Thursday, December 1, 2016

IC data ပြန်ရေးရင် သတိထားရမဲ့အချက်များ



IC data ပြန်ရေးရင်သတိထားရမဲ့ အချက်များကို သိရှိစေရန်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်

1. emmc name
IC မှာ ထုတ်လုပ်တဲ့ company နာမည်တွေပါပါတယ်ဗျ။ ပထမဆုံး ကျွန်တော်တို့ သတိထားရမဲ့တာ chipset ထုတ်တဲ့ company နာမည်ပါပဲ။ ဖြုတ်လိုက်တဲ့ ic က samsung တံဆိပ်
နဲ့ဖြစ်နေခဲ့မယ်ဆိုရင် ပြန်တပ်တဲ့ ic ကလည်း samsung တံဆိပ်ပဲဖြစ်ရပါမယ်။ကွဲလို့မရပါဘူး။ အကယ်လို့များ samsung ကို sandisk တပ်မယ် sandisk ကို samsung သွားတပ်
မယ်ဆိုရင် ကံကောင်းခဲ့ရင်တော့ နိုးမယ်။ အလုံးတိုင်းနိုးနိုင်ဖို့တော့ မလွယ်ပါဘူး။
2. boot size and prmb size
ကျွန်တော်တို့ ic data ရေးတဲ့အခါမှာ boot size နဲ့ prmb size ကို သတိထားဖို့လိုပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း သူ့မူရင်း boot size က 1.0M PRMB က 0.1M ဆိုလျှင်
နောက်တပ်မဲ့ ic ရဲ့ boot နဲ့ prmb ကို မူရင်း ကောင်နဲ့ ချိန်ညှိပေးဖို့လိုပါတယ်။ တူဖို့လိုပါတယ်။ မတူရင် မနိုးပါဘူး။ emmc box တွေဖြစ်တဲ့ gpg emmc နဲ့ epr emmc box တွေက
samsung တံဆိပ်ဆိုရင် partition ပိုင်းလို့ရပေမဲ့ ကျန်တဲ့ sandisk , hynix တို့ဆိုရင်တော့ partition ပိုင်းလို့မရပါဘူး။ UP ကတော့ ပိုင်းလို့ရပါတယ်။ဈေးနှုန်းလည်းများပါတယ်။
sandisk အများဆုံးကတော့ boot size - 2.0M , PRMB size -2.0M နဲ့ပဲအများဆုံးလာပါတယ်။နောက်ပိုင်းမှာ G730-U00 ကစလို့ နောက်ပိုင်းမော်ဒယ်တော်တော်များများက
sandisk ic နဲ့မှ အဆင်ပြေပါတယ်။ G730-U30 ကျတော့ sandisk ic တပ်ရင် မနိုးပါဘူး။ သူကစလာကတည်းက samsung တံဆိပ်နဲ့ပဲလာပါတယ်။ bootsize က mtk အလုံးတွေမှာဆိုရင် သိသာပါတယ်။ပြီးတော့ mtk တွေမှာဆိုရင် emmc data ရေးပြီး ပြန်တပ်ရင်တောင် မနိုးပါဘူး။ အဲ့လိုအချိန်ကျရင် ကျွန်တော်တို့ flashtool firmware နဲ့ full flash ရေးပေးဖို့လိုပါတယ်။
3. IC data
အပေါ်အချက်နှစ်ချက်ပြည့်စုံတယ်ဆိုရင်တော့ ကျွန်တော်တို့ သတိထားရမဲ့ အချက်က emmc data ပါပဲ။ အကောင်းဆုံးကတော့ မိမိဘာသာ backup ထုတ်ထားတဲ့ ic data တွေက သာ အဆင်ပြေဆုံးပါ။




credit - Hein Maung




Today's Mobile Training & Service center

🏠🏠 သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes