MTK ဖုန်းတော်တော်များများမှာပါတဲ့ network ပိုင်းမှာရော စက်နိုးခြင်းအပိုင်းမှာရော ပါတဲ့ MT6166 . MT6167 RF ဟုလည်း ခေါ်ကြသည် ( power ic အမျိုးအစားပေါ်မူတည်၍ ကွဲပြားနိုင်ပါသည် MT6166 MT6167 ဘာညာသာတကာ ဟုဆိုကာ )
အဲ့ကောင်လေးတွေကို network အပိုင်းမှာ ရော စက်နိုးခြင်းအပိုင်းမှာ ရော ထည့်သုံးကြပါတယ် အဲ့ IC ပျက်နေရင်သော်လည်းကောင်း ဖြုတ်ထားရင် သော်လည်းကောင်း စက်မနိုးနိုင်ပါဘူး .
ကျနော် တို့ ခနခနကြုံဘူးကြမှာပါ 730-U00 လိုmoldel မျိုးမှာ LCD ဆော့ကပ်လဲတာ ပါဝါ မလာတော့ဘူးဆိုတဲ့ ဟာမျိုး .....ဘာလို့လဲ ဆိုတော့ အဲ့ LCD ဆော့ကပ်ရဲ့ အောက်မှာ အဲ့ MT 6166 IC လေး ခဲလွတ်သွားလို့ပါ ....
သူရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလဲ ဆိုတော့ ....
Power IC ကနေ့ပီးတော့ အဲ့ IC လေးကို လှမ်းမေးပါတယ် မင်းရှိလားးးး အဲ့အချိန်မှာ အဲ့ IC ကောင်းတယ် ဆိုရင် သူက power IC ကို ပြန်ပြောပါတယ် အေး...ငါ ရှိတယ် .......
အဲ့အချိန်မှာ power IC က သူ့ရဲ့ အကြောင်းပြန်တာကို
CPU ကို လှမ်းပြောလိုက်ပါတယ်
ဟေ့ကောင် CPU ကြီး ဟိုကောင် 6166 ဆိုတဲ့ ငတိ တော့ ရှိတယ် ဟ
ဟိုကောင် ငါ့ပြန်ပြောတယ် ဆိုပီး .......
အဲ့အချိန်မှာ CPU က power IC ကနေ ပြောတဲ့ 6166 ရှိတယ် ဆိုတဲ့ စကားနဲ့ စက်နိုးခြင်းစတင်ပါတယ် .......
အဲ့အချိန်မှာ ဘယ်လို Volt အားပေးသွင်းလဲ ဆိုတော့...
ပုံ ( 1 ) မှာ ပြထားပါတယ် ပုံ ( 1 ) က Vdd 1.8 နဲ့ VTCHO 2.8 ဆိုပီး 1.8 တလိုင်းနဲ့ 2.8 နှစ်လိုင်း ကို power IC ကနေ MT6166 ဆိုတဲ့ IC လေးကို Volt အားပေးသွင်းပါတယ်
အဲ့ volt က အဲ့ MT6166 IC လေးကို နိုးထဖို့ပေးသွင်းတဲ့ volt ပါ IC တပ်မထားလဲ သူ့ကိုပေးတဲ့ power IC ကောင်းရင် ရောက်နေမှာပါ ....
ပုံ ( 2 ) မှာတော့ အဲ့ MT6166 IC ကောင်းမှ ပြန်ထွက်မဲ့ VOLT ပါ
အဲ့ IC မကောင်းရင် အဝါ ရောင် နဲ့ ထိုးပြထားတဲ့ 1.8 VOLT တေ မထွက်ပါဘူး IC ဖြုတ်ထားရင် လဲ မထွက်ပါဘူး
အဲ့တော့ MT6166 ဆိုတဲ့ IC ထဲကို power IC ကပေးတဲ့ အဝင်volt သာရှိပီး ic မကောင်းရင် အဝါရောင် နဲ့ ပြထားတဲ့ 1.8 volt လေးတေ မထွက်နိုင်ပါဘူး......
အဲ့တော့ Power ic ကိုပြန်အကြောင်းမကြားနဲ့အတွက်
power ic က က cpu ကိုလှမ်းမပြောတော့ပါဘူး
အဲ့အခြေအနေမှာ ဖုန်းကို စက်ပလိုင်းနဲ့ ချိတ်ရင် 0.1 လောက် တက်ပီး လွတ်ရင် ပြန်ကျသွားပါတယ်
eMMC မကောင်းရင်လဲ အဲ့ error မျိုးပြပါတယ် သူကတော့ 0.2 လောက်ထိ တက်ပါတယ် လွတ်ရင် ပြန်ကျပါတယ်
6166 မကောင်းရင်တော့ 0.1 လောက်ပဲတက်ပါတယ် လွတ်ရင် ပြန်ကျပါတယ်
အတော့ တပြင့်အပိုင်းတေ မကောင်းတာလား
mt6166 icလေးမကောင်းတာလား ဆိုတာကို သူ့ရဲ့ အဝင် volt အထွက် volt နဲ့ စစ်နိုင်ပါတယ်
ပုံ ( 1 ) နဲ့ ပုံ ( 2 ) ကိုကြည့်ပီး တော့
ကျနော် နမူနာ ပြထားတာ 730-U00 ပါ
poweric 6323 ဆိုရင် MT6166 ပါ
610U00 ဆိုရင် power ic 6320 ဖြစ်ပီး MT 6167 လို့
pw ic ပေါ်မူတည်၍ ပြောင်းလဲ နိုင်ပါတယ်
မှားတာများရှိရင်လဲ ထောက်ပြပေးလို့ရပါတယ်
ဆရာအားလုံးလေးစားလျက်
refer - Good Good
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment