Monday, October 31, 2016

iPhone / iPad တို့အတွက် အသစ်ထပ်မံထွက်ရှိလာတဲ့ iOS 10.1.1



Apple မှ iPhone / iPad တို့အတွက် update version အဖြစ်
iOS 10.1.1 ကိုထပ်မံထုတ်လုပ်ပေးလိုက်ပါပြီ။ ဘာတွေပြောင်းလဲလာလည်း
ဆိုရင်တော့ အများကြီးတော့ပြောင်းလဲမလာပါဘူး။ ဒါပေမဲ့ လက်ရှိ version မှာဖြစ်နေတဲ့
Health application မှာဖြစ်တဲ့ error အချို့ကိုဖြေရှင်းပေးထားပါတယ်။

iOS 10.1.1 ကို ဖုန်းကနေတိုက်ရိုက် update ပြုလုပ်လိုရင်တော့
Setting >>> About >>> Software update ထဲကနေဝင်ရောက်ပြုလုပ်နိုင်ပြီး
iTune နဲ့ချိတ်ဆက်ပြုလုပ်လိုသူများကတော့ လိုအပ်တဲ့ firmware ကိုအောက်ကလင့်ကနေ
ဝင်ရောက်ပြီး ရယူနိုင်ပါတယ်။


------- iOS 10.1.1 For iPhone / iPad ipsw Download Link -------



Today's Mobile Training & Service center

ခုနောက်ပိုင်းဖြစ်နေတဲ့ Messenger ပြသနာအတွက် Messenger v52



ခုနောက်ပိုင်းမှာ Android user တွေတော်တော်ကြုံတွေ့နေရတဲ့ Messenger ပြသနာလေးကို
အဆင်ပြေပြေအသုံးပြုနိုင်မဲ့ Messenger v52 ကိုတင်ပေးလိုက်ပါတယ်။ ဘယ်လိုပြသနာလည်းဆိုရင်တော့
messenger ကိုဖွင့်လိုက်ရင် ကိုယ်စကားပြောထားတဲ့ recent နေရာမှာ အဝိုင်းလေးပဲလည်နေပြီး
ဘာမှပေါ်မလာတော့တဲ့ ပြသနာပါ။ အချို့ဆို ဘာလုပ်ရမှန်းမသိတော့ တော်တော်လေးဒုက္ခ ရောက်ကြရပါတယ်။
ဒါကြောင့် အဲလိုပြသနာနဲ့ကြုံတွေ့နေရရင်တော့ အခုပေးထားတဲ့ Messenger လေးကိုပြောင်းသုံးလိုက်ပါ။
အဆင်ပြေပြေပြန်လည် အသုံးပြုနိုင်မှာဖြစ်ပါတယ်။



------- Messenger v52.xxxxx Download Link -------




Today's Mobile Training & Service center

Google account lock ( FRP lock ) ဆိုတာဘာလဲ ???



Android စမတ်ဖုန်းများမှာ ခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေလို့ပြောရပါမယ်။

နောက်ပိုင်းမှာ user တွေအနေနဲ့လည်း နောက်ပိုင်းမှာ gmail account ကိုလွယ်ကူ

စွာဖွင့်လို့ရနေတဲ့အပြင် online game များဆော့ကစားရာမှာလည်း gmail ကိုအသုံးပြု

ကြပါတယ်။ ဒီလိုအသုံးပြုတဲ့အခါမှာ အချို့ဆို gmail ကိုနှစ်ကောင့်သုံးကောင့်လောက်

ဖွင့်ပြီးသုံးကြပါတယ်။ အဲလိုအသုံးပြု ပြီး အကြောင်းအမျိုးမျိုးကြောင့် Factory reset ချတဲ့အချိန်

မှာ စတော့တာပါပဲ။ Factory reset ချပြီးလို့ပြန်တက်လာတဲ့အခါမှာ activate လုပ်ခိုင်းပါတယ်။

activate လုပ်ခိုင်းတဲ့အချိန်မှာ ဖုန်းကနေသုံးစွဲသူတွေရဲ့ အသုံးပြုထားတဲ့ gmail account နဲ့

password ပြန်တောင်းပါတယ်။ အဲဒီအခါမှာ အသုံးပြုထားတဲ့ gmail account နဲ့ password

ကိုသိရင်အကြောင်းမဟုတ်ပါဘူး။ မသိတဲ့အခါမှာတော့ ပြန်လည်ဖြေရှင်းနိုင်ရန် နည်းလမ်းတွေရှိပေမဲ့

user တွေအနေနဲ့ပြုလုပ်နိုင်ရန် အခက်အခဲရှိတာကြောင့် FRP lock မကျစေရန် မိမိအသုံးပြုတဲ့

gmail account နဲ့ password များကိုသေချာမှတ်ထားပြီး ဖုန်းရဲ့ Setting >> Developer

option >> Enable OEM Unlock ဆိုတာလေးကို on ပေးထားပါလို့အသိပေးလိုက်ပါတယ်။

refer - Ko Htoo



Today's Mobile Training & Service center

Sunday, October 30, 2016

mBill ( Meizu 3D Touch app )



Meizu Pro 6 သုံးနေတဲ့သူတွေအတွက် 3d touch အသုံးပြုပြီး Bill စစ်လို့ရအောင် ရေးထားတဲ့ mBill Application ပဲ ဖြစ်ပါတယ်။ ယခု App ကို သုံးဖို့အတွက် Setting >> Accessibility >> 3D Press ကို On ထားဖို့လိုပါမယ်..Bill စစ်ဖို့အတွက် mBill ဆိုတဲ့ ICON ကို force touch ဖိပြီး Bill စစ်မည်ကို နှိပ်ရုံပါပဲ… Meizu Pro 6 တွေအတွက် GSM Bill Widget အစားထိုးအနေနဲ့ပေါ့…

3D touch နဲ့ မြန်မာ App သုံးရတဲ့အတွက် လုံးဝလန်းပါတယ်… လူရှိန်တာပေါ့.. မြန်မာလိုလဲပေါ်တယ်… ဘယ်ဖုန်းမှ လောလောဆယ် မရသေးခင်တော့ Meizu Pro 6 ကိုင်တဲ့သူတွေ Meizu 3D Touch နဲ့ Bill တစ်ခါတည်းစစ်လို့ရတယ်ဆိုတာကို ကြွားလို့ရတာပေါ့။



------- mBill ( Meizu 3D Touch app ) Download Link -------

ဒီ apk လေးကိုတော့ Nay Shine Oo မှ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။




Today's Mobile Training & Service center

Samsung မှ Galaxy S8 ကိုပိုမိုကောင်းမွန်သော AI ဖြင့်ထုတ်လုပ်မည်



Samsung ဟာသူတို့ရဲ့ Galaxy Note 7 ကြောင့် ဂုဏ်သိက္ခာပိုင်းမှာရော
ငွေကြေးအရပါ ဆုံးရှုံးမှု့များနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့သူတို့ရဲ့ ထုတ်လုပ်မှု့အရှိန်အဟုန်ဟာ
မရပ်တန့်ခဲ့ပါဘူး။ Samsung ရဲ့ မိုဘိုင်းဆက်သွယ်ရေး ဒုတိယဥက္ကဌဖြစ်သူ Lee Kyeong-tae ရဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။ အသိဥာဏ်တုနဲ့ပတ်သတ်ပြီး တိတိကျကျတော့ ပြောမသွားခဲ့ပါဘူး။ ဒါပေမဲ့လည်း natural language ကို တုံ့ပြန်ပေးနိုင်တဲ့ voice-guided assistant ကိုတည်ဆောက်ဖို့အတွက် acquisition of Viv ကို အားသုံးလုပ်ဆောင်နေပါတယ်။

Viv ကို လုပ်ဆောင်ချက်အသစ်တွေအတွက် ကိုယ်ပိုင်ကုတ်တွေကိုရေးသားနိုင်စွမ်းရှိတဲ့ next-generation assistant အဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Viv functions တွေဘယ်လိုရှိသလဲဆိုတာ သိဖို့အတွက် ဒီပြသမှုလေးကို ကြည့်သင့်ပါတယ်။


------- Video ဖိုင်အား ဝင်ရောက်ကြည့်ရှု့ရန် -------


Samsung ဟာ အခု Viv’s service တွေကို သူ့ရဲ့ home appliances ၊ wearables နဲ့ အခြားထုတ်ကုန်တွေမှာ ထည့်သွင်းသွားနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

Samsung ဟာ viv နဲ့အတူ သုံးစွဲသူတွေကို ရိုးရှင်းတဲ့ UI ၊ သုံးစွဲသူနားလည်လွယ်ခြင်း၊ အသင့်တော်ဆုံးနဲ့ အဆင်ပြေဆုံး အကြံဥာဏ်တွေ၊ ထောက်ခံချက်တွေ ပေးနိုင်မယ်လို့ ထင်ထားပါတယ်။ Viv ဟာ သုံးစွဲသူအတွက်ရော Developer တွေအတွက်ပါ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီလိုနှစ်ခုအတွက် ရည်ရွယ်ထားခြင်းဟာ Samsung home appliances ၊ wearable တွေနဲ့ ပေါင်းစပ်ဖို့ ကျွန်တော်တို့ကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ အသိဥာဏ်တုနဲ့ အသံထိန်းချုပ်မှုနည်းပညာတွေ တိုးတက်လာမှုအပေါ် ကျွန်တော်တို့တွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုပါ တွေးမိလာစေပါတယ်။ Galaxy S8 ကတော့ မျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့ လက်ဗွေရာစနစ်ဖြစ်တဲ့ offer optical fingerprint recognition ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်တယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ Samsung ကတော့ နောက်နှစ် ဖေဖော်ဝါရီမှာကျင်းပမယ့် Mobile World Congress 2017 အမီ ဖုန်းကို ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်။

refer - mmas




Today's Mobile Training & Service center

Zapya apk latest version



Android ဖုန်းအသုံးပြုသူတွေအတွက် data transfer ပြုလုပ်တဲ့နေရာမှာ အမြန်ဆုံးနဲ့အကောင်းဆုံး
ဖြစ်တဲ့ zapya application ရဲ့ latest version လေးကိုတင်ပေးလိုက်ပါတယ်။ အရမ်းမြန်ဆန်လာပြီး
အသုံးပြုရတာလည်း တော်တော်လေးကောင်းလာပါတယ်။ လိုအပ်မယ်ဆိုရင်တော့ Download ရယူပြီး
အသုံးပြုနိုင်ပါတယ်။



------- Zapya latest version 4.5 Download Link -------



Today's Mobile Training & Service center

Saturday, October 29, 2016

M-Horse j8 Display Error ဖြေရှင်းနိုင်မဲ့ဖိုင်



China အမျိုးအစားဖုန်းတစ်ခုဖြစ်တဲ့ M-Horse j8 အတွက်
Display error fixer လေးကိုမျှဝေပေးလိုက်ပါတယ်။ အကြောင်း
တစ်စုံတစ်ရာကြောင့် Display error တက်ခဲ့ရင်တော့ ခုပေးထားတဲ့
ဖိုင်လေးကိုရယူပြီး SP Flashtool ကနေ Flash ပေးလိုက်ပါ။



------- M-Horse Display Error Fix Download Link -------

refer ;
password တောင်းခဲ့ပါက www.sithumobile.com လို့ရိုက်ထည့်ပါ။




Today's Mobile Training & Service center

Social application များဖြစ်တဲ့ Facebook & Messenger latest version apk



Social application များဖြစ်တဲ့ Facebok & Messenger ကို latest version
ထွက်ရှိထားတဲ့အတွက် တင်ပေးလိုက်ပါတယ်။ Android တွေအတွက်ဖြစ်ပြီး
Facebook version 100.0.0xxx နှင့် Messenger version 94.xxxxx တို့ဖြစ်ပါတယ်။
လိုအပ်ပါက Download ရယူအသုံးပြုနိုင်ပါတယ်။



------- Facebook version 100.0.xxxxx application ------


------- Messenger version 94.xxxxx application -------




Today's Mobile Training & Service center

Township game For Android



Township ဆိုတဲ့မြို့တည်တဲ့ game လေးကို Android မှာ
မဆော့ဘူးသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။
game လေးက online game အမျိုးအစားလေးဖြစ်ပြီး
ဆော့ကစားရတာလေးက တော်တော်လေးကောင်းပါတယ်။
တစ်ဆင့်နဲ့တစ်ဆင့် တိုးတက်လာတဲ့ကိုယ့်မြို့ရဲ့ အခြေအနေပေါ်မှာ
ပီတိဖြစ်ရတာလေးကလည်း တစ်မျိုးလေးပါပဲ။ ပြိုင်ဆိုင်တိုက်ခိုက်
ရတဲ့ game မဟုတ်တာကြောင့် စိတ်လည်းငြိမ်ပါတယ်။ ဆော့ကစား
ချင်သူများနှင့် update လုပ်ချင်သူများရယူနိုင်ပါတယ်။


------- Township latest v4.2.1 Download Link -------




Todays Mobile Training & Service center

Friday, October 28, 2016

MTK Device များအတွက် Driver Installer



MTK အမျိုးအစားစမတ်ဖုန်းများအတွက် Driver installer လေးကိုတင်ပေးလိုက်ပါတယ်။
MTK တွေအရင်က PC ကနေသိပေမဲ့ နောက်ပိုင်းမှာ error တက်ပြီးမသိတော့တာမျိုးဆိုရင်
ဒီကောင်လေးနဲ့ ပြန်ပြီး install ပြုလုပ်ကာအရင်ဖိုင်များကိုလည်း Clear လုပ်နိုင်ပါတယ်။
လိုအပ်မှု့ရှိရင်တော့ ရယူလိုက်ပါ။



refer - MyanmarXDA



Today's Mobile Training & Service center

Sony Xperia XA ကို FRP lock ဖြည်နည်း



Sony စမတ်ဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ Xperia XA မှာ FRP lock ကျခဲ့ရင်
ပြန်လည်ဖြေရှင်းနိုင်ရန် မျှဝေပေးလိုက်ပါတယ်။ ပြုလုပ်ပုံပြုလုပ်နည်း အဆင့်ဆင့်
ကိုတော့ Video ဖိုင်လေးကိုကြည့်ပြီး လေ့လာလိုက်ပါ။


------- Video ဖိုင်အားဝင်ရောက်လေ့လာရန် -------

refer - Thiha Aung



Today's Mobile Training & Service center

Ooredoo ရဲ့ Thadin Application



ဘောလုံးပွဲ ချစ်တဲ့သူတွေအတွက်ကို အချက်အလက်တွေ ရရှိရန် အူရီဒူးမြန်မာမှ Thadin Application နဲ့ မိတ်ဆက်ပေးပါရစေ။ Thadin Application မှာဆိုရင် နောက်ဆုံးရ အားကစားသတင်းများ၊ ပွဲစဉ်ဇယားများ၊ ပွဲကြိုသုံးသပ်ချက်များ၊ ပွဲပြီးရလဒ်များနဲ့ သုံးသပ်ချက်များကို ဖတ်ရှုနိုင်ပါတယ်။ အားကစားသတင်းတွေအပြင် နောက်ဆုံးရ မြန်မာ့စီးပွားရေး သတင်း၊ နိုင်ငံရေးသတင်း၊ ကျန်းမာရေးသတင်း၊ အနုပညာရေးသတင်းတွေ၊ မှုခင်းသတင်းတွေကို ပိုမို ပြည့်စုံတဲ့ သတင်း၊ ဆောင်းပါးနဲ့ အချက်အလက်တွေအဖြစ် ကဏ္ဍအလိုက် တစ်နေရာတည်းကနေ ရယူဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ Android ဖုန်းအမျိုးအစားတိုင်းမှာ အသုံးပြုလို့ရတဲ့ Application ဖြစ်ပြီး အောက်ဖော်ပြပါ Link မှာ အခမဲ့ Download ရယူနိုင်ပါတယ်။


------- Ooredoo Thadin application Download Link -------



Today's Mobile Training & Servive center

Thursday, October 27, 2016

MyPhone Firmware Collection



ရှားပါးအမျိုးအစားဖြစ်တဲ့ MyPhone Brand ရဲ့ Firmware များကိုမျှဝေပေးလိုက်ပါတယ်။
Mediafire ကနေတင်ပေးထားတာဖြစ်တဲ့အတွက် Resume လည်းရပါတယ်။
Firmware အားလုံးကလည်းအဆင်ပြေပါတယ်။ password မပါဝင်တာကြောင့်
ပိုပြီးအဆင်ပြေလှပါတယ်။ ဒီဖိုင်တွေကို ထက်အာကာ မှ upload တင်ပြီးမျှဝေပေးထားတာ
ဖြစ်ပါတယ်။ model တွေကလည်းစုံလင်ပြီး error လည်းကင်းပါတယ်။



------- MyPhone Firmware များ Download ရယူရန် -------

credit & password တောင်းခဲ့ပါက htetrkar လို့ ရိုက်ထည့်ပါ။




Today's Mobile Training & Service center

Huawei Y610-U00 ကို dload နဲ့ Firmware တင်မရခဲ့ရင်



Y610-U00 တွေမှာ ပုံမှန်အားဖြင့်တော့ dload ထည့်ရေးရနေတာပဲ အင်း မရတဲ့အလုံးတွေတော့များလာပြီ။ firmware ရေးလိုက်ရင် Installation aborted ပြပြီး fail သွားရော ပုံပြထားတယ် သလား။ အာ့မျိုးဖြစ်ခဲ့ရင် ခု ကျနော်ပေးတဲ့ zip လေးကိုဖြည်ပြီး အထဲက ရွှီရှောင်ဘက်ဖိုင် ဆိုတာလေးကို run ပေးလိုက်ပါ။

အာ့မှာ ( waiting for device ) ဆိုပြီးပေါ်နေပါလိမ့်မယ် အာ့အချိန်မှာပဲ အဓိက fastboot ပဲဗျ ဖုန်းကို vol+ နဲ့ vol- ကိုဖိပြီး pc နဲ့ချိတ်လိုက်ပါ ခနပါပဲ fastboot ကိုရောက်ပြီး reboot ပြန်ကျသွားရင်ရပါပြီ ခင်ဗျားတို့မှာ ရှိတဲ့ dload ကိုပြန်တင်လိုက်ပါ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ကျနော့်ဆီမှာတော့ build number က 238 တစ်ခုပဲရှိတာဗျ အာ့ပဲ တင်တာ imei ပျောက်လဲ အာ့ပဲတင် တာအဆင်ပြေနေတာပဲ ခုထိတော့ ဒါနဲ့ fastboot က factory mode ပါသေးတယ် အာ့ကနေ adb သိရင်ဝင်လို့ရပါသေးတယ်။

ဘာမှတော့ဟုတ်ဘူး fastboot ကနေ boot နဲ့ recovery ပြန် flash ပြီးရေးတာ မလုပ်တတ်တဲ့သူရှိမှာဆိုးလို့ ပြီးတော့ သူ့ boot နဲ့ recovery ကလဲ update.appကနေ ခွဲမရလို့ အာ့ကြောင့်တင်ပေးလိုက်တာပါ။


------- Download ရယူရန်လင့် -------

refer - Khin Zaw Hein



Today's Mobile Training & Service center

Huawei Y610-U00 ကို dload နဲ့ Firmware တင်မရခဲ့ရင်



Y610-U00 တွေမှာ ပုံမှန်အားဖြင့်တော့ dload ထည့်ရေးရနေတာပဲ အင်း မရတဲ့အလုံးတွေတော့များလာပြီ။ firmware ရေးလိုက်ရင် Installation aborted ပြပြီး fail သွားရော ပုံပြထားတယ် သလား။ အာ့မျိုးဖြစ်ခဲ့ရင် ခု ကျနော်ပေးတဲ့ zip လေးကိုဖြည်ပြီး အထဲက ရွှီရှောင်ဘက်ဖိုင် ဆိုတာလေးကို run ပေးလိုက်ပါ။

အာ့မှာ ( waiting for device ) ဆိုပြီးပေါ်နေပါလိမ့်မယ် အာ့အချိန်မှာပဲ အဓိက fastboot ပဲဗျ ဖုန်းကို vol+ နဲ့ vol- ကိုဖိပြီး pc နဲ့ချိတ်လိုက်ပါ ခနပါပဲ fastboot ကိုရောက်ပြီး reboot ပြန်ကျသွားရင်ရပါပြီ ခင်ဗျားတို့မှာ ရှိတဲ့ dload ကိုပြန်တင်လိုက်ပါ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ ကျနော့်ဆီမှာတော့ build number က 238 တစ်ခုပဲရှိတာဗျ အာ့ပဲ တင်တာ imei ပျောက်လဲ အာ့ပဲတင် တာအဆင်ပြေနေတာပဲ ခုထိတော့ ဒါနဲ့ fastboot က factory mode ပါသေးတယ် အာ့ကနေ adb သိရင်ဝင်လို့ရပါသေးတယ်။

ဘာမှတော့ဟုတ်ဘူး fastboot ကနေ boot နဲ့ recovery ပြန် flash ပြီးရေးတာ မလုပ်တတ်တဲ့သူရှိမှာဆိုးလို့ ပြီးတော့ သူ့ boot နဲ့ recovery ကလဲ update.appကနေ ခွဲမရလို့ အာ့ကြောင့်တင်ပေးလိုက်တာပါ။


------- Download ရယူရန်လင့် -------

refer - Khin Zaw Hein



Today's Mobile Training & Service center

Xiaomi Phone တစ်လုံး ၀ယ်ယူရာတွင် သတိထားရမည့် အချက်များ



Redmi Note 3 Pro ၀ယ်ယူရာတွင် MPT , Telenor , Ooredoo Sim Card ဖတ် မဖတ် အရင် စမ်းသပ်ပေးပါ။ အခုနောက်ဝင်တဲ့ အလုံးတွေမှာ Sim Card မသိတဲ့ ပြသာနာတွေ ကြုံတွေ့နေရပါတယ်။ Mi 5/Pro ၀ယ်ယူရာတွင် နောက်ဝင်တဲ့အလုံးတွေမှာ back key တွေ menu key တွေ နှိပ်မရတဲ့ ပြသာနာကြုံတွေ့နေရပါတယ်။ ဘယ်အချိန်မှာ ဖြစ်တတ်လဲဆိုရင် မှန်မကွဲကပ်လိုက်တဲ့အချိန်ကစပြီး back key တွေ menu key တွေ အလုပ်မလုပ်တော့ဘူး။ အရင်အလုံးတွေမှာ မဖြစ်ဘဲ နောက်ဝင်တဲ့အလုံး တစ်ချို့အလုံးတွေမှာ ဖြစ်တတ်ပါတယ်။

Mi Max , Mi Max Pro တွင်တော့ ဖုန်းခေါ်တဲ့အခါ Sensor အလုပ်မလုပ်တဲ့ ပြသာနာကြုံတွေ့နေရပါတယ်။ ဓါတ်ပုံရိုက်ပြီး ပြန်ကြည့်တဲ့အခါမှာလည်း Rotace လှည့်မရတဲ့ ပြသာနာလည်း ကြုံတွေ့ရတတ်ပါတယ်။ Mi Note , Mi Note Pro မှာဆိုရင် Mec Card မသိတဲ့ ပြသာနာကြုံတွေ့ရတတ်ပါတယ်။ Mec Card သိပြန်တော့လည်း MPT Card ပြန်ထည့်တဲ့အခါမှာ အလုပ်မလုပ်ပြန်တော့ပါဘူး။ Redmi Note 3 Pro နဲ့ Mi Max , Mi Max Pro တွေမှာ MPT နဲ့  ဖုန်းပြောရင် လိုင်းပျက်တောင်းပျက်တောင်း ဖြစ်ပါတယ်။ 2G Only ထားပြီးပြောမယ်ဆိုရင် ကြည်ပါတယ်။ ဒါကတော့ ဒီဖုန်းဝယ်ရင် MPT ပြသာနာ ကြုံတွေ့ရမည် ဖြစ်ပါသည်။

Redmi Pro နဲ့ Redmi Note 4 ကတော့ လောလောဆယ် ဘာအသံမှမကြားရသေးပါဘူး။ Xiaomi Phone တစ်လုံးဝယ်ရင် Error ကင်းတဲ့ဖုန်းတစ်လုံး ၀ယ်ယူနိုင်ကြပါစေ။

refer – Aung Min Han




Today's Mobile Training & Service center

Clash of Clan Holloween version



Clash of Clan ပရိတ်သတ်တွေအတွက် နောက်ထက်ထပ်မံထွက်ရှိလာတဲ့ Halloween version
လေးကိုတင်ပေးလိုက်ပါတယ်။ ဒီ version မှာဆိုရင် Troop တွေကိုထုတ်တဲ့နေရာမှာ အချိန်စောင့်ဆိုင်းရတာ
မြန်ဆန်မှု့ရှိလာပြီး 1gem နဲ့ boost ပြုလုပ်နိုင်ပါတယ်။ ကဲ update လေးလိုအပ်မယ်ဆိုရင်တော့
Download ရယူနိုင်ပါတယ်။


------- Clash of Clan Halloween update version အား Download ရယူရန် -------



Today's Mobile Training & Service center

Monday, October 24, 2016

Youtube က Video တွေကို Broswer ကိုအသုံးပြု ပြီး MP3 / MP4 အလွယ်ကူဆုံးရယူနည်း



Youtube မှာတင်ထားတဲ့ Video ဖိုင်များ သီချင်းများကို apk မလိုပဲ
Broswer ကနေအလွယ်ကူဆုံး Download ရယူနည်းလေး
တင်ပေးလိုက်ပါတယ်။ MP3 / MP4 ဖိုင်ဆိုပြီးကြိုက်တဲ့ဖိုင်
နဲ့ရယူနိုင်ပါတယ်။ ပြုလုပ်ပုံကိုတော့ အောက်ကပုံလေးတွေကနေ
ကြည့်ပြီး ပြုလုပ်လိုက်ပါ။













#refer



Today's Mobile Training & Service center

Qualcomm 9006 ဝင်လို့ရသောဖုန်းများ Box မသုံးဘဲ EMMC လဲနည်း နှင့် BLOCK 0ရေးနည်း



Qualcomm 9006 ဝင်လို့ရသောဖုန်းများ Box မသုံးဘဲ EMMC လဲနည်း နှင့် BLOCK 0 ရေးနည်းပါလုပ်ပြထား
တဲ့ video ဖိုင်လေးကိုမျှဝေပေးလိုက်ပါတယ်။ Service သမားများအတွက်တော့ အဖိုးတန်လေးပါပဲ။ လေ့လာကြည့်
လိုက်ရအောင်


------- Video ဖိုင်အားဝင်ရောက်လေ့လာရန် -------

credit - Tunlin Aung



Today's Mobile Training & Service center

Apple Device များအတွက် iOS 10.1 ထွက်ရှိလာ



Apple မှ သူတို့ရဲ့ iOS 10.1 version ကိုထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
ဒီ version မှာဆိုရင်အရင် version တွေမှာဖြစ်တဲ့ error တွေကိုဖြေရှင်းပေးထားတဲ့
အပြင် Portrait mode ( DOF mode ) ပါဝင်လာတယ်လို့ သိရပါတယ်။
ဒီ Mode ကိုအသုံးပြုပြီး iPhone 7 Plus Camera ဖြင့်ကိုယ်အသားပေးရိုက်ကူးချင်တဲ့အရာဝတ္တုတွေကို လှပပြတ်သားစွာရိုက်ကူးနိုင်တော့မှာပါ။



update လုပ်ချင်သူများကတော့ ဖုန်းများကနေ setting >> General >> Software update
ကနေဝင်ရောက် ပြုလုပ်နိုင်သလို iTune နဲ့ချိတ်ဆက်ကာ update ပြုလုပ်လိုရင်တော့
လိုအပ်တဲ့ Firmware ကို model အလိုက်ရယူနိုင်ပါတယ်။






Today's Mobile Training & Service center

Bootloader Unlocked Mi Account Remove



bootloader unlocked ဖြစ်တဲ့ဖုန်းများ Mi Account Remove တဲ့ Bat ဖိုင်ပါ Firmware ပြန်တင်စရာမလိုပဲ Mi Account Remove လုပ်ပေးနိုင်ပါတယ်။ fastboot mode နဲ့ချိတ်ဆက်ကာ One Click နဲ့ဖြုတ်နိုင်မှာ
ဖြစ်ပါတယ်။ Unlocked Devices တွေကတော့

Redmi 1/S, Redmi 2/A, Redmi Note 4G (ALL) , Mi 3 , Mi4 , Mi Note တို့အပြင် Unlockလုပ်ထားသော Devices များ အားလုံးသုံးလို့ရပါတယ် (MTK Devices များမရပါ)



------- Account Remove Tool အား Download ရယူရန် -------

#refer



Today's Mobile Training & Service center

ရိုက်ကူးပြီးသား Video ထဲမှာ effect များကိုထပ်မံဖြည့်သွင်းနိုင်မဲ့ Fx Guru apk



မိမိရိုက်ကူးပြီးသားဖြစ်သော Video ဖိုင်လေးထဲမှာ နောက်ထက် effect များ
ထပ်မံပေါင်းထည့်နိုင်မဲ့ FX Guru application လေးကိုတင်ပေးလိုက်ပါတယ်။
video ထဲမှာအနောက်ကနေ အကောင်လေးတွေကနေတာတို့ အရိုးခြောက်လေးတွေ
ပစ္စည်းတစ်ခုခုပေါ်တက်ကနေတာတို့ စတဲ့ effect တွေကိုဖန်တီးနိုင်ပါတယ်။
အသုံးပြုကြည့်ချင်ရင်တော့ ရယူလိုက်ပါ။


------- FX Guru Video Editor apk အားရယူရန်နေရာ -------



Today's Mobile Training & Service center

Samsung မျိုးဆက်တွေထဲမှာ RAM 6GB နဲ့ပထမဦးဆုံးထွက်ရှိလာမဲ့ Galaxy C9 Pro


Samsung မှသူတို့ရဲ့မျိုးစတ်သစ် တစ်မျိုးဖြစ်တဲ့ C9 Pro ကိုတရားဝင်
ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ Samsung Galaxy C9 Pro မှာဆိုရင်
Samsung ရဲ့ ဘယ်ဖုန်းအမျိုးအစားမှာမှ မပါဝင်တဲ့ RAM 6GB ကို
ထည့်သွင်းအသုံးပြုထားပါတယ်။

RAM 6GB နဲ့ဖန်တီးထုတ်လုပ်လိုက်ပေမဲ့ ဒီဖုန်းဟာ Samsung ဖုနများထဲမှာ
အလယ်လတ်တန်းစား အဆင့်မျှသာရှိပါတယ်။  နိုဝင်ဘာ ၁၁ ရက်နေ့ကနေ စတင်ပြီး Samsung China store ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ကာ၊ ယနေ့ပဲ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီလို့ သိရပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေခြောက်သိန်းဝန်းကျင်ရှိမှာပါ။ SIM နှစ်ကတ်ထိုးအသုံးပြုနိုင်တဲ့ Samsung Galaxy C9 Pro မှာ Android 6.0 Marshmallow စနစ် တပါတည်းပါဝင်မှာဖြစ်ပြီး၊ octa-core Snapdragon 653 SoC ကို အသုံးပြုထားပါတယ်။ Samsung ဖုန်းတွေထဲမှာ ပထမဆုံးဖုန်းအဖြစ် RAM 6GB အထိ ပါဝင်မှာဖြစ်ပြီး၊ ဖုန်းတွင်း storage ကတော့ 64GB ပါ။ microSD ကတ်လည်း 256GB အထိ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်က ၆ လက်မအထိရှိပြီး၊ full HD (1080×1920) AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ ရှေ့ကင်မရာကော နောက်ကင်မရာပါ 16-megapixel ကင်မရာတွေဖြစ်ပါတယ်။
Galaxy ဖုန်းတွေထုံးစံအတိုင်း ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ အားအမြန်သွင်းစနစ်သုံးနိုင်တဲ့ 4000mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ မြင်တွေ့နေကျ USB Type-C နဲ့ NFC ချစ်ပ်တို့လည်း မပါမဖြစ် ပါဝင်မှာဖြစ်ပါတယ်။

#refer



Today's Mobile Training & Service center

Samsung Google Factory Reset Protection (FRP) Lock



FRP ကအခုနောက်ပိုင်း Android Security Patch Level 8/9 လပိုင်းတွေအတွက်ကို

အရင်ကလို QuickShortcutMaker နဲ့ကျော်လျှင် Browser Singin မပါတော့ပါဘူး

အဲ့အတွက်ကို အခုအောက်မှာပေးထားတဲ့ apk လေးတွေကိုထည့်သွင်းပြီး

Google Account ကိုအရင်လိုပဲဝင်လို့ရအောင် Browser Singin ရအောင်အသုံးပြုလို့ရပါတယ်

apk တစ်ခုချင်းဆီမှာ သူရဲ့ Android Version ပေါ်မူတည်ပြီးပါသလိုAndroid Security Patch Level 8/9 လပိုင်းလည်းခွဲပေးထားပါတယ် (ကျွန်တော်ကတော့ Android Version 6.0-(9)လပိုင်းကိုပဲစမ်းထားရပါသေးတယ် သူများတွေတော့ တစ်ခုတည်းနဲ့လည်းရချင်ရမယ်နော်)

အထဲကိုဝင်ဖို့အတွက် AT Commandနဲ့မသုံးချင်တဲ့သူတွေအတွက်လည်း Realterm Signed Wrapper Tool ပါပေးထားပါတယ်

အသုံးပြုနည်းကိုလည်း Youtube ကနေပြီးတော့ Video FIle ရှာတင်ပေးထားပါတယ်

Realterm Signed Wrapper Tool >>> http://d-h.st/54hV

BypassFRP-08.2016.apk >>> http://d-h.st/izuF

BypassFRP 09.2016 Android V5.apk >>> http://d-h.st/8qnd

BypassFRP 09.2016 Android V6.apk >>> http://d-h.st/eBHW

အရင်ဆုံး FRP ဖြေမယ့်ဖုန်းထဲကို အသုံးပြုလို့ရတဲ့ SIM Card တစ်ကဒ်ထည့်ပါ Realterm Signed Wrapper Tool ကိုဖွင့်ပါ "Display" ထဲက
"HALF DUPLEX" ကိုအမှန်ခြစ်ပေးပါ
Computer ရဲ့ Device Manager ကနေပြီးတော့ Modem ဆိုပြီး Device တစ်ခုသိနေလိမ့်မယ်အဲ့ထဲကိုဝင် SAMSUNG Mobile USB Modem ကို Right Click ထောက်ပြီ Properties ထဲကနေ ပြီးတော့ Modem ကိုသွား
အဲ့မှာမှ Port ကနေ COMဆိုပြီး နံပါတ်တစ်ခုသိနေလိမ့်မယ် (ဥပမာ Port : COM32) အဲ့နံပါတ်လေးကိုမှတ်ထားပါ

Realterm Signed Wrapper Tool ရဲ့ Port ဆိုတဲ့အတွက်မှာBaud မှာ အမြင့်ဆုံး 921600 ကိုထားပေါ့ တစ်ခုမရတစ်ခုစမ်းကြည့်ပါ ဘေးက Port မှာတော့ ခုနကမှတ်ထားတဲ့ COM3 ကိုရွေးဖို့အတွက် Port အကွက်ရဲ့မြှားလေးကိုနှိပ်ပေးပါ မှာထားတဲ့နံပါတ်နဲ့အတူ 32 = \ssudmdm0000 အပါအ၀င် သုံးလေးကြောင်းပေါ်လာလိမ့်မယ်
32 = \ssudmdm0000 ကိုရွေးပေးပါ ပီးရင် Change ကိုနှိပ်ပါ

Realterm Signed Wrapper Tool ရဲ့ Send အကွပ်ကိုသွားပါ အဲ့မှာမှ စာရိုက်ရန်အကွပ် 2 ခုတွေပေါ့လိမ့်မယ် အပေါ်အကွက်ထဲမှာ at+creg?\r\n ကိုရေးပါ ပြီးလျှင် send ASCII ကိုနှိပ်ပါ အောက်အကွက်ထဲမှာတော့ atd2016;\r\n ကိုရေးပြီးလျှင် send ASCII ကိုနှိပ်လိုက်ပါ

2016 ဆိုပြီးဖုန်းခေါ်နေတာတွေ့ရပါလိမ့်မယ့် အဲ့တာဆို အထဲကိုတော့ကိုယ်တိုင်ဆက်သွားကြတော့ပေါ့ဗျာ

အထဲကိုရောက်ပြီးဆိုရင် About Phone ကနေသွားကြည့် Version ဘယ်လောက်လဲ Security Patch Level ဘယ်လောက်ထဲကြည့် သူနဲ့ကိုက်မယ့် APK လေးတွေအပေါ်မှာဒေါင်းပြီး ဆက်သာသွားလိုက်ကြတော့

မလုပ်တတ်ရင်လည်း အောက်မှာ Video File ရှိနေတော့အဆင်ပြေကြပါစေ။

------- Video Tutorial & မူရင်းလင့် -------

refer - Htet R Kar




Today's Mobile & Service center

iPhone IC Diagram များ



iPhone များအတွက် IC Diagram များကိုမျှဝေပေးလိုက်ပါတယ်။
hardware service လုပ်ကိုင်သူများအတွက်တော့ တန်ဖိုးရှိတဲ့
Diagram လေးတွေပါ။ နံမည်တွေကိုကြည့်လိုက်တာနဲ့ ဘယ်ပုံက
ဘယ် IC ဆိုတာကို သိနိုင်ပါတယ်။ လေ့လာချင်ရင်တော့ Download ရယူပါ။


------- iPhone IC Diagram များရယူရန် -------

credit - Fone Club



Today's Mobile Training & Service center

Huawei H30-U10 Display Fix Firmware



Huawei Honor ဖုန်းအမျိုးအစားတွေထဲက H30-U10 အတွက်
Display error fix firmware လေးကိုတင်ပေးလိုက်ပါတယ်။
Display error ဖြစ်မှမဟုတ်ပါဘူး firmware ကျနေတဲ့အလုံး
တွေပါ တင်လို့အဆင်ပြေပါတယ်။ လိုအပ်ပါက Download ရယူပါ။


------- H30-U10 Firmware Download Link -------



Today's Mobile Training & Service center

Sunday, October 23, 2016

၇၀၀၀ တန် eMMC Stick ကိုအသုံးပြု ပြီး eMMC လဲနည်း



Android ဖုန်းများရဲ့ eMMC ကို eMMC Stick အသုံးပြု ပြီး လဲပြထားတဲ့
Video ဖိုင်လေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကိုတော့ ကိုထွန်းလင်းအောင် မှ
မျှဝေပေးထားတာ ဖြစ်ပါတယ်။ Hardware သမားတွေအတွက်ကတော့ အဖိုးတန်ပါပဲ။
လေ့လာကြည့်လိုက်ရအောင်


------- Video ဖိုင်အားလေ့လာရန် -------



Today's Mobile Training & Service center

iMusic Free ; iOS MP3 Downloader



iMusic Free ဆိုတဲ့ MP3 Downloader app လေးကို iOS Device user တွေအတွက်
တင်ပေးလိုက်ပါတယ်။ ဒီ app လေးကနေပြီး English သီချင်းတွေသာမက မြန်မာသီချင်းတွေကိုပါ
ရှာဖွေ Download ရယူနိုင်ပါတယ်။ အသုံးပြု လိုရင်တော့ APPStore ကနေတိုက်ရိုက်ဝင်ရောက်
ရယူနိုင်ပါတယ်။


------- iMusic Free MP3 Downloader app အားရယူနိုင်ရန် -------




Today's Mobile Training & Service center

Huawei Bootloader Unlock Code တောင်းနိုင်မဲ့ DC Unlocker Client



Huawei Bootloader Unlock Code တောင်းလို့ရမဲ့DC-Unlocker clientလေးပါ။
ပထမဦးဆုံးဖုန်းကို*#*#2846579#*#* (Or)*#*#14789632#*#*ကိုခေါ်ပေးပြီး'ProjectMenu',

'Background settings',

'USB ports settings',

'Manufacture mode'ထားပေးပါ။

ပြီးရင်တော့အောက်ကlinkမှာDC-Unlocker clientလေးကိုdownယူလိုက်ပါ။

------- DC Unlocker Client အားရယူရန် -------

DC-Unlocker clientလေးကိုဖွင့်ပြီးServerအောက်တွင်
Username: TestUser
Password: kwtK5jEFကို Log Inလုပ်ပေးပါ။
ဖုန်းကို ကွန်ပျူတာနှင့်ထိုးထားပြီး Software တွင်ပါရှိသည့် Unlocking အောက်တွင် မှန်ဘီလူးပုံ ကိုနှိပ်ကာ Port သိပါက Read bootloader code ရယူနိုင်ပါပြီ။

create - MOF Asia


Today's Mobile Training & Service centet

Saturday, October 22, 2016

Ooredoo Myanmar မှ သူတို့ရဲ့စမတ်ဖုန်းအသစ်များဖြစ်တဲ့ Smart 12 Series 4G ကိုမိတ်ဆက်



အူရီဒူးမြန်မာ နဲ့ New China Great Wall Co., Ltd တို့ ပူးပေါင်းပြီး 3G/4G အသုံးပြုနိုင်တဲ့ Ooredoo S-12 series ကို မကြာမီဖြန်ချိရောင်းချတော့မှာဖြစ်ကြောင်း Ooredoo Myanmar က သတင်းထုတ်ပြန် လိုက်ပါတယ်။
အူရီဒူးမြန်မာအနေနဲ့ မြန်မာနိုင်ငံမှာ 3G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့တဲ့အတွက် Singtech နဲ့ပူးပေါင်းပြီး 3G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တဲ့ အူရီဒူးအမှတ်တံဆိပ်ပါ G7 နဲ့ G9 ခလုတ်ဖုန်းများကို မိတ်ဆက်ရောင်းချပေးခဲ့တဲ့အပြင် ZTE နဲ့လည်း ပူးပေါင်းကာ အူရီဒူးအမှတ်တံဆိပ် ပါ Smart 10 နဲ့ Smart 10s စမတ်ဖုန်းများကိုပါ ဈေးနှုန်းချိုသာစွာ မိတ်ဆက်ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး 4G ကွန်ရက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံတို့တွင် ဝန်ဆောင်မှုပေးထားတဲ့အတွက် Great Wall Co., Ltd. နဲ့ ပူးပေါင်းပြီး 4G ကွန်ရက်ကို အသုံးပြုနိုင်တဲ့ ဟန်းဆက်များအသစ် (၃) မျိုးနဲ့ 3G ကွန်ရက်ကို အသုံးပြုနိုင်တဲ့ ဟန်းဆက် အသစ် (၁) မျိုးကို မကြာခင်မိတ်ဆက်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အူရီးဒူးအမှတ်တံဆိပ်အရောင်းဆိုင်များနဲ့ အခြားသော မိုဘိုင်းဖုန်းဆိုင်များမှာ ဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
4G စမတ်ဖုန်း (၃)မျိုးကတော့ Smart 12 4G Plus, Smart 12 4G Super Star နဲ့ Smart 12 4G Lux Star တို့ဖြစ်ပြီး ဈေးနှုန်းတွေအနေနဲ့ ပျှမ်းမျှအားဖြင့် ကျပ် (၇၀၀၀၀) မှ ကျပ် (၁၀၀၀၀၀) ကျော်ဝန်းကျင်လောက်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး 3G Handset ဖြစ်တဲ့ Smart 12 3G Plus ကိုတော့ ပျှမ်းမျှ ကျပ် (၅၀၀၀၀) ဝန်းကျင်ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 အဆိုပါ Smart 12 အမျိုးအစား အူရီဒူးအမှတ်တံဆိပ် ဟန်းဆက်တွေကို ၀ယ်ယူအသုံးပြုသူများ အနေနဲ့ တစ်လတစ်ကြိမ်ငွေဖြည့်သွင်းတိုင်းမှာ အပိုငွေဖြည့်လက်ဆောင်ကို (၁၂) လ တိတိရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဟန်းဆက်တွေကို အာမခံ (၁) နှစ် ပေးထားပြီး ဝယ်ယူပြီး (၃)လ အတွင်း မှာ စက်ချို့ယွင်းချက်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  ဟန်းဆက်အသစ်နဲ့ ပြန်လည်လဲလှယ် ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ Ooredoo Smart 12 Series ဟန်းဆက် တွေကို လာမယ့် (၂၀၁၆) ခုနှစ် နိုဝင်ဘာလ အတွင်းမှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး မိတ်ဆက်ပွဲနဲ့ ရောင်းချပွဲအခမ်းအနားနေ့ရက်ကို Ooredoo Myanmar ရဲ့ Official Facebook Page မှာ ကြေညာပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။

#refer



Today's Mobile Training & Service center

G730-C00 Software Deadboot repair & Image signature verify fail Error ဖြေရှင်းနည်း



G730-C00 တွေ firmware ဘယ်လို့မှတင်မရ၍သော်လည်းကောင်း Deadboot ဖြစ်သွား၍သော်လည်းကောင်း အရင် boardfirmware ကိုအပြေးရှာကြမှာပါ ဒါပေမဲ့ ခက်တာက download လဲဆွဲပြီးရော အသုံးပြုမရဘူး အဲ့မှာအခက်စတွေ့ခဲ့ဘူးကြမှာပါ အဲ့လိုမျိုးကြုံလာခဲ့ရင် ယခုဒီနည်းလမ်းလေးကိုအသုံးပြုပြီးရှင်းကြည့်စေချင်ပါတယ်……….

ပထမဦးစွာ ဖုန်းကို ဖြုတ်လိုက်ပါ ပြီးနောက်စက်ပြားတွင်

အောက်ဖော်ပြပါပုံအတိုင်း C လေးကို ဇာဂနာနဲ့ခွထောက်ထောက်ပြီး Usb ကြိုးထိုး၍ Computer နှင့်ချိတ်ဆက်လိုက်ပါ ဘယ်ထရီ တတ်စရာမလိုပါဘူး စက်ပြားကြီးပဲ ချိတ်လိုက်ပါ အဲ့ဒိအခါ Device Manager ၏ Ports ဆိုတဲ့နေရာတွင် Qdloader 9008 mod သိနေပါလိမ့်မယ် ဒါဆို ကျွန်တော်တို့ Block 0 backup ရေးသားဖို့အတွက် 9006 mod

သို့ပြောင်းလဲဖို့လိုအပ်ပါလိမ့်မယ်


------- Download Link -------


အထပ်ပါလင့်ကို Download ဆွဲ၍ ရရှိလာသော file ကို Mi flash ကို အသုံးပြု၍သော်လည်းကောင်း Tool Studio ကိုအသုံးပြု၍သော်လည်းကောင်း ရေးသားလိုက်သည်နှင့်တစ်ပြိုင်နက် ခုနက Device manager ၏ Port ဆိုတဲ့နေရာမှာ 9006 mod သို့ ပြောင်းလဲသွားပါလိမ့်မယ် ဒါဆိုခုနကရေးသားခဲ့သော Tool ကိုပြန်ပိတ်ပြီး eMMC RAW Tool မှ Block 0 backup အားထည့်သွင်းရေးသားပေးလိုက်ပါ (မှတ်ချက် – Block 0 backup ရဖို့အတွက် အလုံးတူ ဖုန်းတစ်လုံးလိုအပ်သည်)ရေးသားပြီး 100% ပြည့်သွားပြီဆိုရင်တော့ မိမိတော့ ကြိုတွေ့နေရသော Error (သို့) လျော်ပေါက်တို့မှကင်းဝေးသွားပါပြီခင်ဗျာ………

refer - Ye Thway



Today's Mobile Training & Service center

Pyone Play Application



Channel 7 , MRTV 4 လိုင်းများမှထုတ်လွှင့်ပြသတဲ့ အစီအစဉ်များအပြင်
အစီအစဉ်တော်တော်များများကို ကြည့်ရှု့နိုင်မဲ့ Pyone Play application ကို
တင်ပေးလိုက်ပါတယ်။ အစီအစဉ်များကို ဖုန်းကနေတိုက်ရိုက်ကြည့်ရှု့လိုပါက
application လေးကိုရယူလိုက်ပါ။


------- Pyone Play Application Download Link --------



Today's Mobile Training & Service center

AIO Mobile USB Driver Tool



Mobile phone အမျိုးအစားစုံလင်စွာပါရှိတဲ့ Driver Tool လေးကို
တင်ပေးလိုက်ပါတယ်။ ဖုန်းအမျိုးအစားမျိုးစုံအတွက် ပါဝင်တာကြောင့်
တော်တော်လေး အဆင်ပြေတဲ့ Tool လေးဖြစ်ပါယ်။ လိုအပ်မှု့ရှိရင်တော့
ရယူနိုင်ပါတယ် ခင်ဗျ။


------- All in One Mobile USB Driver Tool -------



Today's Mobile Training & Service center

Friday, October 21, 2016

Plants vs Zombies Heroes latest Application



Plants vs Zombies gane တွေထဲကတစ်မျိုးဖြစ်တဲ့
pvz heroes game လေးရဲ့ latest version လေးကိုတင်ပေးလိုက်ပါတယ်။
Online game အမျိုးအစားဖြစ်ပြီး plants တွေနဲ့ Zombies တွေနဲ့အပြန်အလှန်တိုက်ခိုက်
ရတဲ့ game လေးဖြစ်ပါတယ်။ ဆော့ကစားလိုပါက ရယူနိုင်ပါတယ်။


------- Plants vs Zombies Heroes latest version Download Link -------



Today's Mobile Training & Service center

မြန်မာသီချင်းတွေကို အသံနဲ့ရှာဖွေနိုင်မဲ့ Melomap application



မြန်မာသီချင်းတွေကို အသံကြားရုံနဲ့ရှာဖွေပေးနိုင်မဲ့ Application လေးကိုတင်ပေးလိုက်ပါတယ်။
ဒီ Application လေးကနေပြီး မြန်မာသီချင်းတွေရဲ့စာသားများကိုလည်း ရှာဖွေနိုင်ပါတယ်။
application လေးကိုတော့ Android ဆိုရင် Google Play Store / iOS ဆိုရင် App Store
တို့ကနေဝင်ရောက်ရယူနိုင်ပါတယ်။








Today's Mobile Training & Service center

Telenor AIO application



Telenor SIM Card အသုံးပြု သူတွေအတွက် Telenor AIO application လေးကိုတင်ပေးလိုက်ပါတယ်။
ဒီ application လေးကနေပြီး Telenor Sim နဲ့ပတ်သတ်သမျှ ကိစ္စရပ်များကိုဆောင်ရွက်နိုင်ပါတယ်။
အသုံးပြုလိုရင်တော့ Download ရယူနိုင်ပါတယ်။


------- Telenor AIO application Download Link -------




Today's Mobile Training & Service center

Xiaomi Device များရဲ့ MIUI 7 မှာ FRP Unlock ပြုလုပ်နည်း Video



Xiaomi Device များအတွက် MIUI 7 version မှာ FRP Unlock ပြု လုပ်နည်းလေးကို
မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးကို Ye Lin Aung မှတင်ပေးထားတာဖြစ်ပါတယ်။
Video tutorial လေးဖြစ်ပါတယ်။ နဲနဲတော့ဝါးပါတယ် :)


------- Video ဖိုင်အားကြည့်ရှု့လေ့လာရန် -------

credit - Ye Lin Aung



Today's Mobile Training & Service center

Thursday, October 20, 2016

iPhone 7 မှာ Home ခလုတ်ပျက်သွားရင်တောင် ဆက်လက်အသုံးပြုနိုင်ဖို့ Apple စီစဉ်ပေးထား



Apple ရဲ့ နောက်ဆုံးထုတ် iPhone 7 မှာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုက Home ခလုတ်က တကယ်ဖိနှိပ်လို့ရတဲ့ ခလုတ်အရှင်မဟုတ်တော့ဘဲ၊ taptic engine သုံး ဖိအားသိခလုတ်သေတစ်ခု ဖြစ်သွားတာကို သိပြီးဖြစ်မှာပါ။
ဒီလို virtual ခလုတ်တစ်ခုအဖြစ်ပြောင်းလဲလိုက်တာက IP67 ရေစိမ်ခံအဆင့်သတ်မှတ်ချက်ရဖို့အတွက် အထောက်အကူပြုခဲ့သလို၊ နောက်ထပ်အားသာချက်တစ်ခုလည်း ရှိပါသေးတယ်။

ဒါကတော့ iOS ရဲ့ diagnostic software ကနေ Home ခလုတ်မှာ taptic engine ဖြစ်ဖြစ် တစ်ခုခုချို့ယွင်းနေပြီလို့ သိတာနဲ့ စခရင်အပေါ်မှာ ဟုမ်းခလုတ်အစားထိုးခလုတ်တစ်ခု ဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီအချက်ကိုတော့ MacRumors ဆိုက်ဖိုရမ်အသုံးပြုသူတစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ အားသွင်းနေရင်းနဲ့ ဖုန်းပိတ်သွားပြီးနောက်မှာ Home Button အစား စခရင်ပေါ်ကဟုမ်းခလုတ်ကို သုံးပေးဖို့ မက်ဆေ့ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။  ဖုန်းကို restart ချကြည့်ပြီးနောက်မှာ Home Button ခလုတ်က ခဏအလုပ်လုပ်နေပေမယ့်၊ မကြာခင်မှာတော့ တစ်ချက်နှိပ်လိုက်တိုင်း သုံးလေးချက်ဆက်တိုက်တုံ့ပြန်မှု လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ Home Button က လုံးဝအလုပ်မလုပ်တော့ဘဲ၊ စခရင်ပေါ်က ဟုမ်းကီးနဲ့သာ သုံးလိုက်ရကြောင်း ရေးသားထားပါတယ်။

ဒီအတွက်ကြောင့် iPhone 7 အသုံးပြုသူတွေအနေနဲ့ Home Button ရုတ်တရက်ချို့ယွင်းသွားရင်တောင် စခရင်ပေါ်က ဟုမ်းခလုတ်နဲ့ အဆင်ပြေပြေသုံးနေနိုင်မှာဖြစ်ပါတယ်။ Apple ဟာ နောက်ထုတ်မယ့် iPhone 8 မှာ Home Button ကို လုံးဝဖြုတ်ပစ်မယ်ဆိုတဲ့ သတင်းတွေက ဒီတိုင်းဆို တကယ်မှန်လာနိုင်ပါတယ်။

#refer


Today's Mobile Training & Service center

King Root v4.1 Application



Android ဖုန်းများကို user တွေကိုယ်တိုင် Root ပြုလုပ်နိုင်တဲ့ King Root apk
ရဲ့ version 4.1 ကိုတင်ပေးလိုက်ပါတယ်။ King Root apk version အများကြီးရှိတဲ့
ထဲကဒီ version ဟာတော်တော်အဆင်ပြေပြေ Root နိုင်ပါတယ်။ အချို့ဖုန်းတွေမှာဆိုရင်
latest version နဲ့ဖောက်မရတဲ့အခါဒီ version လေးနဲ့ပြောင်းပြီးဖောက်ကြည့်တဲ့အခါမှာ
အဆင်ပြေတာတွေ့ရပါတယ်။ Lollipop version တွေမှာလည်း update version နဲ့
Root မပေါက်ပေမဲ့ဒီ version နဲ့ပေါက်တာတွေ့ရပါတယ်။ King Root v4.1 apk
လေးကိုလိုအပ်ပါက ရယူလိုက်ပါ။


------- King Root version 4.1 Application ရယူရန် -------



Today's Mobile Training & Service center

Alcatel One Touch smart phone များအား Frp Lock ဖြည်နည်း



Alcatel မှထုတ်သော smart phone များအား FRP lock ဖြည်နည်းလေးကို
ရှင်းပြထားတဲ့ Video ဖိုင်လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဖိုင်လေးကို Thiha Aung မှ
တင်ပေးထားတာဖြစ်ပါတယ်။ ဝင်ရောက်လေ့လာ ကြည့်လိုက်ပါ။


------- Video ဖိုင်အားဝင်ရောက် ကြည့်ရှု့ရန် -------



Today's Mobile Training & Service center

Xiaomi Mi Max နှင့် Mi Max Pro တို့ကို Mi Account Unlock လုပ်နိုင်မဲ့ဖိုင်



Xiaomi Mi Max နှင့် Mi Max Pro တို့ကို Mi Account Unlock လုပ်နိုင်မဲ့ဖိုင်
လေးတွေကိုတင်ပေးလိုက်ပါတယ်။ ဒီဖိုင်လေးတွေကို Mi Flashtool ကနေ EDL mode နဲ့
flash ပေးရမှာဖြစ်ပါတယ်။ ဖိုင်လေးတွေကိုတော့ လိုအပ်ရင်ရယူလိုက်ပါ။


------- Xiaomi Mi Max ( 16 / 32 GB ) For Mi Acc Remove file -------


------- Xiaomi Mi Max Pro ( 64 / 128 GB ) For Mi Acc Remove file -------


password - xiaomisolutionmyanmargroup

credit - Aung Min Han



Today's Mobile Training & Service center

PHICOMM ဖုန်းများအား Root မလိုမြန်မာစာထည့်သွင်းနည်း



PHICOMM ဖုန်းများအားမြန်မာစာကို Root မလိုထည့်သွင်းနည်း
လေးကိုတင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့ဖိုင်လေးကို ရယူပြီးလေ့လာကြည့်
လိုက်ရအောင် -


------- ZawgyiOne 2014 ( Thuraaung ) Font Download Link -------


လိုအပ်သောဖိုင်အား ရယူပြီးရင်တော့ အောက်ကနည်းလမ်းလေးအတိုင်း လုပ်ဆောင်လိုက်ပါ။


File manager -myfile -internal storage -auitheme -thrmes- ထဲကို down ထားတဲ့ zip file လေးထည့်ပေးလိုက်ပါ ပြီးတော့ Themes app ထဲကိုဝင်မယ် local font ထဲမှာ zawgyi one2 လေးကို Apply Reboot ချလိုက် PHICOMM myanmar font လေးရပါပြီ ✔ ✔ ✔

refer - Thu Ta Aung



Today's Mobile Training & Service center

Wednesday, October 19, 2016

MTK ဖုန်းတွေမှာ imei ပြသနာကို nv ဖိုင်မလိုဖြေရှင်းနည်း



Mtk  ဖုန်းတွေ  firmware တင်ပြီး  imei invalid  ဖြစ်ရင်

nv  ဖိုင်  backup  restore လုပ်ဖို့မလိုပါဘူး။ Nv  ဖိုင် ရှိတဲ့  နေရာကို Hex နဲ့ပြင်တဲ့နည်းလေးပါ။

Flashtool ကိုဖွင့်ပါ။ Welcome  နေရာကို  ရွေးပါ။ Ctrl+Alt+V ကိုနှိပ်ပါ။

အပေါ် window နေရာက write Memory ကို အမှန်ခြစ်ပေးပါ။ Begin Address(HEX)  နေရာရဲ့

နောက်က 0x????????? နဲ့စတဲ့နေရာကို တွေ့ရပါမယ်။ ခနဒီတိုင်းထားထားပါ။

ခုနကရေးလိုက်တဲ့ flashtool firmware ထဲက scatter.txt ကို  note++ နဲ့ဖွင့်ပါ။

partition name NVRAM ရဲ့အောက်က linear start addr: 0x1800000

ဂဏန်းတွေကို(0x1800000)ကို copy လုပ်ပါ။ ပြီးရင်  ခုနက  flashtool ကိုပြန်သွားပါ။

Begin Address(Hex): နောက်က  ဂဏန်းတွေနေရာမှာ  Paste လုပ်လိုက်ပါ။

ပြီးရင် ဖုန်းကိုပါဝါပိတ် ပြီး write memory နေရာကို နှိပ်လိုက်ပါ။

အစိမ်းရောင် အဝိုင်းတက်လာရင် imei ကိုhex  နဲ့ပြင်နည်းပြီးဆုံးပါပြီ။

ပုံလေးတွေကိုကြည့်ပြီး လေ့လာကြည့်ရအောင် -





refer - New Star Mobile



Today'


.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes