Android ဖုန်းအသုံးပြု သူများ အဖြစ်များဆုံးဖြစ်တဲ့ Screen lock ( Pattern / Pin ) မေ့ခဲ့ရင်
အမြန်ဆုံးဖြေရှင်းနိုင်ရန် နည်းလမ်းလေးကိုရေးသားပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးကိုအသုံးပြုမယ်
ဆိုရင်တော့ လွယ်ကူပေမဲ့ မိဖုန်းအတွင်းက data တွေကိုတော့ ပြန်ရမှာမဟုတ်ပါဘူး။ ဒီနည်းလမ်းလေးဟာ
ဖုန်းရဲ့ internal memory ကိုပါ Format ချပစ်တာဖြစ်တဲ့အတွက် SD Card အတွင်းရှိ data များသာပြန်
ရနိုင်ပါမယ်။
- Screen lock ကျနေတဲ့ဖုန်းကို power ပိတ်ကာ battery ဖြုတ်လိုက်ပါ။
- စက္ကန့် ၃၀ လောက်ကြာရင် battery ပြန်တက်လိုက်ပါ။ ပြီးနောက်ဖုန်းကိုအောက်ပါ
key များအားတွဲနှိပ်ပေးပါ။
Samsung ; Volume up + Home + Power
Huawei & other devices ; Volum up + Power
ဖော်ပြခဲ့တဲ့ key များကိုတွဲနှိပ်ပါက ဖုန်းမှာ Recovery mode ကိုရောက်ပါမယ်။
ဒီအချိန်မှာ စာတန်းလေးတွေအများကြီးပေါ်နေတာကို တွေ့ရပါမယ်။
ကျတော်တို့ Reset ချရန်ရွေးချယ်ရပါမယ်။ စာတန်းတွေထဲက
wipe data / factory reset ဆိုတဲ့စာတန်းကိုရွေးပြီး Power key ကိုနှိပ်ပါ။
အချို့ power key နဲ့အလုပ်မလုပ်တဲ့အလုံးတွေရှိပါတယ်။ အခြား key များနှိပ်ပါ။
ပြီးနောက် no ဆိုတဲ့စာတန်းလေးတွေအများကြီးနဲ့ yes -- delect all user data ဆိုတဲ့
စာတန်းလေးတွေ့ရပါမယ်။ yes -- delect all user data ကိုရွေးပြီး power key နှိပ်ပေးပါ။
ဒါဆိုရင်ဖုန်းကနေ အလုပ်ဆက်လုပ်သွားပါမယ်။ ဖုန်းမှာအလုပ်လုပ်ပြီးရပ်သွားရင်တော့
back key ကိုနှိပ်ပြီးနောက်ပြန်ထွက်ပါ။ အပေါ်ဆုံးမှာပါတဲ့ Reboot system now ဆိုတဲ့
စာတန်းကိုသွားပြီး power key နှိပ်ကာဖုန်းကို Reboot ချပေးလိုက်ပါ။ အချိန်နဲနဲကြာပေးမယ်။
Logo တွေဘာတွေပေါ်လာပြီး screen ပြန်ပေါ်လာရင်တော့ screen lock မရှိတော့တာကို
တွေ့မြင်ရပါပြီ။ :)
Remark ; user များနှင့် မသိသေးသူများအတွက်သာ။
Today's Mobile Training & Service center
0 comments:
Post a Comment