ဒီနည်းလမ်းလေးကတော့ Hardware ပိုင်းအတွက်အရမ်းကို အထောက်အကူဖြစ်စေပါတယ်။
ဒီ Tutorial လေးကတော့ အခြေခံသဘောမျိုးလေးပါ။ နောက်ကိုယ်ပိုင်ကြံဆမှု့လေးတွေနဲ့
ပေါင်းစပ်ကာ ဘယ်ကောင်လေးကိုဘယ်ဟာလေးနဲ့ အစားထိုးကြည့်မလဲ။ ဘယ်ကောင်ကဘယ်ကောင်
နဲ့တူလို့ အဆင်ပြေနိုင်လဲဆိုတာကို တွေးတောတက်လာစေနိုင်ရန် မျှဝေပေးလိုက်ပါတယ်။
ခုဟာကတော့ huawei 511 ကို 8813 က bl ic နဲ့အစားထိုးထားတာပါ အယူအဆကိုလည်း နားလည်လွယ်အောင် မြန်မာလိုအခေါ်အဝေါ်တွေနဲ့ပဲရေးပေးထားပါတယ်။
ခုအစားထိုးထားတဲ့အမျိုးအစားက ရိုးရှင်းပါတယ် ငုတ်၆ ငုတ်ထဲကနေ VBAT ရယ် L ကိုဖြတ်ပြီးလာတဲ့ VBAT ရယ် G ငုတ်ရယ်ကို အလွယ်တကူရှာနိုင်ကြမှာပါ အဲ့ထဲမှာမှ K ငုတ်က R ခံထားပြီး G ချထားတာကြောင့် တိုင်းကြည့်မယ်ဆိုရင် အဲ့ငုတ်ကလည်း G အနေနဲ့ပဲတွေ့ရမှာဖြစ်တယ် ဒါပေမယ့် လမ်းကြောင်းကိုအသေအချာကြည့်ပါက K ငုတ်(G ကျနေတဲ့တစ်ငုတ်) က R တစ်လုံးနဲ့ချိတ်ဆက်ထားတာကိုမြင်နိုင်ပါတယ် အဲ့R ရဲ့တန်ဖိုးကလည်း အရေးကြီးပါတယ် ပုံမှန်တော့ 10ohm ကနေ 25ohm ဝန်းကျင်လောက်ပဲဖြစ်ပါလိမ့်မယ် သူ့တန်ဖိုးအရမ်းကြီးသွားမယ်ဆို ဗို့အားမြှင့်တဲ့နေရာမှာလွဲမှားမှုတွေဖြစ်လာပါတယ် နောက်သူ့တန်ဖိုးနည်းတယ်ဆိုပြီး ခဲနဲ့ဆက်မယ်ဆိုရင် ဗို့အားတော့မြှင့်ပေးနိုင်ပေမယ့် အလင်းအရမ်းများပြီး ပုံမှန် အမ်ပီယာထက် ၂ ဆကျော်၃ ဆနီးပါးပိုမိုစားသုံးလိမ့်မယ် အဲ့တာကြောင့် ဗို့မမြှင့်နိုင်ဘူးဆို ဒီR လေးကိုလည်း သတိထားတိုင်းကြည့်ဖို့လိုပါလိမ့်မယ် ကဲ ခုဏကအကြောင်းဆက်ရအောင် ... ၆ ငုတ်ထဲက ၄ မျိုးရှာတွေ့ဖို့ကမခက်ပါဘူး ကျန်၂ငုတ်က ၁ငုတ်က ဆက်ဆက်မဆက်ဆက်သိပ်ပြဿနာမရှိဘူး အဲ့တော့ ကျန်၁ ငုတ်ကအရေးအကြီးဆုံးပဲ အဖွင့်အပိတ်ငုတ် .. ခုကျန်တဲ့၂ ငုတ်ထဲက ဘယ်ငုတ်က ဖွင့်ပိတ်ငုတ်ဖြစ်မလည်း .. လူပိန်းနည်းနဲ့လုပ်မယ်ဆိုလည်းရတယ် အဲ့၂ ငုတ်ထဲကို ကြိုက်တဲ့ငုတ်မှာအရင်ဆက်ကြည့် ရရင်ရ မရရင်နောက်တငုတ်ပြောင်းဆော်ပေါ့ :-) မဟုတ်ဘူးလား မှားဆော်ရင်လောင်မလား မေးချင်တယ်မလား မပူနဲ့ မလောင်ဘူး :-) အဲ့လို ၅၀% နည်းက ခုလို ic ငုတ်မများတဲ့အလုံးမျိုးကျအဆင်ပြေတယ် ဒါပေမယ့် တချို့samsung တွေရဲ့ BL ic ကျတော့ 16 ငုတ်လောက်ရှိပြန်တော့ အဲ့ အဖွင့်အပိတ်ငုတ်ကိုရှာရတာနဲ့တင်အတော်အချိန်ကုန်မယ့်ဖြစ်ချင်း ... အဲ့လိုဆို အဲ့အဖွင့်အပိတ်ငုတ်ကို ဘယ်နည်းနဲ့ရှာလို့ရမလည်း ... ရိုးရိုးဒစ်ဂျစ်တယ်မီတာဖြစ်ဖြစ် လက်တံမီတာဖြစ်ဖြစ် ရှာလို့မရပါဘူး (မှတ်ချက် .. ကျွန်တော့မီတာမပါ :-) ) လှိုင်းကြိမ်နှုန်းတိုင်းတဲ့ အော်စီလိုစကုတ်နဲ့တိုင်းမယ်ဆို BL လင်းတဲ့အချိန်မှာ အဲ့အဖွင့်အပိတ်ငုတ်ကိုတိုင်းကြည့်မယ်ဆို လှိုင်းခုန်နှုန်းတစ်ခုကိုတွေ့နိုင်ပါတယ် BL ပိတ်သွားတဲ့အချိန်ဆို အဲ့လှိုင်းကြိမ်နှုန်းကပြန်ပျောက်သွားတာပေါ့ ... အဲ့စက်ကဈေးများသလို အသုံးပြုရတာကလည်းခက်တယ် (ကျွန်တော်မသုံးတက်လို့လေ) အဲ့တော့ ကျွန်တော်ကကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲ့လိုင်းကြိမ်နှုန်းကိုပဲ သီးသန့်တိုင်းနိုင်တဲ့ အပိုင်းလေးတစ်ခုလုပ်ပြီး ကျွန်တော်ရဲ့ ဒစ်ဂျစ်တယ်မီတာထဲတွဲထည့်ထားတယ် :-) ( လုပ်နည်းကကလေးနည်းသာသာပါ လိုချင်တယ်ဆို ဆိုင်လာခဲ့ ) အောက်ကပုံတွေကို အရင်နားလည်အောင်ကြည့်စေချင်ပါတယ် BL. အဖွဲ့အစည်းအခြေခံကိုနားလည်ဖို့ရယ် 8813 Bl ic အလုပ်လုပ်ပုံကိုတော့ အလွတ်မှတ်ထားသင့်တယ် ကိုယ်အစားထိုးမယ့်စက်ကို ic ဖြုတ် အောက်ကငုတ်တွေဘာအလုပ်လုပ်တယ်ဆိုတာတိုင်း အဲ့အလုပ်လုပ်တဲ့ ငုတ်အတိုင်း 8813 ic ကနေကြိုးဆက် .... :-) :-)
•°•°•°• ပုံများဖြင့် ဆက်လက်လေ့လာရန် •°•°•°•
credit - Leo Phyo
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment