Wednesday, November 16, 2016

Super Mario Run game ကို iOS Device တွေမှာဆော့ကစားနိုင်တော့မည်



ကျတော်တို့ငယ်ငယ်ကဆော့ကစားခဲ့ဖူးတဲ့ Super Mario game ဟာ
လာမဲ့ December 15 ရက်နေ့မှာ ကောင်းမွန်လှတဲ့ ရုပ်ထွက်နဲ့အတူ
iOS Device တွေမှာဆော့ကစား နိုင်တော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကကျင်းပခဲ့တဲ့ Apple ရဲ့ iPhone 7 မိတ်ဆက်ပွဲမှာ Nitendo အနေနဲ့ Super Mario Run ကို မိတ်ဆက်ခဲ့ပြီး   iPhone, iPad နဲ့ iPod touch User တွေ ရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါတယ်။ စတင်မိတ်ဆက်ကတည်းက App Store ပေါ်မှာရောက်ရှိနေပေမယ့် Download ရယူလို့မရသေးဘဲ  ကြော်ငြာသက်သက်အနေနဲ့သာ ရှိနေခဲ့တာဖြစ် ပြီး စိတ်ဝင်စားတဲ့ သူတွေအတွက် ထွက်ရှိတာနဲ့ ချက်ချင်း သိရအောင် Notify ဆိုတဲ့ button လေးထားပေးထားခဲ့တာဖြစ်ပါတယ်။  အခုအချိန်မှာတော့ Nitendo အနေနဲ့ ဒီဇင်ဘာလ (၁၅) မှာ ထွက်ရှိမယ့်အကြောင်းကို App Store ပေါ်မှာပါ တရားဝင်ကြေညာ လိုက်တာ ဖြစ်ပါတယ်။

Super Mario Run မှာ အင်္ဂလိပ်၊ ဂျပန်၊ ဂျာမန်၊ ပြန်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ ဒတ်ခ်ျ၊ ရုရှား နဲ့ တရုတ်ရိုးရာ ဘာသာစကားတို့ကို ထည့်သွင်းပေးထားပြီး နိုင်ငံပေါင်း (၁၅၁) နိုင်ငံမှာ Download ရယူနိုင် မှာဖြစ်ပါတယ်။ iOS 8.0 နဲ့ အသုံးပြုထားတဲ့ iPhone , iPad နဲ့ iPod Touch တို့မှာဆော့ကစား နိုင်မှာ ဖြစ်ပြီး ဂိမ်းအပြည့်အစုံကိုဆော့ကစားနိုင်ဖို့ ဒေါ်လာ (၁၀) ပေးသွင်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes