Sunday, September 11, 2016

ဖုန်းများတွင်ပါဝင်သော Store account များကိုအသုံးပြုခြင်းနှင့် ပတ်သတ်ပြီးသတိထားသင့်တာလေး


Mobile phone user တွေအနေနဲ့ ဖုန်းများတွင်ပါဝင်တဲ့ Store များကိုအသုံးပြုရန်
account များဖွင့်ပြီးအသုံးပြုကြတဲ့အခါမှာ ခုနောက်ပိုင်းတော်တော်များများကြုံတွေ့နေရတာလေးကို
သတိပြုနိုင်ရန် ရေးသားလိုက်ပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ Xiaomi တို့ Flyme တို့လိုဖုန်းတွေမှာ
Mi account , flyme account တို့ကိုဖွငိ့ပြီးသုံးကြတဲ့အခါမှာ အသုံးပြုရန် account ဖွင့်တာကတော့
လွယ်ကူတာကြောင့် လူတိုင်းအသုံးပြုနေကြတာတွေ့ရပါတယ်။ ဒါပေမဲ့ error တစ်ခုခုတက်လာလို့
မိမိကိုယ်တိုင် Factory Reset ချလိုက်တာတို့ firmware ကျသွားလို့ ပြန်တင်တဲ့အခါတို့မှာ
ဖုန်းကို activate ပြန်လုပ်ရင် ကိုယ်ဖွင့်ထားတဲ့ account နဲ့ password များကိုမေးတာလေးတွေ
တော်တော်ကြုံတွေ့နေရပါတယ်။ ဒီအခါကျရင် မှတ်မိတဲ့သူတွေအတွက်တော့ အကြောင်းမဟုတ်ပေမဲ့
မမှတ်မိဘူးဆိုရင်တော့ ဒုက္ခရောက်ပါပြီ။

ဘာကြောင့်လည်းဆိုရင်တော့ ဒီအကောင့်တွေဟာတော်ရုံဖြည်ရန်မလွယ်ကူသလို service ပေးတဲ့
ဆိုင်တွေကလည်း လက်တလောမှာအနည်းငယ်သာရှိပါသေးတယ်။ အရင်တုန်းကတော့ ဒီလိုပြသနာဟာ
iOS device တွေမှာသာ iCloud lock ဆိုပြီးရင်ဆိုင်ကြရပေမဲ့ အခုနောက်ပိုင်း Android တွေမှာလည်း
သူနဲ့သက်ဆိုင်ရာ iD lock များနှင့်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်ဘယ်လိုအကောင့်မျိုးတွေကိုပဲဖြစ်ဖြစ်
အသုံးပြုမယ်ဆိုပါက အသုံးပြုသမျှအကောင့်များရဲ့ account & password များကိုသေချာမှတ်ထားနိုင်ကြစေရန်
အသိပေးရေးသားလိုက်ရပါတယ်။

#refer

Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes