Thursday, March 16, 2017

Android စမတ်ဖုန်းများရဲ့ Recovery mode အကြောင်း သိမှတ်ဖွယ်ရာများ



Android စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Recovery mode အကြောင်းကို
User များနဲ့အတူ Software ကိုစတင်လေ့လာမဲ့ Beginner တွေအတွက်
မျှဝေပေးလိုက်ပါတယ်။ Recovery အကြောင်းကလည်း လေ့လာထားသင့်တဲ့
အပိုင်းတစ်ခုဖြစ်ပါတယ်။ လေ့လာကြည့်လိုက်ကြပါအုံး။

1 – Recovery Mode ဆိုတာ ဘာလဲ။
2 – Recovery Mode ဘယ်နှစ်မျိုး ရှိသလဲ။
3 – Recovery Mode မှာ ဘာ Function တွေ ပါသလဲ။
4 – Recovery Mode မှာ ပါတဲ့ Function တွေက ဘာတွေ အသုံးဝင်ပြီး ဘယ်လို အလုပ် လုပ်သလဲ။

( 1 ) Recovery Mode ဆိုတာ ဘာလဲ။
Recovery Mode = ပြန်လည်ပြင်ဆင်ရန် နည်းလမ်း
Recovery Mode ဆိုတာ Android Phone ထုတ်လုပ်သူတွေက User တွေအနေနဲ့ Mobile ကိုအသုံးပြုရင်း လေးလာခြင်း ၊ ဟန်း ခြင်း ၊ System Appliction များ ပျောက်သွားခြင်း or Has stop ပြနေခြင်း ၊ Virus ၀င်ခြင်းများ စသဖြင့် တစ်စုံတစ်ရာ Error ကြုံလာပါက စက်ရုံထုတ် နဂိုအခြေနေအတိုင်း Mobile ကို ပြန်လည် ရောက်ရှိစေခြင်းကို အသုံးပြုနိုင်ရန် တစ်နည်း အမှားအယွင်းများကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကို Recovery Mode ဟု ခေါ်ပါသည် ။

( 2 ) Recovery Mode ဘယ်နှစ်မျိုး ရှိသလဲ။
Recovery Mode (၂) မျိုးရှိပါတယ် ။
1 – Android System Recovery (or) Stock recovery ( or ) Official Recovery
2 – Clock work Mode ( CWM ) recovery (or) Custom recovery
ဟူ၍ နှစ်မျိုး ရှိပါတယ်…။
1 – Android System Recovery (or) Stock recovery ( or ) Official Recovery
Official Recovery ကေတာ့ Android Phone တော်တော်များများမှာ ဖုန်းစတင်ထုတ်လုပ်ကတည်းက ပါလာတာများပါတယ် ။ တချို့ Clone Phone တွေဆို Recovery Mode Function မပါဝင်ပါဘူး ။
2 – Clock work Mode ( CWM ) recovery (or) Custom recovery
Custom Recovery ကေတာ့ Developer နဲ့ အခြားပညာရှင်များမှ မိမိတို့ စိတ်ကြိုက် သုံးရလွယ်အောင် Official ထက် Function ပိုစုံအောင် ပြင်ဆင်ထားသော Partition တစ်နည်းအားဖြင့် Custom Recovery ပါ ။ သူကေတာ့ Official Recovery ထက် အားသာချက်တွေ များပါတယ် ။

( 3 ) Recovery Mode မှာဘာ Function တွေ ပါသလဲ။
Recovery Mode မှာ ပါဝင်တဲ့ Function တွေက ( ၂ ) မျိုးခွဲပြောမှ ပို ပြည့်စုံမှာပါ ။ ဘာကြောင့်လဲဆိုတော့ သူက Official Recovery နဲ့ Custom Recovery ဆိုပြီး ( ၂ ) မျိုး ကွဲနေလို့ပါပဲ ။

Official Recovery မှာ ပါဝင်သော Function မ်ား

1 – Reboot System now
2 – Apply update from ADB
3 – Apply update from SD card
4 – Wipe data/Factory reset
5 – Wipe cache partition
Custom Recovery မှာ ပါဝင်သော Function မ်ား
1 – Reboot System now
2 – Apply update from SD card
3 – Wide data / factory reset
4 – wipe cache partition
5 – install zip from sdcard
6 – backup and restore
Back up
Restore
7 – +++Go Back+++

( 4 ) Recovery Mode မှာ ပါတဲ့ Function တွေက ဘာတွေ အသုံးဝင်ပြီး ဘယ်လို အလုပ် လုပ်သလည်း


Function ( 1 ) Reboot System now

ဒီ Function ကေတာ့ Recovery Mode အခြေနေကနေ Reboot System now လို့ နှိပ်လိုက်တာနဲ့ Phone ဟာ Recovery Mode ကနေထွက်ပြီး Home Screen ( or ) Normal Mode အခြေနေကို တန်းရောက်စေသော Function ပါ ။


Function ( 2 ) Apply update from ADB

ဒီ Function ကေတာ့ Apply update from ADB လို့ နှိပ်လိုက်တာနဲ့ Phone ဟာ Recovery Mode ကေန adb သိစေသော adb sideload mode အခြေနေကို ရောက်ပြီး PC တွင် adb devices ဟုရိုက်သော် adb sideload ဟုပေါ်စေသော Function ပါ ။ သူက ဘာတွေအသုံးဝင်သလည်းဆိုတော့ Huawei Firmware တွေမှာ တချို့ ဆို Update.zip နဲ့ လာပါတယ် အဲ့ဖုန်းက Memory Card မကောင်းဘူးဆိုပါစို့ အဲ့ဒီအခါ Update.zip ကို PC ကနေပြီး တင်လို့ ရပါတယ် ၊ တချို့ UPDATE.APP Firmware တွေလည်း တင်လို့ရပါတယ် ။ ဘာပဲပြောပြော ဒီ adb sideload mode က Firmware တင်ရန်အသုံးဝင်တယ်ဆိုတာ တချို့ မသိသေးသူတွေအတွက် အသိအမြင် တစ်ခုတိုးသွားတယ်ဆို ကျေနပ်ပါပြီဗျာ ။
update.zip = adb sideload update.zip
UPDATE.APP = adb sideload UPDATE.APP


Function ( 3 ) Apply update from SD card

ဒီ Function ကေတာ့ Recovery Mode ကေန Update.zip ဆိုတဲ့ Firmware zip File ကို Firmware တင်လို့ရတဲ့ Function ပါ ။ Apply update from SD card — Choose zip from sdcard — update.zip ကိုရွေးလိုက်ယုံနဲ့ Firmware Install တာတွေ့မြင်ရမှာ ဖြစ်ပါတယ် ။


Function ( 4 ) Wipe data/Factory reset

ဒီ Function ကေတာ့ Phone တစ်လုံးဟာ စက်အရမ်း လေး နေတာပဲဖြစ်ဖြစ် ၊ ဟန်းနေလို့ ပဲဖြစ်ဖြစ် ၊ Game & Application တွေ Installation ကြာနေတာပဲဖြစ်ဖြစ် ၊ Internal Memory ပြည့်နေလို့ လိုခြင်တဲ့ Software တွေ ထပ်ထည့်လို့ မရတဲ့ အခါမျိုးမှာ Phone ကို စ၀ယ်လာတဲ့ ပုံစံမျိုးလို ပေါ့ပါးပြီး သုံးရအဆင်ပြေအောင် Fastory Reset ချချင်တဲ့ အခါ အသုံးပြုလို့ ရအောင် ထားတဲ့ Wipe data/Factory reset Function ပဲဖြစ်ပါတယ် ။ တစ်ခုသတိပြုရမှာက ဒီ Function ကိုအသုံးပြုမယ်ဆို Customer ရဲ့ data အကုန်ပျက်သွားမယ်ဆိုတာ ကြိုသိထားရပါမယ် ။ Internal Memory ထဲမှာ ရှိတဲ့ data တွေအကုန်လုံးကို ဖျက်ချမှာဖြစ်လို့ပါပဲ ။ ဒါကြောင့် Fastory Reset မချခင် Customer ကို အရင်မေးကြည့်ပါ အရေးတကြီး Backup ယူစရာ ရှိ မရှိ ။ ရှိတယ်ဆို ကြိုယူထားပါ ၊ မရှိဘူးဆိုရင်တော့ Fastory Reset ချလိုက်ပါ ဒါဆို အဆင်ပြေပါပြီ ။


Function ( 5 ) Wipe cache partition

ဒီ Function ကေတာ့ Phone ရဲ့ နောက်ကွယ်မှာ Run တာတွေကို ရှင်းပေးတဲ့ Function ပါ ၊ စက်ဟန်းနေရင် အနည်းငယ် ပေါ့စေသော Function ဆိုလည်းမမှားပါဘူး ။


Function ( 6 ) Backup and Restore

ဒီ Function ကို အသုံးပြုဖို့အတွက် မိမိ Phone ဟာ CWM ( Custome Recovery ) တင်ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ Phone အတွင်းမှ Rom တစ်ခုလုံးကို Backup ကြိုယူထားနိုင်သလို လိုအပ်တဲ့အခါ Phone အတွင်းသို့ Rom ကို Restore ပြန်လုပ်နိုင်သော Function ပါ ။

ဒီလောက်ဆို Recovery Mode ကနေ ဘာတွေအသုံးဝင်ပြီး ဘယ်လိုအသုံးပြုရမယ် ဆိုတာ အနည်းငယ်တော့ သိလောက်မယ်ထင်ပါတယ်။

credit - အိုင်တီ လူဆိုးလေး




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes