Thursday, February 9, 2017

G730_U00 charging way



USB Pin No1ကရသောချာဂျင်ဗို့သည်
testpoint  pin no 4 သို့ဆက်သွယ်ထားသည်။
ထို testpoint pin no 4 တွင် 4.9V လောက်
ရောက်ရှိနေပါမည်။ထို testpointမှ FET အကြီး
Pin no2 သို့တိုက်ရိုက်ဆက်သွယ်ထားပါသည်။
ထို FET Pin No1ကိုတော့ 0V ရအောင်ပုံပါ
အတိုင်းပြုလုပ်ထားပေသည်။ထို FET မှာ
P Channel ပေမယ့် Pin No 3 ကမသွင်းပဲ
Pin No2 ကသွင်းပြီး Pin No3 ကထုတ်တာ
ဆိုတော့ reversed ပြန်စီးအောင်လုပ်တယ်
လို့ခေါ်ပါတယ်။

FET Pin no3 မှာ 4.9Vသည်လမ်းကြောင်း၃သွယ်
ခွဲထွက်ထားပါသည်။ပထမလမ်းကြောင်းမှာခြေ
ထောက်၆ချောင်းပါသာ PNP Transistor ၏ ပင်
နံပါတ်၎(emitter)သို့တကြောင်း။
ဒုတိယလမ်းကြောင်းမှာသူ့ဘေးက FET
အသေးရဲ့Pin No1 ကို R=3.3K ကိုဖြတ်ပြီး
2.7V ပေးသွင်းခြင်းလမ်းကြောင်းတကြောင်း။
အဲ့ FET အသေးကတော N Channel FET
ပါ။ဒါကြောင့် ပထမ FET လို Pin No1 ကို 0V
မလုပ်ရပဲ Vကျွေးရတာပါ။သူကျတော့ Pin No2
က Pin No3 ကိုပို့မှာဆိုတော့ Forward ပေါ့နော်။
တတိယလမ်းကြောင်းကတော့ R=330K တန်း
ဆက်ကိုဖြတ်ထားပြီး 1.261V အဖြစ်ရယူထား
ပေသည်။ထို 1.261V  အား R=39K နှင့် GND
ချခြင်းဖြင့် 0.5V အဖြစ်ရယူကာ ပါဝါအိုင်စီသို့
ချာဂျင်သွင်းခြင်းအသိပေးလမ်းကြောင်းတို့ဖြစ်
ပါသည်။ထိုအသိပေးလမ်းကြောင်းကြောင့်
ပါဝါအိုင်စီမှ N_Channel FET Pin No2 သို့
2.2V ပြန်လည်ပို့ဆောင်ထားသည်နှင့်
FET Pin No3 နှင့်ခြေထောက်၆ချောင်းပါသော
PNP Transistor ၏ Pin No3(base)တို့တွင်
4.5Vအဖြစ်သက်ရောက်ခြင်းမှထိုTransistor
၏ Pin No_1,2,5,6(collector)တို့တွင်4.1V
ရရှိပြီး R200 ကိုဖြတ်ခြင်းမှ AC9 FET၏ Pin
No_1,2,5,6,7(Drain)သို့ရောက်စေပါသည်။
ထို AC9 FETသည်လည်း P_Channel ဖြစ်ရာ
Pin No_4,8(source)ဘက်သို့ forward စီးဆင်း
နိုင်ရန်Pin No3(gate)သို့0V အဖြစ်ဖန်တီးပေးခြင်းမှ
Battery+သို့ချာဂျင်ဗို့ရောက်ရှိလာပါသည်။
၎င်းAC9 FET သည် STANDBY အနေအထား
တွင်စက်ပြားအတွင်းသို့ REVERSED အသွင်ဖြင့်
ဗို့အားများဖြန့်ဝေထားခြင်းဖြစ်ကြောင်း။



credit - ဆရာ ဦးမောင်နိုင်



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes