Wednesday, November 16, 2016

Android စမတ်ဖုန်းတွေမှာ System update လုပ်တဲ့အခါ ဘာကြောင့် install လုပ်မရတာလဲ ???



Android စမတ်ဖုန်းတွေမှာ System update ( Online update ) ပေးတဲ့အခါမှာ
Download ရယူလို့ရပေမဲ့ ဘာကြောင့် install လုပ်တဲ့အခါမရတာလဲလို့ မေးလာတာကြောင့်
ရေးသားပေးလိုက်ပါတယ်။

တကယ်တော့ဒါဟာ ဖုန်းမှာ Root ဖောက်ထားလို့ပါပဲ။
Root ဖောက်တယ်ဆိုတာကတော့ ဖုန်းမှာမူလပါဝင်လာပြီးသား
သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို စတင်ဖောက်ဖျက်လိုက်တာပါပဲ။
ဒီလိုပြုလုပ်ခြင်းဖြင့် Android စမတ်ဖုန်းများရဲ့ system ပိုင်းကိုပြင်ဆင်မှု့များကို
ပြုလုပ်နိုင်ပေမဲ့ သူပေးထားတဲ့စည်းကမ်းချက်များကိုဖောက်ဖျက်ထားတဲ့အတွက်
Online မှပေးတဲ့ system update တို့ version update တို့ကို
Download ရယူလို့ရပေမဲ့ install လုပ်လို့ရမှာမဟုတ်တော့ပါဘူး။

ဒီလောက်ဆိုရင်တော့ Android စမတ်ဖုန်းများမှာ ဘာကြောင့် system update ပေးတဲ့အခါ
Download ရယူလို့ရပေမဲ့ install လုပ်လို့မရလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။




Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes