Sunday, December 11, 2016

5A Supply ကို သင်သေချာအသုံးပြု တက်ပြီလား ???



5A Supply ကိုသင်သေချာ အသုံးပြု တက်ပြီလား ???
ဘယ်အရာမဆို သေချာအသုံးပြု တက်မယ်ဆိုရင် ကိုယ့်အတွက် ပိုပြီးအကျိုးရှိနိုင်ပါတယ်။
ဒါကြောင့် 5A Supply အသုံးပြု ပုံကို အသေးစိတ်လေးဖော်ပြပေးထားတဲ့
ကိုကိုအောင်ရဲ့ မျှဝေမှု့လေးကို လေ့လာကြည့်ကြရအောင်


ဒီတစ်ခါတော့ 5A စပလိုင်းကို အသုံးပြုပြီး

power on sequence ကိုအမ်ပီယာနဲ့ခန့် မှန်း

တဲ့နည်းလေးပါ Qualcomm device နဲ့

MTK device တို့ ရဲ့ boot sequence အနဲငယ်

ကွာခြားမှုရှိပါတယ် အခုပုံလေးတွေကတော့

Qualcomm device တစ်ခုဖြစ်တဲ့ G520

မော်ဒယ်လေးရဲ့ ပုံလေးတွေပါ

ဖုန်းအကောင်းတစ်လုံးရဲ့အလုပ်လုပ်ပုံကိုသိထားရင်

error တက်နေတဲ့ဖုန်းတစ်လုံးကို အမ်ပီယာကြည့်ပြီး

ဘယ်အပိုင်းလောက်မှာ error ဖြစ်နေတယ်ဆိုတာ

အကြမ်းဖျဉ်းခန့် မှန်းလို့ ရပါတယ်

ကောင်းမွန်တဲ့ဖုန်းတစ်လုံးဟာ

qualcomm ဖြစ်ဖြစ် mtk ဖြစ်ဖြစ် စပလိုင်းနဲ့ချိတ်ချိတ်

ခြင်းမှာ အမ်ပီယာလုံးဝတက်မနေရပါဘူး

0.00A မှာပဲရှိနေရမှာပါ

တကယ်လို့ အမ်ပီယာ တစ်ခုခုပြနေရင်တော့

ပုံမှန်မဟုတ်တော့ပါဘူး ချွင်းချက်အနေနဲ့

ပါဝါအိုင်စီမပါပဲCPU ကနေ တိုက်ရိုက်ပါဝါပိုင်းပါ

မောင်းနှင်ထားတဲ့ spectrum device တွေမှာတော့

ချိတ်ချိတ်ခြင်းအမ်ပီယာ အနဲငယ်ပြနေတတ်ပါတယ်

ပါဝါကီးကိုဖိလိုက်မှ 0.00A ကိုအရင်ဆင်းသွားပြီး

ပါဝါနိုးမှသာ  အမ်ပီယာဆက်ဆွဲ ပါလိမ့်မယ်

G520 မှာ ပါဝါကီးကိုဖိလိုက်ရင် တစ်စက္ကန့် တိုင်းမှာ

အမ်ပီယာလေးတွေပြောင်းလဲနေပါတယ်

ဖိဖိခြင်းပထမ 1sec မှာ 0.02A ပြပါတယ်

ဒုတိယ 2sec လောက်မှာ 0.09A လောက်ထိတက်လာပြီး 0.15 A လောက်မှာ

reset ကျတဲ့အကြောင်း message ပို့ တဲ့အနေနဲ့

vibrator တစ်ချက်တုန်ပေးပါတယ်

ဒါဟာပါဝါနိးပြီလို့ လူကသိနိင်မဲ့အချက်ပါ

ဒီကနေ အမ်ပီယာဆက်ဆွဲပြီး0.17A လောက်မှာ

ပထမ logo ကိုစတင်တွေ့ရပါတယ်

ဒီကနေ ဆက်ပြီးအမ်ပီယာ အတက်အကျလေးတွေကစားနေပါမယ်

boot sequence ရဲ့ အလယ်လောက်မှာ အမ်ပီယာ

0.40 ခန့် ထိတက်သွားပြီး ဒုတိယ logo ဖြစ်တဲ့

3G logo ပိုင်းကိုကူးပြောင်းသွားပါတယ်

ဒီအပိုင်းမှာတော့မိနစ်အနဲငယ်ကြာတတ်ပါတယ်

kernel အနေနဲ့လိုအပ်တဲ့Hardware ပိုင်းနဲ့

system software ပိုင်းတွေကိုချိတ်ဆက်ပေးနေပါတယ်

အားလုံးချိတ်ဆက်ပြီးလို့ ဘာ error မှမရှိဘူးဆိုရင်

ဒုတိယအကြိမ် vibrator တစ်ချက်ထပ်တုန်ပေးပါတယ်

သဘောကတော့ system ပိုင်းအားလုံးချိတ်ဆက်ပြီး

ကြောင်း user ကိုသတင်းပြန်ပို့ တာပါ

တဆက်ထဲမှာပဲ အမ်ပီယာအနဲငယ်ထပ်တက်သွားပြီး

user mode ဖြစ်တဲ့ homescreen ကိုအောင်

မြင်စွာရောက်ရှိလာပါတယ်

အမ်ပီယာ 0.50A ထိပြတတ်ပါတယ်အားလုံးပြီးဆုံး

သွားချိန်မှာတော့အမ်ပီယာပြန်ကျသွားပါတယ်

0.14A လောက်ထိဆင်းသွားပါတယ် ဒါဟာuser အနေနဲ့

ဘာများခိုင်းမလဲလို့ စောင့်နေပေးခြင်းပါ system ပိုင်းက အချို့ မလိုအပ်တဲ့ device တွေကို ခေတ္တ အနားပေး

ထားတဲ့အတွက် အမ်ပီယာလျှော့သွားတာလဲဖြစ်ပါတယ်

user အနေနဲ့ ဘာမှအသုံးမပြုဘူးဆိုရင်တော့ အချိန်တစ်ခု

ပြည့်သွားတဲ့အတွက် screen ပိတ်ပြီး standby အနေနဲ့

စောင့်ပေးနေပါတယ် ဒီအချိန်ကြရင်တော့ တစ်ချိန့် ဖုန်း

တွေက 0.00A ထိဆင်းစောင့်ပေးကြတယ်

တစ်ချို့ကတော့ 0.02A လောက်ထိပြနေတတ်ပါတယ်

ဒါဟာboot sequence တစ်ပတ်ပြည့်ခြင်းလို့ လဲ

အဓိပ္ပါယ်ရပါတယ် user အနေနဲ့အသုံးပြုလိုရင်တော့

ပါဝါကီးလေးတစ်ချက်ဖိလိုက်ရုံပါပဲ အမ်ပီယာတစ်ချက်

0.35A.လောက်ဆွဲသွားပြီး

0.20A နဲ့ 0.15A ကြားထဲမှာအဆင်သင့်စောင့်

ပေးနေတာတွေ့ရပါမယ်။










credit - ကိုကိုအောင်





Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes