ဖုန်းတလုံးတွင် power Ic အလုပ်လုပ်ပုံနှင့် ပစ်ချက် ရှာပုံ အသေးစိတ်ကို ဖော်ပြ ပေး ထားတာဖြစ်ပါတယ်။ mobile ဖုန်းပြုပြင်ရန် လေ့လာနေသူ အားလုံးအတွက် အဆင်ပြေစေအောင် ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်။
ဖုန်းတလုံးတွင် power Ic ၏ ကွိုင်မှထွက်သော volt လိုင်း များမှာ များသော အားဖြင့် 1.2V , 2 V . 1.8V (သို့မဟုတ်) 1.2V ,1.2V , 2V , 1.8V စသည်ဖြင့် ထွက်လေ့ရှိသည်။1.2V သည် CPU သို့ ပေး၏။ 1.8V နှင့် 2V သည် EMMC သို့ပေး၏။ ကွိုင်မှ မဟုတ်သော Volt လိုင်းများမှာ 2.8V နှင့် 3.3V ဖြစ်သည်။2.8Vသည် touch Ic ၏ Volt လိုင်း သို့ပေး၏။ 1.8Vသည် LCD သို့ပေး၏။1.8V မှ touchလိုင်းသို့ 1K ohm to 10K ohm ခံ၍1.8V+CPU data သည် touch data လိုင်း သို့ပေး၏။ 3.3Vသည်mobile network သို့ပေး၏။ ထို့ပြင် 2.7V to 3.7Vလိုင်းသည် Sim card volt လိုင်း နှင့် SD card volt လိုင်းသို့ပေး၏။ Charging ပိုင်း တွင်လည်း power Ic မှ လုပ်ဆောင်ပေး၏။ ထို့ပြင် phone လာစဉ် Vibrator လည်၍အချက်ပြ ခြင်းကိစ္စအတွက် လည်း power Ic မှလုပ်ဆောင်ပေး ၏။ power Ic အလုပ်လုပ်စေရန် power ခလုတ်သို့ 0.7 V to 3.7V stand by volt
ပေးသွင်းထား၏။ အသံအထွက်ပိုင်း၏ output stage ပိုင်းအား power Ic တွင် ထည့်သွင်းတည် ဆောက်ထားသည့် အတွက် အသံပျောက်ခြင်း ပစ်ချက်တွင် power Ic အား ထည့်သွင်းစဉ်းစား ပေးရသည်။
အထက်ပါဖော်ပြသောVOLT လိုင်းများသည် power Ic မှအလုပ်လုပ်သောvoltများဖြစ်သည်။
1.အားသွင်းsign အမြဲပြသော် power Ic လဲရန်
2.Vibrate အမြဲတုန်သော် power Ic လဲရန်
3.Speaker အသံအစ်သော် power Ic လဲရန် တခါတရံ sound second driver Ic ပျက်လျင် လဲ ဖြစ်တတ်၏။
4.Sim card Volt ပျောက်သော် power Icလဲရန် တခါတရံ sim Ic ကြောင့်လဲ ဖြစ်နိုင်၏။
5.power Ic ၏အထွက်ကွိုင် 2Vပျောက်သော် Emmc error ရှိသည်ဟုမှတ်ယူ နိုင်ပါသည်။ Emmc ပျက်သော် power Ic မှ 2V ပျောက်လေ့ရှိသည်။
6.power Ic မှ1.2V ပျောက်သော် Cpu error ရှိသည်ဟုမှတ်ယူနိုင်ပါသည်။
Cpu ပျက်သော် 1.2V ပျောက်လေ့ရှိသည်။
power Ic မှ Volt နှစ်လိုင်းပျောက်သော် power Ic ခဲလွတ်ခြင်း (သို့မဟုတ်) ပျက်ခြင်း ဖြစ်နိုင်၏။
ပုံများဖြင့် လေ့လာရန် - •°•°•°• Visit Link •°•°•°•
refe - YMG Mobile
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment