Friday, March 3, 2017

Oppo R831K အတွက် Backlight ပျောက်ခဲ့ရင် ဖြေရှင်းနည်း



Oppo R831K ကိုရေဝင်ပြီး Backlight ပျောက်သွားခဲ့ရင်
ပြန်လည်ဖြေရှင်းရန် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။
သင်္ကြန်နားနီးပြီဆိုတော့ ဒါလေးတွေက Service သမားတွေအတွက်
အရမ်းလိုအပ်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်ဗျာ။

Oppo R831k ရေဝင်ပြီး blacklight ပျောက်နေတဲ့ဟာလေးပါ....
   ဖုန်းက power နိုးနေပါတယ်...lcd socket မှာ ထူးထူးခြားခြား ဖြစ်မနေပါဘူး
Blacklight အပိုင်းကအုပ်စုကတော့ မဲနေတဲ့ (c)လေးတွေရယ်(r)လေးတွေရယ် တွေ့ပါတယ်
အဲ့မှာ ခဲအရာ လေးဘဲပါတော့တဲ့ နေရာလေးလဲတွေ့ပါတယ် ဘာပြုတ်နေမှန်းမသိပါဘူး တစ်ခုရှိတာက vol များတဲ့ လမ်းကြောင်းပေါ်မှာဆိုရင် (c)လေးတွေရယ် (L)လေးတွေနဲ့ ground ချတာပါတယ် vol ကိုလျှောချရမယ့်နေရာတွေမှာဆို (r)တွေရှိပါတယ်။

 လမ်းကြောင်းပေါ်ကို အခြားဟာတွေ မနှောက်ယှက်ချင်ရင်တော့ (d)လေးတွေနဲ့ground ခံထားတတ်ပါတယ်...  mtk &spd cpu သုံးထားတဲ့ဖုန်းအများစုကတော့ battery အပေါင်းကနေ backlight အုပ်စုကို vol ပေးတာများတယ်ထင်ပါတယ် qualcomm cpu ဖုန်းအများစုက fet (s)ငုတ်ကနေ vol ပေးတယ်လို့ မှတ်ဘူးပါတယ် backlight ic ကို vol ရ  မရ ကို အရင်သိအောင်လုပ်ရမှာပါ backlight အုပ်စုကို vol ရောက်တော့မှ bl အုပ်စုက (c.r.l.d.u)ဆိုတဲ့ componnet လေးတွေ ကိုကောင်းမကောင်း ဆက်ပြီးစစ်ရမှာပါ အခု ဖုန်းမှာတော့ backlight ကို pmu လို diagram ထဲမှာပြောနေပါတယ် bl အုပ်စုကို vol အနေနဲ့ bl ic ရဲ vin ဆိုတဲ့ငုတ်ရယ် sw ဆိုတဲ့ငုတ်ရယ် diode မှယ် battery vol လောက်တွေ့ရပါတယ် အဲ့တော့ bl အုပ်စုကို vol တော့ရောက်နေတာသေချာပြီးမို့ bl အုပ်စုကိုဘဲ အပြစ်ရှာကြည့်ပါမယ် bl ic ရဲ pin ခြောက်ပင် အလုပ်လုပ်ပုံ လေးကို နည်းနည်းသိထားမှာ ဘယ်နဲ့မချိတ်တာလည်း ဘာကမလုပ်တာလည်းဆိုတာ သိမှာပါ (1)vin ဆိုတာ vol ဝင်ရမဲငုတ်ပါ အဲ့ကို vol မရောက်ရင်လည်း bl အုပ်စုတစ်ခုလုံးအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး(2)sw ငုတ်ကvol တွေချိန်းပေးရမဲ့ငုတ်ပါ vol ကို အနုတ် vol လုပ်ပြီးအပိတ်အဖွင့်လုပ်ပေးရပါတယ်လိုမှတ်ဘူးပါတယ် ဘာဘဲဖြစ်ဖြစ်သူနဲ့ လည်းအဆက်အသွယ်ရှိရပါမယ်(3)en&ctrl ငုတ်ပါ သူက cpu ထိမ်းချုပ်ပါတယ် lcd မှာလင်းနေတဲ့ အလင်းပိုင်းကို နည်းအောင်း  များအောင်း လုပ်ပေးတဲ့အပိုင်ပါ (4)fb ငုတ်ကတော့ lcd ထဲက မီးသီးလေးတွေ စီကို vol ရောက်မရောက် စုံးစမ်းတဲ့ငုတ်ပါ တစ်ကယ်လို့ နောက်ပြန်မလားဘူးဆိုရင် အမေးက သားကို မျှောနေသလိုဘဲမို့ အဲအမေးလည်း အလုပ်ဆက်လုပ်နိုင်မှာမဟုတ်ပါဘူး (5)graund ပါ(6)comp ကတော့အင်းအားတောင်တင်းအောင် အားပေးတယ်လိုထင်ပါတယ် ဘာဘဲဖြစ်ဖြစ် အဲ့ခြောက်ငုတ်ရဲ့ သက်ဆိုင်ရာငုတ်တစ်ခုခြင်းစီးမှာ (c)(r)လေးတွေနဲ့အမြဲတွဲထားပါတယ် ဘယ်ငုတ်မှာဖြစ်ဖြစ် (c) တစ်လုံး(r)တစ်လုံးပါတယ် အဲလို သက်ဆိုင်ရာငုတ်တွေနဲ့ခွဲထုတ်ပြီး တွဲပြစ်လိုက်မယ်ဆိုရင်တော့ bl အုပ်စုကြီးက သူနေရာနဲ့သူ ရှင်းသွားပါလိမ့်မယ် ရှင်သွားပြီးဆိုရင်တော့ သူအတွဲလေးတွေနဲ့သူတွဲနေတာဆိုတော့ မရှပ်တော့ပါဘူး မဆိုင်တဲ့ ဟာတွေကိုလည်းသွားပြီးမလုပ်မိတော့ပါဘူး။
ကိုစစ်ရမှာက vol မရောက်တာလား fb လမ်းကမပြန်လာတာလား en လမ်းက မခိုင်းလို့လား စစ်ကြည့်ရင် error လည်းသိပါပြီ။

Vol ရောက်မရောက်ထောက်ကြည့်ချင်ရင် vin ငုတ်ထောက်ကြည့်  fb ပြန်မပြန်စစ်ကြည့် 0.2 vol fb ငုတ်ရှိမရှိစစ်ကြည့် en ခိုင်းမခိုင်းသိချင်ရင် en မှာ 1.8 vol ရောက်မရောက်စစ်ကြည့် တစ်ခုခု error တက်ရင် မလင်းပါဘူး
   အခု ကျွန်တော် oppo မလင်းတာက r1709 ဆိုတဲ့..r..လေးကပွင့်နေလို့မလင်းတာ အဲ့ဟာလေးခဲနဲ့ဆက်လိုက်တော့ အလုပ်တွေအကုန်းလုပ်သွားပါတယ် အဲ့ R လေးအဆက်အသွယ်မရှိခြင်းကြောင့် fb ငုတ်မှာလည်း vol မပြန်လာနိုင်ပါဘူး။





credit - Zaw Win Tun

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes