ဒီ Firmware ကို Samung B309, Skhynix နဲ့ Hol-U10 မှာ သုံးထားတဲ့ Original EMMC တွေပေါ်မှာပါရေးလို့ရတဲ့အတွက်
EMMC လဲပြီးရေးချင်လည်းရတယ် ၊ EMMC မလဲရသေးတဲ့ Hol-U10 deadboot , Virus ကိုက်နေတာ ၊ LCD Error တက်နေတာ ၊ Imei null တာ ၊ Encryption Unsuccessul ဖြစ်တာတွေကို (EMMC Readonlyမဖြစ်သေးရင်) ဖြေရှင်းနိုင်ပါတယ်
ဗဟုသုတ အနေနဲ့ MTK ဖုန်းနဲ့ SP Flashtool အကြောင်းထည့်ရေးပေးပါမယ်
MTK ဖုန်းတွေရဲ့ Firmware Preloader အတွင်းမှာ Preloader က ခွင့်ပြုပေးမယ့် EMMC CID နံပါတ်တွေပါဝင်ပါတယ်။
ကွန်ပျူတာပေါ်ကနေ SP Flashtool နဲ့ရေးတဲ့ အခါ SP Flashtool 4032 error တက်တာဟာ EMMC ပျက်နေရင် ပြတယ် ၊ Firmware က လက်ခံတဲ့ EMMC CID မကိုက်ရင် ပြမယ်။
ဥပမာ Firmware က SKHynix နဲ့ Sandisk ကိုပဲ Support ပေးတဲ့ဖုန်းမှာ ကျနော်တို့က Samsung B309 EMMC ကိုကပ်ရေးရင် SP Flastool မှာ 4032 error ပြပါလိမ့်မယ် ၊ ဒါက EMCC ပျက်တာမဟုတ်ပါဘူး ၊ CID Support မလုပ်တဲ့အတွက် တက်တဲ့ Error ပါ။
ဒီနေရာမှာ Emmc ပျက်နေရင်သော်လည်းကောင်း ၊ EMMC ပြန်ကပ်ထားတာ ငုတ်လေးတွေမမိရင်သော်လည်းကောင်း 4032 error တက်တတ်ပါသေးတယ်
SP Flashtool မှာ Firmware စရေးပြီး အနီတန်းပြေးသွားမယ် ချက်ချင်း 4032 error တက်ရင် CID မကိုက်တာပါ ။ အနီတန်းပြေးပြီး ချက်ချင်း Error မပြပဲ အချိန်အနည်းငယ်ကြာမှ 4032 error ပြတာဟာ EMMC ပျက်နေလျင်သော်လည်းကောင်း ၊ EMMC အခြေငုတ်တွေ မမိရင်သော်လည်းကောင်း ၊ CPU နှင့် EMMC ကြားထဲရှိလမ်းကြောင်းများ ပြတ်တောက်နေလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။
•°•°•°• Firmware Download Link •°•°•°•
zip password- kaungmyat
refer - Kaung Myat Lin
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment