Thursday, February 2, 2017

Galaxy S8 ရဲ့ တစ်မိနစ်စာ Video Review ကို MWC မှာ Samsung မှ မိတ်ဆက်ပြသသွားမည်



Samsung အနေနဲ့ MWC 2017 မှာ ကျင်းပပြုလုပ်မယ့် ၄င်းရဲ့ ကိုယ်ပိုင် press conference ကို ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ မနေ့က တရားဝင်ကြေညာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ Galaxy S8 နဲ့ ပတ်သတ်တဲ့ တစ်မိနစ်စာ ဗီဒီယိုလေးကိုပါ မိတ်ဆက်ပြသဖို့ မျှော်လင့်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

မနေ့က ကြေညာချက်မှာတော့ Samsung ဟာ Galaxy Tab S3 ကို အဓိကထားမိတ်ဆက်ပြသ သွားမှာဖြစ်တယ်လို့ တရားဝင်ပြောကြားထားပြီး ဒီကနေ့မှာတော့ Galaxy S8 နဲ့ S8 Plus ရဲ့ dimension အချက်အလက်တွေနဲ့ အခုလို တစ်မိနစ်စာ ဗီဒီယို မိတ်ဆက်မယ့် သတင်းတွေပါ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Samsung အနေနဲ့ Galaxy S8 ကို ဖေဖော်ဝါရီလ အတွင်းမှာ မိတ်ဆက်မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားထားတဲ့အတွက် MWC မှာ ပြသမယ်ဆိုတဲ့ တစ်မိနစ်စာ ဗီဒီယို ဆိုတာကလည်း Galaxy S8 နဲ့ ပတ်သတ်တဲ့ အချက်အလက်ပြည့်ပြည့်စုံစုံကို မိတ်ဆက်မှာမဟုတ်ဘဲ ထူးခြားချက် အနည်းငယ်လောက်ကိုသာ မိတ်ဆက်မှာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Samsung ဟာ Galaxy S8 ကို မတ်လ (၂၉) ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားပြီး ဧပြီလ (၂၁)ရက်နေ့ မတိုင်ခင်အထိ ဈေးကွက်ထဲကို ဖြန့်ချိမှာ မဟုတ်ဘူးလို့လည်းသိရပါတယ်။

#refer



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes