Wednesday, November 16, 2016

လုံခြုံစိတ်ချစွာ video call ခေါ်နိုင်တော့မယ့် WhatsApp



WhatsApp messenger service ဟာဆိုရင် ယနေ့မှာ သုံးစွဲသူ တစ်သန်းကျော်ဆီကို တစ်ဖက်နဲ့တစ်ဖက် လျှို့ဝှက်စွာ video call ခေါ်ဆိုမှုကို ယူဆောင်လာပါပြီ။ (via TechCrunch)

Video call ဆိုတာကလည်း Android ပေါ်က Facebook ရဲ့ ကိုယ်ပိုင် chat service မှာတည်းက ရှိနေတာပါ။ အခုကတော့ platform အားလုံးမှာ ရရှိလာပါပြီ။
ညာဘက်အပေါ်နားက call button ကို နှိပ်လိုက်တာနဲ့ voice call လား video callလား ရွေးခိုင်းပါတယ်။ video call လုပ်နေချိန်မှာ ကင်မရာကို အရှေ့ကင်မရာ၊ အနောက်ကင်မရာ ပြောင်းနိုင်တာမျိုး၊ အသံပိတ်လိုက်တာမျိုး၊ ဖုန်းကိုင်ထားတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

WhatsApp မှာ video call ထည့်လိုက်ခြင်းက Facebook Messenger ၊ Viber ၊ Google Duo နဲ့အခြား chat app တွေနဲ့ တန်းညှိလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း WhatsApp ရဲ့ user base နဲ့ cross-platform support ကတော့ လက်ရှိ Apple ပစ္စည်းတွေမှာ အလုပ်လုပ်နေတဲ့ FaceTime ၊ iOS ရော Android မှာပါ အလုပ်လုပ်တဲ့ Google Duo တို့လို ထူးခြားတဲ့အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေလိုချင်တာကို လုပ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ WhatsApp ရဲ့ တွဲဖက်တည်ထောင်သူ Jan Koum က Reuters ကို ပြောကြားပါတယ်။ “ကျွန်တော်တို့ဟာ ဖုန်းအနိမ့်တွေမှာတောင် သုံးလို့ရအောင် လုပ်နေပါတယ်လို့ ဆိုပါတယ်။”
WhatsApp ဟာ နောင်လာမယ့် update မှာ လုံခြုံရေးစနစ်ပိုကောင်းဖို့အတွက် two-factor authentication ကို စမ်းသပ်နေပါတယ်။ WhatsApp ဟာ ဒီနှစ်အစောပိုင်းတုန်းက end-to-end encryption ကို ထုတ်ပြခဲ့ပါတယ်။ ဒါကြောင့် message တွေကို မလိုသူတွေရရှိခြင်းမှ ကာကွယ်နိုင်ပါတယ်။

#credit



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes