Baidu Account ကို အလွယ်ကူဆုံးဖွင့်နည်းနှင့် 1TB ရအောင်ပြုလုပ်နည်း
ဖြစ်ပါတယ်။ အချို့ရှားပါး Firmware တွေကိုရယူရန် ဒီအကောင့်ရှိဖို့လိုအပ်ပါတယ်။
Account ပြု လုပ်လိုရင်တော့ လေ့လာကြည့်လိုက်ပါ။
1> မိမိဖုန်း Browser App ကနေ http://pan.baidu.com/ လိပ်စာကို ရိုက်ပြီးဝင်ပါ။
2> အောက်ခြေ ညာဘက် အပြာရောင်တရုတ်စာတန်း ပေါ် နှိပ်ပါ။
3> login page ရောက်လာပါမယ်။ အပြာရောင်တရုတ်စာတန်းအောက် ညာဘက်ထောင့်က တရုတ်စာတန်းပေါ် နှိပ်ပါ။
4> ရွေးချယ်စရာ တရုတ်စာတန်း သုံးခု တက်လာပါမယ်။ အပေါ်ဆုံးက တရုတ်စာကို ရွေးပါ။
5> ဖုန်းနံပါတ်ထည့်ပေးရပါမယ်။ +95 ကိုရွေးပါ။ ပြီးရင် MPT ဖုန်းနံပါတ်ဆိုရင် ရှေ့ က 9 ခံပြီး မိမိဖုန်းနံပါတ်ထည့်ပါ။ Ooredoo ဖုန်းနံပါတ်ဆိုရင် ရှေ့ က 9 မခံပဲ ရိုက်ပါ။ ပြီးရင်အပြာရောင် တရုတ်စာတန်းကိုရွေးပါ။
6> မိမိဖုန်းထဲသို့ verification code ၆လုံး SMS ပို့ ပေးပါမယ်။
7> အဲဒါကိုဖြည့်ပေးပြီး နောက်တစ်ဆင့်ရောက်ရင် မိမိ ကြိုက်နှစ်သက်ရာပေးလိုသည့် Account နာမည်နဲ့ Password ကို ရိုက်ထည့်ပါ။ ပြီးရင် အပြာရောင်စာတန်းကိုနှိပ်ပါ။
8> ခဏစောင့်ပြီးရင် မိမိ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Baidu Account 5GB ကို ရရှိပါမယ်။
9> 1TB Storage ရဖို့ အတွက် အောက်မှာပေးထားတဲ့ APK ဖိုင်ကို Download ဆွဲပြီး ဖုန်းထဲသို့ Install လုပ်ပါ။ ပြီးရင် APK ကိုဖွင့်ပြီး မိမိဖုန်းနံပါတ်နဲ့ Password ကိုအသုံးပြုပြီး login ၀င်လိုက်တာနဲ့ 1TB Storage ရရှိပါမယ်။
•°•°•°• 1TB Storage Application Download Link •°•°•°•
refer - Soe Win
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment