Monday, November 21, 2016

Huawei G610 နဲ့ C8815 တို့မှာ Touch error ဖြစ်ခဲ့ရင်ဖြေရှင်းနည်း



Huawei G610 နဲ့ C8815 တို့မှာ Touch error ဖြစ်ခဲ့ရင် ဖြေရှင်းနိုင်ရန်အတွက်
ပြန်လည်မျှဝေတင်ပေးလိုက်ပါတယ်။ C8815 တွေမှာ သုံးထားတဲ့ touch ic လေးဟာ နံပါတ်အတူတူပါပဲ။ဒါပေမယ့်အသုံးပြုထားတဲ့ PMU,CPU စတဲ့အိုင်စီတွေအပေါ်မူတည်ပြီး touch အပိုင်းကိုပေးထားတဲ့ ဗို့ လိုင်းတွေ မတူတော့ပါဘူး။G610 –U00 ကိုအရင်လေ့လာကြည့်ရင် အသုံးပြုထားတဲ့ CPU က MEDIATEAK  MT6589 ဖြစ်ပြီး PMU 6320 ကိုအသုံးပြုထားပါတယ်။ MTK device တွေမှာ ဆော့ဝဲပိုင်းအရ touch မရတဲ့ပြသနာတွေလဲရှိပါတယ်။ G610 + ကို G610 firmware မှားတင်မိရင် touch error ဖြစ်နိင်ပါတယ်။ဒါကြောင့် G610-U00 ဆိုရင် (+)သင်္ကေတ ပါမပါ ကြည့်သင့်ပါတယ်။ firmware အမှန်တင်ကြည့်ဖို့ လိုပါတယ်။

PMU 6320 တွေမှာ touch အတွက်လိုအပ်တဲ့ vdd ဗို့ တွေကို  ပါဝါအိုင်စီရဲ့ LDO  (Low Drop Output) ပိုင်းကနေ တိုက်ရိုက်ထုတ်ပေးပါတယ်။ထို့ ကြောင့် အောက်ပါအတိုင်းတဆင့်ခြင်းဖြေရှင်းကြည့်ပါ။

SOLUTION-1

touch အိုင်စီ ရဲ့ ဘေးမှာ အ၀င်ဗို့ တွေ ပြထားတဲ့ TP-1 (1.7V) TP-2(2.8V) တွေရောက်မရောက်စစ်ကြည့်ပါ။ အကယ်ရ်ျ ဗို့ တစ်ခုခုပျောက်နေပါက အခြားတစ်နေရာမှ jumper ကျော်ယူခြင်းထက် pmu  ခဲလှောင်းပြန်ကပ်ခြင်း၊အသစ်လဲလှယ်ပေးခြင်းတို့ ကို လုပ်သင့်ပါတယ်။တစ်ခါတစ်ရံမှာအလွယ်တကူ ဗို့ လိုင်းတစ်ခုခုမှ jumper ကျော်ယူလိုက်တဲ့အခါ  LDO ရဲ့  လိုအပ်တဲ့ ဗို့ နဲ့ အမ်ပီယာ မလုံလောက်တဲ့အခါ touch ကိုပုံမှန် အလုပ်မလုပ်နိင်တာတွေ့ ရပါတယ်။နောက်တစ်ချက်က Touch တွေရဲ့ vdd ဗို့ တွေမှာ 1.71v ကို digital volt အဖြစ်သတ်မှတ်ထားပြီး 2.85v ကို analog volt အဖြစ်သတ်မှတ်ထားပါတယ်။ ဒီအချက်တွေကြောင့် သက်ဆိုင်ရာပတ်လမ်းကသာ တိုက်ရိုက်ယူသင့်ပါတယ်။



SOLUTION-2

တကယ်လို့ ဗို့ တွေရောက်ပြီး touch  မရသေးလျှင် အိုင်စီအနီးတစ်ဝိုက်ရှိ components လေးများစုံမစုံစစ်ကြည့်ပေးပါ။အိုင်စီ ကိုခွါပြီးခဲလှောင်းပြန်ကပ်ကြည့်ပါ။လိုအပ်လျှင်အသစ်လဲပါ။ connector အထိုင်လေးတွေစစ်ပါ။reset လမ်းကြောင်းနဲ့  tp in လမ်းကြောင်းပေါ်မှာရှိတဲ့ esd လေးတွေကောင်းမကောင်းစစ်ကြည့်ပါ။

ဒီနေရာမှာတစ်ခုသတိထားမိတာက c8813 တွေလို touch မရတဲ့အခါ wifi,Bluetooth  တွေ ဖြုတ်စရာမလိုပါဘူး။MT 6628 အိုင်စီလေးမှာ wifi,Bluetooth,fm,gps, စတဲ့အပိုင်းတွေပါဝင်ပေါင်းစပ်ထားပါတယ်။ touch နဲ့ သက်ဆိုင်တာကတော့ မည်သည့်ဖုန်းမှာမဆို proximity sensor အပိုင်းပါဝင်ပါတယ်။

ဒါကြောင့်အဲဒီ sensor အပိုင်းကိုစစ်ကြည့်ပေးပါ။

G610-C00,C8815 တွေမှာတော့အသုံးပြုထားတဲ့ CPU ,PMU တွေမတူတော့ပါဘူး။ touch အတွက်ဗို့ ပေးတဲ့ပုံစံခြင်းလဲကွာသွားပါတယ်။ PM8029 ရဲ့ S3 လမ်းကြောင်းကထွက်လာတဲ့ vdd1.7v ကို touch အိုင်စီသို့ တိုက်ရိုက်မပေးပဲ gate ic လေးတစ်လုံးခံထာားတွေ့ ရပါတယ်။ထိုနည်းတူ vdd2.8v ကိုလဲ  တိုက်ရိုက်မပေးပဲ C3H အိုင်စီလေးရဲ့ အထွက်ကနေ ပေးပို့ ထားပါတယ်။ TP-1,TP-2 မှာပြထားတဲ့ပုံလေးကိုလေ့လာကြည့်ပါ။ ဗို့ တွေအားလုံးရောက်ပြီးtouch မရရင် touch ic ခွာပြီးပြန်ကပ်ကြည့်တာ အသစ်လဲကြည့်တာ စသဖြင့်လုပ်ကြည့်ပါ။ connector အထိုင်မှားစစ်ပါ။ G610-C00, C8815 တွေမှာတော့ touch မရရင် bluetooth ,wifi အပိုင်းတွေ စစ်ပေးဖို့ လိုအပ်ပါတယ်။












credit - ဦးကိုကိုအောင်





Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes