Monday, November 28, 2016

Qualcomm စမတ်ဖုန်းတွေရဲ့ Cpu Error ခွဲခြားနည်း



G730-U30/G6-C00/C8816/G615 တို့စသဖြင့် CPU Type MSM8610=MSM8212=MSM8612 ၄င်း Cpu တို့ကို Pm ic 8110 နှင့်တွဲဖက် အသုံးပြုထားတာကိုများသောအားဖြင့်တွေမြင်ကြရမှာဖြစ်ပါတယ်

Power Key နှိပ်လိုက်ရင် 0.2A ဝန်းကျင်နားထိတက်ပြီး ဆက်လဲမတက် ပြန်လဲမကျ ဖြစ်နေတဲ့ Error တွေ ခုနောက်ပိုင်းပိုများလာပါတယ် 0.2A ဝန်းကျင်ဖြစ်တဲ့အတွက် Cpu ဖြစ်နိုင်သလို Pm ic ကြောင့်လဲဖြစ်နိုင်ပါတယ် EMMC လို့ယူဆနိုင်သလို X-Tel ခေါ်Power Crystal ကြောင့်လည်း Error တူနေတက်ပါတယ် စဉ်းစားမယ်ဆိုအဖြေတွေကများလာမှာပါ

ဒီတော့ ယခု Post လေးမှာ Cpu Error အကြောင်းလေး ကျွန်တော်သိသလောက်ဖော်ပြပေးချင်ပါတယ်

Power Key နှိပ်လိုက်လို့ 0.2Aဝန်းကျင် Amper ဆွဲနေချိန်မှာ Cpu နဲ့ Pm ic တို့ကို လက်ဖြင့်သေချာစမ်ကြည့်ပါ Key နှိပ်ရင်0.2A ထိတက်ပြီး လွှတ်ရင်ပြန်ကျပါက Key လေးဖိထားပြီးစမ်းကြည့်ပါ Cpu Error ဆိုလျှင် Cpu မှာတဖြည်းဖြည်းအခြား ic များထက်ပိုပူလာပါလိမ့်မည် ဒါဆို အကြမ်းဖျင်း Cpu ကြောင့်လို့သတ်မှတ်လို့ရပါတယ် သို့သော် Cpu Error ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့လိုပါတယ် အောက်ပါပုံလေးတွေအတိုင်း C ထိပ်လေးတွေကိုမီတာx1နဲ့တိုင်းကြည့်ပါ ရှော့ကျနေရင် ၂ဘက်လုံးမီတာလက်တံတက်နေမှာပါ ရှော့ကျနေတဲ့ C ကိုဖြုတ်ပါ ပြီးလျှင် ဖြုတ်လိုက်တဲ့ C နေရာရဲ့ ခဲငုတ် ၂ခုကို မီတာနဲ့ထပ်ထောက်ကြည့်ပါ မီတာလက်တံမတက်တော့ဘူး အသံမြည်စကေးမှာ အသံမမြည်တော့ဘူးဆိုရင် အစားထိုး C အရွယ်တူလေးတွေ တပ်ပေးပြီး Power ဖွင့်ကြည့်ပါ Cရှော့ကျပြီး ပါဝါမတက်နိုင်တာဆိုလျှင် ဒီအဆင့်တွင် Ok ပါပြီ သို့သော် ခုနကဖြုတ်လိုက်တဲ့ C နေရာရဲ့ခဲငုတ် ၂ခု ကို မီတာနဲ့ထောက်လို့ မီတာလက်တံတက်နေမယ် အသံမြည်စကေးမှာ အသံမြည်နေအုံးမယ်ဆိုရင် ဒီလမ်းကြောင်းအတွက် Pm ic အထွက်က ပုံမှာပြထားတဲ့ Pmu ဘေးက C လေးဖြုတ်ပြီး မီတာနဲ့ထပ်တိုင်းကြည့်ပါ မီတာလက်တံတက်နေမယ် တီဆိုတဲ့အသံမြည်နေအုံးမယ်ဆိုရင် Cpu Error ပါ ဖြုတ်ထားတဲ့ Cလေးတွေပြန်တပ်ပြီး Cpuခွာလဲရပါမယ် Cpu ခွာပြီးတာနဲ့ ခုနက ရှော့ပြနေတဲ့နေရာ မီတာနဲ့ပြန်တိုင်းကြည့် ရှော့မပြတောပါဘူး ဒီ Cpu ကိုဘဲ Reball လုပ်ပြီးပြန်မတက်ပါနဲ့ အသစ်သို့မဟုတ် စက်ပြားအဟောင်းထဲမှ ခွာကပ်ကြည့်ပါ ဒီနည်းလေးနဲ့ Cpu Error ကို အလွယ်ခွဲခြားနိုင်ပါတယ်

Power Key မှာ Vol ရှိပြီး Key နှိပ်လို့ Amper လုံးဝမတက်လျှင် သို့မဟုတ်key နှိပ်လို့  မီတာလက်တံတုန်ခါနေလျှင် Cpu error ဟု ယူဆနိုင်ပါတယ် များသောအားဖြင့် Cpuတွေဟာ ပျက်လျှင်ယခုလိုရှော့ကျပြီး အပျက်များပါတယ်  သို့သော် ရှော့မပြဘဲ ပျက်တဲ့ Cpu တွေလည်းရှိပါတယ် ကျွန်တော်၏ Service သက်တမ်းနုနယ်သေးသောကြောင့် အတွေ့အကြုံနည်းပါးသောကြောင့် မဖော်ပြပေးနိုင်တာ နားလည်ခွင့်လွှတ်ပေးပါ ယခုpost လေးကို လေ့လာခါစညီငယ်တွေကိုဘဲ ရည်ရွယ်ပါတယ် ဆရာသမားများကျော်သွားပေးပါ ပုံမှာ ရှော့ဖြစ်နေကျ အဖြစ်အများဆုံးနေရာလေးတွေကို ရွေးချယ်ဖော်ပြပေးထားတာကြောင့် လိုအပ်ချက်ရှိလျှင် သီးခံပေးကြပါ လေ့လာခါစညီငယ်တွေအတွက်မြင်သာအောင်ဖော်ပြပေးခြင်းသာဖြစ်ပါတယ်။





credit - စိုးမင်းဦး




Today's Mobile Training & Service center

🏠🏠 သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes