Sunday, November 13, 2016

HTC မှသူတို့ရဲ့ HTC Bolt model အား ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းဖြစ်ဖို့ ရည်ရွယ်ထား



HTC မှသူတို့ရဲ့ နောက်ထက်ထပ်မံထုတ်လုပ်မဲ့ စမတ်ဖုန်းအား ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းဖြစ်လာဖို့
ရည်ရွယ်ထားလျက်ရှိပါတယ်။ Android 7.0 Nougat နဲ့ အတူ ကမ္ဘာ့အမြန်ဆုံး ဖုန်းလာဖို့ ရည်ရွယ်လာတဲ့ HTC Bolt ဟာ HTC သမားတွေအတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်လိုက်တယ် လို့ ဆိုပါတယ်။
Android version အသစ် Android 7.0 Nougat ကို LTE-Advance network နဲ့ ချိတ်ဆက်ထားပါတယ်။ ကနေဒါနိုင်ငံ မပါဝင်ပဲ အမေရိကန် နဲ့ ဥရောပ ဈေးကွက်မှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့ က ဒေါ်လာ ၆၀၀ နဲ့ စတင် ဈေးကွက်တင်ရောင်းချခဲ့ပါတယ်။ လှပတဲ့ အရွယ်အစား လေး ဖြစ်တဲ့ ၅.၅ လက်မ မျက်နှာပြင် ကို Quad HD နဲ့ တည်ဆောက်ထားပါတယ်။ Corning Gorilla Glass 5 မျက်နှာပြင် ဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ ရုပ်ထွက် တွေကိုလည်း ရရှိစေနိုင်ပါတယ်။

အလူမီနီယမ် ကိုယ်ထည် မှာ ရေစိမ်ခံနိုင်တဲ့ နည်းပညာထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ လတွေက ထွက်လာခဲ့တဲ့ HTC 10 ရဲ့ ဒီဇိုင်း နဲ့ ဆင်တူလှပြီး  ငွေရောင် နဲ့ အနက်ရောင် နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ရှေ့ဘက် က 16 Megapixel ကင်မရာကလည်း Selfie ဖြစ်စေ၊ ပန်နိုရားမားတွေ အတွက် ဖြစ်စေ အဆင်ပြေစေတဲ့ အနေအထားပါပဲ။ Selfie အတွက်ကိုတော့ 8 Megapixel ထည့်သွင်းထားပါတယ်။ ကင်မရာပိုင်း မှာ တော့ Glass Lens၊ Dual LED flash
Self timer up to 10 seconds ၊  Face detection ၊ Panorama ၊ Zoe capture
Hyperlapse ၊ Slow motion video (720P@120 fps) ၊ 4K video recording with Hi-Res audio စတာတွေဟာ ကျေနပ်စရာ ကောင်းလွန်းလှပါတယ်။
ထူးခြားချက်အနေနဲ့ ယခု HTC Bolt မှာ ဆူညံသံတွေကို ၁၀၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တဲ့ HTC ရဲ့ ကိုယ်ပိုင် အသံနည်းပညာ ဖြစ်တဲ့ BoomSound Adaptive Audio စနစ်ထည့်သွင်းထားခဲ့ပါတယ်။

HTC Bolt စမတ်ဖုန်းရဲ့ သိထားသင့်တဲ့ Feature အချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်။

- Dimensions and Weight – 6.06 x 3.04 x .32 in,  6.14 oz

- Platform Android – Android 7.0 with HTC Sense

- Main Camera – 16MP

- Display – 5.5 in, Quad HD  (2560 x 1440 pixels) Corning® Gorilla® Glass 5 curve edge

- SIM Card Type – Nano SIM

- Battery – Capacity: 3200 mAh Multimedia
- CPU Speed – Qualcomm® Snapdragon™ 810, octa-core, up to 2.0 Ghz

- Memory – ROM: 32GB / RAM: 3GB

- Connectivity – NFC/ Bluetooth® 4.1/Wi-Fi®: 802.11 a/b/g/n/ac (2.4 & 5 GHz)

#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes