Monday, December 5, 2016

Huawei Y511-U00 မှာ VBAT Short error တက်ခဲ့ရင်ပြန်လည်ဖြေရှင်းနည်း



Huawei Y511-U00 စမတ်ဖုန်းတွင် VBAT Short error နဲ့ပတ်သတ်ပြီး
ပြန်လည်ဖြေရှင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဆက်လက်ပြီးလေ့လာကြည့်ရအောင်

Huawei Y511-T00 ရဲ့ Schematic Diagram နဲ့ Layout Map ယှဉ်ကြည့်ပြီး ပြင်လိုက်ပါတယ်။ ဒီ Diagram လေးကိုတော့  Russia Site တခုကနေရလာတာပါ။


••••••• Diagram Download Link •••••••

••••••• Layout Map Download Link •••••••


Step 1: 2A Power Supply နဲ့ အပေါင်း အနုတ် မှန်အောင်ချိတ်လိုက်တော့  Power Supply မှာ တီ ဆိုအသံမြည်လာတယ်။ Battery အပေါင်းငုတ် Short ကျနေတာပါ Input Short ပေါ့။ VBAT လမ်းကြောင်းမှာ Short ကျတာပါ။ ***(အမှန်တကယ်တော့ Short ကနှစ်မျိုးပဲ ရှိတာပါ။ Power IC(PMU) ရဲ့ အ၀င်လမ်းကြောင်းမှာ Short ဆိုရင် Input short, Power IC အထွက်ဆိုရင် Output Short ပါ။ Short အကြောင်းရေးမယ်ဆိုရင် စာမျက်နှာ လေးငါးမျက်နှာမက ရေးလို့ရပါသေးသည်။)***


Step 2: 5A Power Supply ကို သုံးပြီး အနုတ်ကို အနုတ်ချိတ် အပေါင်းကို Battery အပေါင်းငုတ်ကိုချိတ်လိုက်တော့ LCD Backlight အုပ်စုထဲက Coil L901 ပူလာပါတယ်။FIG 1: မှာကြည့်ပါဗျာ။ Coil က Short မကျပါ။ လမ်းကြောင်းတူ Condensor C933 လေး Short ကျလို့ Coil က Auto Short ကျတာပါ။ FIG 2: Circuit Diagram , FIG 3: Layout Map မှာကြည့်ပါဗျာ။ Condensor C933 လေးကို ဖြုတ်လိုက်တော့ Condensor အောက်ကခဲငုတ်မှာ Short လွတ်သွားပါပြီ။FIG 4: မှာကြည့်ပါဗျာ။ OK ပါပြီ။ Battery အပေါင်းငုတ်လည်း Short လွတ်သွားပါပြီ။


Step 3: FIG 5: Phone ကို Assemble ပြန်လုပ်လိုက်ပါပြီ၊ Battery တပ်၊စက်နိုးလိုက်တော့ OK ပြီပေါ့။

***( VBAT လမ်းကြောင်းတလျောက် Short ကျနိုင်လို့ ခုလို LCD Backlight အုပ်စုက Condensor လေးပဲ Short ကျမယ်လို့မဆိုလိုပါ။)***

(ဒီ POST ကနေ ညီအစ်ကိုတို့ တခုခုရရင် ကျေနပ်ပါပြီ။)





refer - PN Mobile



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes