။ ဒါကတော့ ကျတော့်အထင်တော့ Firmware ကို
Tool က ဖြည်ချနေတာဖြစ်ပါမယ်။ 100% ရောက်ရင် 3 ကိုကူးသွားပါမယ်။

3 ကတော့ Firmware တင်နေတာပါ။
96% လောက်ရောက်ရင်တော့ ဖုန်းမှာ Reboot ကျပြီး LG Logo တက်လာပါမယ်။ 100% ထိပြီးအောင်အလုပ်လုပ်
ပါစေ။ ကြိုးမဖြုတ်လိုက်ပါနဲ့။ ဖုန်းမှာ Lock Screen ကိုတက်လာပြီဆိုရင်တော့ Firmware တင်ခြင်း ပြီးစီးပါပြီ။


Today's Mobile Training & Service center

Monday, September 26, 2016

CM Security latest apk



Android ဖုန်းများအတွင်း များပြားလှတဲ့ Security apk တွေရှိတဲ့အထဲက
CM Security ဆိုတဲ့ apk လေးကိုတင်ပေးလိုက်ပါတယ်။ ဒီ apk လေးကအခြား
Security apk တွေနဲ့စာရင်အသုံးပြုရတာ ပိုမိုကောင်းမွန်ပါတယ်။ ကိုယ်အသုံးပြုနေတုန်း
ဘယ် apk မှာမဆို virus ဝင်နိုင်တဲ့လက္ခဏာတွေ့ရင် Clean လုပ်ရန်အချက်ပေးပါတယ်။
နောက်ပြီး Broswer apk များအသုံးပြုတဲ့အခါမှာလည်း ဘယ်လင့်ကနေ virus ဝင်နိုင်တယ်ဆိုတာကို
သတိပေးပါတယ်။ ဒီလိုကောင်းမွန်တဲ့အချက်များအပြင် အခြားအချက်များစွာလည်းပါဝင်ပါသေးတယ်။
apk လေးကိုအသုံးပြုလိုရင်တော့ ရယူနိုင်ပါတယ်ခင်ဗျာ။






Today's Mobile Training & Service center

MTK Device တွေကို Box မသုံးပဲ Deadboot ပြန်နိုးမယ်



MTK Device တွေကို Box သုံးစရာမလိုပဲ Deadboot ပြန်လည်နှိုးနိုင်မဲ့
နည်းလမ်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို software service လုပ်နေသူများ
သိထားသင့်တယ်လို့ ထင်ပါတယ်။ သိရှိလိုရင်တော့ ဆက်လက်လေ့လာရအောင်

MTK Device တော်တော်များများမှာ အဖြစ်များလေ့ရှိတဲ့
Display Error/ Deadboot Error/ Vibrate Error
များကို Box မသုံးပဲ ပြန်နိုးနည်း
Deadboot ပြန်နိုးနိုင်ဖို့အတွက် အရင်ဆုံး သိထားရမှာက CPU id ကြည့်တက်ရမယ်
CPU id ကြည့်တက်ရင် ဘာတွေလုပ်တက်မှာလဲ
=================================
CPU id ကြည့်တက်သွားရင် MTK ဖုန်းတွေ Deadboot Error/ Display Error/ Vibrate ဖြစ်မှာ မပူရတော့ဘူး ဒီနည်းမသိသေးရင်တော့ ငါဒီFirmware နဲ့အဆင်ပြေပါ့မလား Deadboot သွားရင် Display Error ဖြစ်ရင် ဒုက္ခပဲ ဆိုပြီး တွေးပူနေစရာမလိုတော့ဘူး အရမ်းကိုအဆင်ပြေမှာပါ တစ်ခါတစ်လေကြရင် ကျွန်တော် တင်ပေးလိုက်တာကတော့ 100% Test ဆိုပြီး သူများစမ်းတော့အဆင်မပြေဘူး ဆိုပြီး ကျွန်တော်ကို ပြောတဲ့အခါတွေ ကြုံရတယ် အဲဒါ Cpu id မကိုက်လို့ပါ Software Service သမားတိုင်းဒီနည်းလမ်းလေးတော့ အနည်းဆုံးသိထားရင်ပိုအဆင်ပြေပါတယ်ဗျ
Cpu id ကြည့်နည်း
=============
Cpu id ကြည့်ဖို့အတွက် Miracle Box ဒါမှမဟုတ် Box Crack တစ်ခုခုနဲ့ကြည့်နိုင်ပါတယ်
Miracle Eagle Eye V2.27A ဆိုရင်ပိုကောင်းပါတယ် Mobile Service သမားတော်တော်များများဒီSoftware ရှိလောက်ပါတယ် လင့်ချမပေးတော့ဘူး ကိုယ့်ဘာသာကိုရှာပါ
- Firmware မတင်ခင်မှာ id အရင်စစ်ကြည့်ပါ
- Miracle Eagle Eye မှာ MTK Menu ထဲဝင်ပါ Readinfo ထဲဝင်ပါ
- မိမိ Firmware တင်မည့် ဖုန်းကို power ပိတ်ကြိုးထိုးပါ
- CPU id ပေါ်လာပါလိမ့်မည်
- CPU id ကို notepad ဖြင့်သိမ်းထားပါ
- MTK Menu မှာ Write ကိုရွေးပါ မိမိတင်မည့် Firmware File ကိုခေါ်ပါ Cpu id ပေါ်လာပါလိမ့်မည်
- စောစောကသိပ်ထားတဲ့ notepad ထဲမှာသိမ်းထားတဲ့ Cpu id နဲ့ name တူရင် မည်သည့် Error မှာ မရှိနိုင်ပါဘူး စိတ်ချလက်ချတင်နိုင်ပါတယ်ဗျ
- Cpu id name မတူခဲ့လျင်တော့မတင်ပါနှင့် Deadboot error/ display error/ vibrate error/ နှင့် တစ်ခြား Error တွေဖြစ်နိုင်ပါတယ်ဗျ
Deadboot ဖြစ်ပြီး id name စစ်မရပဲ Error တွေတက်နေတယ် ဆိုရင်တော့ id name မတူတာရှာတင်ကြည့်ပါ id name ကွဲတာ သိပ်များများမရှိပါဘူး နှစ်ခု သုံးခုလောက်ပါပဲ။

refer - sithumobile



Today's Mobile Training & Service center

Huawei G730-U00 အတွက် CWM+MIUI ROM



Huawei G730-U00 လေးကို MIUI ROM တင်ပြီးအသုံးပြုချင်သူတွေအတွက်
တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကိုတင်ဖို့အတွက် လိုအပ်တဲ့ CWM ပါ ပါပါတယ်။
ဒီ ROM လေးကို Emergency data error ဖြစ်နေတဲ့အလုံးတွေမှာပါ စမ်းသပ်နိုင်ပါတယ်။
ROM လေးကိုလိုအပ်ရင်တော့ ယူထားလိုက်ကြပါ။





refer - phyo chan



Today's Mobile Training & Service center

Sunday, September 25, 2016

Samsung Grand 2 ( SM-G7102 ) Deadboot Repair Tutorial



Samsung Grand 2 ကို Deadboot ဖြစ်သွားတဲ့အချိန်မှာ ပြန်လည် Repair ပြုလုပ်နိုင်ရန်
လိုအပ်သောဖိုင်များနဲ့ ပြုလုပ်ပုံပြုလုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်။
လိုအပ်သောဖိုင်ကို ရယူပြီး ဆက်လက်လေ့လာကြည့်ပါ။



Deadboot Repair Tutorial
……………………………………….
SD Card 8GB တစ်ဒ်လိုအပ်ပါမယ်။ SD Card ကို PC မှာထိုးပေးထားပါ။
Tool ကိုဖွင့်ပါ။ img နေရာမှာ download ရယူထားတဲ့ကောင်ကေိုရွေးပေးပါ။
SD Card location ရွေးပေးပါ။ Write ကိုနှိပ်ပြီး ခဏစောင့်လိုက်ပါ။
ပြီးသွားရင်တော့ SD Card ကိုဖုန်းထဲထည့်လိုက်ပါ။
Volume Down + Home + Power ကိုတွဲနှိပ်ပြီး Download mode ခေါ်လိုက်ပါ။
Download mode ရောက်ပြီဆိုရင်တော့ ODIN နဲ့ချိတ်ဆက်ကာ Full ဖိုင်ပါတဲ့ Firmware နဲ့
Firmware တင်ပေးလိုက်ပါ။

Download mode ရောက်ပြီဆိုရင် SD Card ကိုထုတ်ထားလိုက်ပါ။
firmware flash တဲ့အချိန် SD Card ထုတ်ထားသင့်လို့ပါ။


credit – Kyaw Htet Aung


Today's Mobile Training & Service center

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes