MPT SIM အသုံးပြု သူတွေအနေနဲ့ ဖုန်းပြောကြတဲ့အခါမှာ ခုရက်ပိုင်းအတွင်း
အသံနဲ့ပတ်သတ်ပြီး ကြည်လင်မှု့မရှိလို့ စိတ်ညစ်နေကြတယ်လို့ သိရပါတယ်။
ဖုန်းတိုင်းတော့ အဆင်ပြေတာမဟုတ်ပါ။ အချို့အဆင်မပြေသူများ ရှိနေပါတယ်။
အဆင်မပြေသူများအနေနဲ့ အဆင်ပြေပြေ ပြောဆိုနိုင်ရန် အောက်ပါအချက်လေးတွေကို
လုပ်ဆောင်ကြည့်ပါ။
MPT နဲ့ Internet သုံးပြီးတိုင်း
Setting, About Phone, Internal Memory ကို
5 ချက်လောက်နှိပ် MPT ထည့်ထားသော
Phone Information ထဲဝင်
1 မှာထည့်ထားရင် Phone Information 1 ကိုရွေး
2 မှာထည့်ထားရင် Phone Information 2 ကိုရွေး
TD-SCDMA, GSM,WCDMA and LTE နေရာမှာ
GSM Only ပြောင်းပြီး Home Key နဲ့ပြန်ထွက်လိုက်ပါ
Internet သုံးမယ်ဆိုရင်
GSM Only ကနေ
TD-SCDMA, GSM,WCDMA and LTE ကို
ပြန်ပြောင်းပေးရပါမယ် ၊
နည်းနည်းတော့ အလုပ်ရှုပ်ပေမယ့်
မပြောင်းပဲထားရင် Internet က 2G, E ပဲ
တက်ပါလိမ့်မယ် ။
*#*#4636#*#* နဲ့ ဝင်လုပ်ရင်လည်းရပါတယ် ၊
နောက်တစ်နည်းကတော့
MPT 2G Only ပြောင်းဖို့အတွက်က
Setting, Preferred Network Type ထဲက
ဝင်ချိန်းရင်လည်း ရပါတယ် ။
အဲလိုတွေ လုပ်ရတာ အလုပ်ရှုပ်တယ်၊
မလုပ်ချင်ဘူးဆိုရင်တော့
နောက်ဆုံးနည်းလမ်းက MPT ဖြင့်
ဖုန်းပြောတော့မယ်ဆိုတိုင်း Phone Internet
ဖွင့်ပြီး ဖုန်းပြောကြည့်ပါ ၊
ဘေလ်မကုန်ပါဘူး ၊
လိုင်းကြည်ကြည်လင်လင်နဲ့
ပြောလို့ အဆင်ပြေတာကိုတွေ့ရပါတယ် ၊
တချို့ကတော့ မရဘူးပြောကြတယ်
ကျွန်တော်လေ့လာရသလောက်ကတော့
ဒီ MPT SIM Error ဖြစ်တဲ့ 90% သော ဖုန်းတွေ
ဒီနည်းနဲ့ အဆင်ပြေနေတာ တွေ့ရပါတယ် ။
#credit
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment