Thursday, February 2, 2017

SIM card နဲ့ပတ်သတ်ပြီး သိသင့်တဲ့အချက်



ဆင်းကပ်တွေနဲ့ပတ်သက်ပြီး ၆၀%လောက်
ကိုဆော့ဝဲပိုင်းက ချုပ်ထားတယ်လို့ ယူဆမိပါတယ်။
IMEI.Network ic .Baseband. အစရှိတဲ့အပိုင်းတွေ
ဟာ ဆင်းအတွက်အရေးကြီးတဲ့ အပိုင်းတွေပါပဲ။
တစ်ချို့ဖန်းဝဲမကိုက်တာတင်လို့  MTK  တွေမှာဆို
NV ram file မကိုက်တာတို့ Qualcomm တွေဆိုရင်
Modem block မကိုက်လို့ ဆင်းမဖတ်တာတွေ
Read Mi note 3 တွေဆို china rom နဲ့ global rom
မကိုက်လို့ ဆင်းဝမ်းဖတ်ပြီး ဆင်းတူးမဖတ်တာတွေ
Hi တွေမှာ emmc လဲပြီးရင် network lock ကျတာ
တွေ Samsung တွေဆိုရင်လဲ efs ကြောင့် ဆင်းမဖတ်နိင်တာတွေ ဒါတွေတော်တော်များများဟာ Modem block
ကိုထိန်းချုပ်ထားတဲ့ဆော့ဝဲပိုင်းကြောင့်အများဆုံး
တွေ့ရပါတယ်။

အခုကျွန်တော်ပြောမယ့်ဆင်းအကြောင်းက ဟတ်ဝဲပိုင်းအရ စစ်ဆေးလို့ ရတဲ့အပိုင်းပါ။
ဆင်းမသိရင် အရင်ဆုံး physical damage ကိုအရင်ရှာပါ။ရေဝင်ဆားပေါက်ထားလား pin ကလေးတွေကျိုး
နေလားကောက်နေလား စစ်ပါ လိုအပ်ရင်အထိုင်အသစ်လဲကြည့်ပါ။
ဆင်းကပ်အထိုင်လေးတွေမှာ pin ခြောက်ခုတွေ့ရမှာပါ
အဲဒီအထဲမှာ Gnd pin ကိုအလွယ်တစ်ကူရှာလို့ ရပါ
တယ်။Gnd pin သိရင်သူနဲ့မျက်နှာချင်းဆိုင်ဟာ VCC
အပေါင်းဗို့ ပေးသွင်းတဲ့ငုတ်ပါ။

ဒီငုတ်ကလေးကို ပါဝါအိုင်စီကနေ 1.8Vလောက်ကနဦး
ပေးသွင်းလိုက်ပါတယ်။ဆင်းကပ်ထည့်ထားရင် USIM
ကိုဗို့ ရောက်မယ် data ငုတ်ကနေ ဆင်းရှိကြောင်း
အချက်အလက်ပြန်ပို့ မယ်။ဒါကိုCPU ကစောင့်ကြည့်ပြီး
ဆင်းကပ်ရှိရင် သူအလုပ်လုပ်ဖို့ လိုအပ်တဲ့ 3V လောက်
ထပ်တိုးပြီးလွတ်ပေးဖို့ ပါဝါအိုင်စီကိုခိုင်းမယ်။
ဆင်းမရှိရင် ခုနကပေးထားတဲ့ဗို့ လေးပြန်ပိတ်သွားမယ်။ဒါကသမရိုးကျ လုပ်ငန်းစဉ်တစ်ခုပေါ့။
ဒီတော့ ဆင်းကပ်ကိုဗို့ ရောက်မရောက်သိနိင်ဖို့  ပါဝါကီး
မနှိပ်ခင် VCCငုတ်မှာမီတာကြိုထောက်ထားဖို့ လိုပါတယ်။ဒါမှ အကြိုဗို့ လေးထွက်မထွက်သိနိင်မှာပါ။
ပါဝါနိုးပြီးမှတိုင်းရင်တော့ဘာဗို့ မှတွေ့လိုက်ရမှာမဟုတ်ပါဘူး။
ဗို့ တွေရှိရက်နဲ့ မရခဲ့ဘူးဆိုရင် digital မီတာသုံးပြီး
လမ်းကြောင်းဆက်သွယ်မှုကောင်းမကောင်းစစ်ကြည့်
ပါမယ်။မီတာကို diode စကေးနေရာမှာထားပါ။
အနီတံကိုground ချပါအမဲနဲ့ လိုက်တိုင်းကြည့်ပါ။
လမ်းကြောင်းကောင်းမယ်ဆိုရင် မီတာမှာ တန်ဖိုးတစ်ခုခုပြနေပါလိမ့်မယ်။မပြရင် pmu reball လုပ်ပေါ့
ဒါမှမရရင် pmu အောက်ကနေ jumper ထုတ်ပြီးပြတ်နေတဲ့လမ်းကြောင်းဆက်ပေါ့။
ဒီလောက်လုပ်တာလဲမရရင် CPU ဆက်ကိုင်ပေါ့
မရသေးရင်ခင်ဗျား အတွက် MP4 တစ်လုံးရတယ်လို့ မှတ်လိုက်ပေါ့။

credit - ကိုကိုအောင်




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes