Monday, March 6, 2017

AT Commands အကြောင်းလေ့လာကြမယ်



AT Commands အကြောင်းကိုလေ့လာလိုသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Service သမားတော်တော်များများ အနေနဲ့ သေချာသိသူရယ်လို့ နည်းပါတယ်။
ဒါကြောင့် အဆင်ပြေစေရန် မျှဝေပေးလိုက်ပါတယ်။

AT Commands ဆိုတာဘာလဲ ?

AT Commands ဆိုတာ modem ကို ထိန်းချုပ်ပြီး ခိုင်းနိုင်တဲ့  command တွေပါ . attention ဆိုတဲ့ စကားလုံးရဲ့ အစ စာလုံး နှစ်လုံးကို ယူထားပြီး AT Commands လို့ခေါ်တာပါ .

AT Commands တွေက ဘာတွေလဲ . အင်တာနက်ထဲမှာရှာဖတ်လို့ရတဲ့ AT commands တွေကို ဖုန်းတိုင်းသုံးလို့ရသလား ?

မရပါဘူး . AT Commands ဆိုတာ Modem ကို ခိုင်းတဲ့ commands တွေလို့ ဆိုခဲ့ပြီးသားပါ . Modem ရဲ့ Hardware , Firmware မတူတာနဲ့ သုံးရတဲ့ command တွေလဲ မတူပါဘူး . ဆိုလိုတာက AT Commands ဆိုတာ ဖုန်း တစ်လုံးနဲ့တစ်လုံး များသောအားဖြင့်တူပေမယ့် အသေးစိတ်တော့ မတူပါဘူး .

ကိုယ့်ဖုန်းမှာ သုံးလို့ရတဲ့ AT commands တွေကို ဘယ်လိုသိနိုင်မလဲ ?

တစ်ချို့တစ်ဝက်ကိုတော့ Internet မှာ အလွယ်တကူ ရှာဖတ်နိုင်ပါတယ် . တစ်ချို့တစ်ဝက်ကိုတော့ ဖုန်းထဲမှာ ရှာကြည့်နိုင်ပါတယ် .

ကိုယ့်ဖုန်းထဲက AT Commands တွေကို ဘယ်လိုရှာရမလဲ ?

 ( ၂ ) နည်း ရှိပါတယ် .

နံပါတ် (၁) - ဖုန်းရဲ့ Modem Port ကို AT+CLAC ဆိုတဲ့ command လှမ်းပို့ပေးရမှာပါ . အဲ့တာဆို ဒီဖုန်းအတွက် သုံးလို့ရတဲ့ AT Commands တွေ ကျလာမှာပါ . ( FRP ဖြည်ရင် သုံးတဲ့ Putty or Realterm ကို သုံးပြီး ပို့နိုင်ပါတယ် )

နံပါတ် ( ၂) - AT Command ဆိုတာ Modem ကို ထိန်းချုပ်တာဖြစ်တဲ့အတွက် ဖုန်းရဲ့ modem partition ထဲမှာ သုံးလို့ရတဲ့ AT Commands တွေ ပါပါတယ် . Modem Partition ထဲက AT commands တွေကို ရှာဖို့က 1 . Modem.img , 2 . strings.exe လိုပါမယ် .
modem.img နဲ့ strings.exe ကို folder တစ်ခုထဲမှာ ထည့်ထားပါ .အဲ့ folder ထဲမှာ shift+right click > Open command window here ကို နှိပ်ပြီး cmd box ထဲမှာ  အောက်က commands  ကို ရိုက်ပါ .

strings.exe modem.img | findstr /i "AT+"

ပုံထဲကလို သုံးလို့ရတဲ့ AT commands တွေကျလာပါလိမ့်မယ် . နံပါတ်  (၂) နည်းကတော့ သိပ်မစုံပါဘူး .

အဲ့တာတွေသိတော့ ဘာအကျိုးရှိသလဲ ?

1 . AT commands တွေက modem partition ထဲမှာ ရှိတာကို သိရမယ် .
2 . imei , meid , qcn တွေရေးရင် error တက်တဲ့အခါ modem ထဲက AT command တွေ အလုပ်မလုပ်လို့ဆိုတာ သိနိုင်မယ် . modem အရင် flash ပြီးမှ အဲ့တာတွေရေးလို့ရမယ် .
3 . com port commands တွေဆိုတာ ဒီလိုရှာလဲ ရတာပဲ ဆိုတာ သိပြီး နောက်ထပ် ထပ်ရှာလာနိုင်မယ် .
4 . AT commands တွေကို အလွယ်တကူ ရိုက်ပြီး စမ်းသပ်နိုင်မယ်။

credit - Naing Lynn Kun



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes