Saturday, February 25, 2017

Redmi Note 2 ( hermes ) No Service Error & Emergency Call Error ဖြေရှင်းနည်း



Redmi Note 2 Dual Sim အမျိုးအစားတွေ Firmware ရေးပြီးလို့ IMEI လည်း ရှိတယ်... လိုင်းက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတယ်...
Power Off သွားတာနဲ့ Emergency Call ဘဲ ဖြစ်သွားတယ်.. Power ပြန်ဖွင့်လိုက်ရင် ခဏအကြာမှာ လိုင်း တက်လာတယ်...
Modem တွေလည်း Flash တယ်.... အဆင်မပြေဘူး.....
အဲ့တော့ ဒီနည်းလေးနဲ့ အဆင်ပြေတတ်ပါသည်။

ပထမဦးဆုံး မိမိရဲ့ဖုန်းက SD Card Sload ဟာ ဘယ်ဘက်မှာ ရှိပြီး ညာဘက် ၂ခုမှာ SIM Card  Sload ရှိနေတယ်ဆိုရင် ဒီကောင်ကို Redmi Note 2 အမျိုးအစားလို့ သတ်မှတ်ပေးပါ။ သူရဲ့ Product Name ကတော့ hermes အမျိုးအစား ဖြစ်ပါသည်။

နောက်တစ်နည်းနဲ့ စစ်ချင်ရင်တော့ မိမိရဲ့ဖုန်းကို fastboot mode ၀င်ပြီး fastboot getvar product လို့ ရိုက်လိုက်တာနဲ့ Product Name က hermes လို့ ကျလာရင် ဒီကောင်ကို Redmi Note 2 လို့ဘဲ မှတ်ယူပေးပါ။

အခုကျွန်တော်ပေးထားတဲ့ TWRP.rar ဖိုင်လေးကို Zip ဖြည်ပြီး ရလာတဲ့ TWRP Folder လေးကို မိမိဖုန်းရဲ့ Internal Storage ထဲ ထည့်ပေးပါ။

ပြီးရင် မိမိရဲ့ဖုန်းကို TWRP သွင်းပါ။ ပြီးရင် Recovery Mode ၀င်ပါ။ Restore ကို သွားပါ။ ပြီးရင် ကျွန်တော်ပေးထားတဲ့ ဖိုင်လေးကို ရွေးပြီး Swipe to Restore လုပ်လိုက်ပါ။

ပြန်တက်လာပြီဆိုရင် မိမိရဲ့ဖုန်းလိုင်းလည်း ပေါ်လိုက် ပျောက်လိုက် မဖြစ်တော့ပါဘူး











•°•°•°• TWRP Download Link •°•°•°•

credit - Aung Min Han





Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes