Thursday, December 22, 2016

iOS Device အသုံးပြု သူတွေအတွက် Facebook ပေါ်က Video တွေကို Download ရယူနည်း



iOS Device အသုံးပြု သူတွေအတွက် Facebook ပေါ်မှာတင်ထားတဲ့
Video ဖိုင်တွေကို Download ရယူချင်ရင်တော့ အခုတင်ပေးတဲ့နည်းလမ်း
လေးအတိုင်းလုပ်ဆောင်နိုင်ပါတယ်။ အရင်ဆုံးလိုအပ်တဲ့ software လေးကို
တော့ Download ရယူရပါမယ်။ အသုံးပြု ရန်လိုအပ်တဲ့ MyMedia software အား
အရင်ဆုံး ရယူလိုက်ပါ။


•°•°•°• MyMedia software Download Link •°•°•°•


ပြု လုပ်ပုံအဆင့်ဆင့်အား ဆက်လက်လေ့လာရအောင် :)


software အား Download ရယူပြီးရင်တော့ download ပြုလုပ်ချင်တဲ့ facebook video file ကို facebook app ကနေရွေးချယ်ပြီး Share button ကို နှိပ်ကာ Copy Link ဆိုတာကို ရွေးပေးရပါမယ်။



Copy Link ကိုရွေးပြီးရင် My Media ဆိုတဲ့ app ကိုဖွင့်ပြီး Browser ဆိုတဲ့ tab ကိုရွေးချယ်ပေးရပါမယ်။ ရွေးပြီးသွားရင် http://en.savefrom.net ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်လိုက်ပါ။



Enter URL ဆိုတဲ့နေရာမှာ Facebook ကနေ copy ပြုလုပ်ထားတဲ့ link ကို paste ကိုပြုလုပ်ပြီး ဘေးနားက ဖော်ပြထားတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Download the file ဆိုတာကို နှိပ်ပြီး စတင် download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။



အဆိုပါ ဗီဒီယိုဖိုင်တွေကို Camera Roll ထဲ ထည့်သွင်းထားချင်တယ်ဆိုရင် Media ဆိုတဲ့ Tab ကို နှိပ်ပါ။ Camera Roll ထဲ ထည့်သွင်းချင်တဲ့ ဗီဒီယိုဖိုင်ကို ရွေးချယ်ပြီး Save to Camera Roll ဆိုတာကို နှိပ်လိုက်ပါ။



ဒီနည်းလမ်းလေးအတိုင်းဆိုရင်တော့ iOS Device အသုံးပြု သူတွေအနေနဲ့
Facebook ပေါ်မှာတင်ထားတဲ့ Video တွေကို Camera Roll ထဲသို့
အဆင်ပြေပြေနဲ့ ရယူနိုင်ပြီဖြစ်ပါတယ်။


#credit


Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes