Friday, November 25, 2016

စမတ်ဖုန်းများတွင် Version အမြင့်တင်သုံးတိုင်း ကောင်းမွန်မှု့ရှိပါသလား ???



စမတ်ဖုန်းများတွင် version အမြင့်တွေထွက်တိုင်းလည်း လိုက်ပြီးတင်သုံးဖို့
ကောင်းပါသလားဆိုတာကို ကျတော့်ရဲ့အထင်နဲ့ ထင်ကြေးလေးတစ်ခုပေးပြီး
ရေးသားပေးလိုက်ပါတယ်။

စမတ်ဖုန်းများတွင် အချိန်နဲ့အမျှ system OS version တွေဟာ
အမြင့်ပိုင်းတွေထွက်နေပေမဲ့လည်း user တွေအနေနဲ့လိုက်ပြီးတင်သုံးဖို့
မသင့်ဘူးလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ version အမြင့်
တင်သုံးလိုက်တယ်ဆိုရင် အနည်းနဲ့အမျာတော့ပြောင်းလဲမှု့တွေရှိလာပါတယ်။
OS version မြင့်သွားတဲ့အတွက် အရင်သုံးနေတဲ့ application အချို့နဲ့ကိုက်ညီမှု့
မရှိတော့ခြင်း ၊ အချို့ version များဟာ stable မဟုတ်သေးတာကြောင့်
ဖုန်းအတွင်းပါဝင်သော system ပိုင်းများချို့ယွင်းမှု့ဖြစ်ခြင်း ( etc = wifi error တို့
Bluetooth error တို့ဖြစ်ခြင်း ) ၊ မြန်မာစာများကိုက်ညီမှု့မရှိခြင်း ၊ Root ပြုလုပ်
မရခြင်း အစရှိတဲ့အမျိုးမျိုးသော error များနှင့်ကြုံ တွေ့ရတက်ပါတယ်။

ဒါကြောင့် မိမိဖုန်းအတွက် version အမြင့်ထွက်လာပြီဆိုရင် ချက်ချင်းတင်ပြီး
သုံးကြည့်ချင်တဲ့ စိတ်ကိုနဲနဲရှော့စေချင်ပါတယ်။ အခြားသူများသုံးတာအဆင်ပြေ
မပြေစုံစမ်းပြီးမှသာ တင်သုံးသင့်ပါတယ်။ အကယ်၍တင်သုံးမိပြီဆိုရင်တော့
version ကိုပြန်နှိမ့်ရန်မှာ အချို့ဖုန်းများတွင်အခက်အခဲရှိပါတယ်။

ကျတော့်ထင်မြင်မှု့အပေါ်မှာ လွဲမှားမှု့ရှိကောင်းရှိနိုင်ပါတယ်။
ဒါကြောင့်သင်တို့အနေနဲ့လည်း အထင်အမြင်ကွဲလွဲနိုင်ပါတယ်။
As your Own Risk ပါ။




Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes