Sunday, November 27, 2016

iPhone မှာဖုန်းလာတဲ့အခါ accept/decline button တွေပေါ်တာဘယ်အခြေအနေမှာလဲ?



iPhone မှာ ဖုန်းလာပြီဆိုရင် တစ်ခါတလေမှာ “slide to answer” လို့ပေါ်ပြီး တစ်ခါတလေမှာတော့ “accept” “decline” လို့ပေါ်တာသတိထားမိပါသလား?

iPhone သုံးတဲ့သူတိုင်းကတော့ ဒီနှစ်မျိုးလုံးကိုကြုံဖူးမှာပါ။ ဒါပေမယ့် ဘာကြောင့်တစ်မျိုးစီပေါ်လဲဆိုတာတော့ မသိခဲ့ကြပါဘူး။ အခြားဖုန်းကနေဖုန်းဝင်လာတဲ့အခါမှာ Slide to answer နဲ့ပေါ်လာပါတယ်။
contact ထဲမှာရှိတဲ့လူတစ်ယောက်ကခေါ်လို့ဒီလိုပေါ်တယ်ဆိုရင် iPhone ကိုင်ပြီး contact ထဲမှာမရှိတဲ့သူငယ်ချင်းတစ်ယောက်ဖုန်းနဲ့ခေါ်ရင် ပြောင်းသွားမလားလို့စမ်းသပ်ကြည့်လိုက်ပါတယ်။
Slider နဲ့ပဲပေါ်လာပါတယ်။

ဒါဆိုရင် iPhone မကိုင်တဲ့သူတစ်ယောက်ကနေခေါ်လိုက်ရင်ရော? ဆိုတာကို page တည်းဖြတ်သူ Matt ကစမ်းသပ်ကြည့်ခဲ့ပါတယ်။ Slider နဲ့ပဲပေါ်လာပြန်ပါတယ်။

စမ်းသပ်မှုကိုလက်လျှော့ပြီး ဘယ်လိုဖြစ်သလဲဆိုတာကို Google ကနေရှာကြည့်လိုက်ပါတယ်။

တော်တော်လေးလွယ်တဲ့မေးခွန်းဖြစ်ပြီး အဖြေကလည်း ရှင်းရှင်းလေးပါပဲ။ ဖုန်းလာတဲ့အချိန်မှာ ကိုယ့်ဖုန်းက lock ဖြစ်နေတယ်ဆိုရင် ဖုန်းဖြေဆိုဖို့ရာအတွက် “slide to answer” လို့ပေါ်လာပါမယ်။ ဖုန်းချပစ်ဖို့ ရွေးချယ်စရာမပေးပါဘူး။ တကယ်လို့ ဖုန်းလာတဲ့အချိန်မှာ ကိုယ့်ဖုန်းက unlock(lock ဖွင့်ပြီးသား) ဖြစ်နေရင်တော့ “accept” နဲ့ “dismiss” ကြိုက်ရာရွေးချယ်နိုင်ပါတယ်။

refer - mmas




Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes