Thursday, November 10, 2016

လှပသောအရောင်အသွေးသစ်နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy S7




Samsung ဟာ အဓိကဖုန်းအမျိုးအစားညီနောင်ဖြစ်တဲ့ Samsung Galaxy S7 နဲ့ Galaxy S7 Edge တွေကို ဒီနှစ်အစောပိုင်းတုန်းက ထုတ်လုပ်ခဲ့ပြီး ဖုန်းနှစ်မျိုးလုံးဟာ အရောင်အတော်များများနဲ့ ရရှိနိုင်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ Pink Gold ဆိုတဲ့ အရောင်တစ်မျိုးလည်း ပါဝင်ခဲ့ပေမယ့် တောင်ကိုးရီးယားနည်းပညာကုမ္ပဏီအနေနဲ့ ယခုအခါမှာတော့ Pink Blossom လို့ခေါ်တဲ့ အရောင်သစ်တစ်မျိုးနဲ့ Galaxy S7 တွေကို ထပ်မံထုတ်လုပ်လိုက်ပြန်ပါတယ်။

ဒီအရောင်သစ်အမျိုးအစားဟာ Pink Gold Galaxy S7 ကို အခြေခံထားတဲ့ ပုံစံပဲဖြစ်ပေမယ့် ရွှေရောင်ပုံစံမျိုးတော့ ပါဝင်မှာမဟုတ်တော့ပါဘူး။  ဒါပေမယ့် Samsung ဟာ ဒီအရောင်ကွဲအသစ်ကို တောင်ကိုရီးယားနိုင်ငံထဲမှာသာရောင်းချနေသေးတာလည်း ဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ အပြောင်းအလဲသိပ်မရှိပဲ Storage 32 GB မော်ဒယ်တစ်မျိုးနဲ့သာ ထုတ်လုပ်ထားကြောင်း သိရပါတယ်။

မျက်နှာပြင်အကျယ် ၅.၁လက်မ၊ QHD Super AMOLED display, 4GB RAM, 32GB Storage တို့ပါဝင်တာဖြစ်ပါတယ်။ Pink Blossom မော်ဒယ်ကို Limited Edition အနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်ထားတာဖြစ်ပြီး Third Party Seller တွေကတစ်ဆင့် တခြားနိုင်ငံတွေကို ဖြန့်ချိဖို့တော့ ရှိနေတာဖြစ်ပါတယ်။

#credit




Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes