Friday, November 11, 2016

iPhone 7 မှာ Screen အဝါရောင်သန်းနေတဲ့ ပြသနာတက်ခဲ့ရင်



iPhone 7 ကိုင်ဆောင်သူတွေအနေနဲ့ မိမိဖုန်းမှာ Screen ကအဝါရောင်သန်းနေလို့
စိတ်ညစ်နေရင်တော့ အခုမျှဝေပေးထားတဲ့ နည်းလမ်းလေးအတိုင်းလုပ်ဆောင်ပေးပါ။

ဒါကတော့ Apple ရဲ့ brand အသစ်ဖြစ်တဲ့ iPhone 7 screen အဝါရောင်သန်းနေတဲ့ ပြဿနာကို အလွယ်တကူဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။

တကယ်လို့ iPhone 7 ဒါမှမဟုတ် iPhone 7 Plus ကိုဝယ်ပြီးတဲ့အခါ သင့်ရဲ့ iPhone 6s ဒါမှမဟုတ် အရင်ဖုန်းတွေနဲ့ ယှဉ်လိုက်လို့ screen မှာ ရောင်စဉ်တွေ များနေတယ်ဆိုရင် screen နဲ့ပတ်သတ်ပြီး ချို့ယွင်းချက်ရှိနေတာဖြစ်ပါတယ်။ ဒီတိုင်းကြည့်လိုက်ရင် လူအများစုက သတိမထားမိပေမယ့် ဘေးတိုက် ယှဉ်ကြည့်လိုက်ရင်တော့ iPhone 7 ရဲ့ မျက်နှာပြင်ပေါ်မှာ အဝါရောင်ခပ်ပြေးပြေးလေး ဖြစ်နေတာကို တွေ့ရမှာပါ။ ကံကောင်းတာကတော့ သူ့ကို iOS ရဲ့ Accessibility setting မှာဝင်ပြင်ပေးလို့ရပါတယ်။

အဆင့်(၁) ပထမဆုံး iPhone 7/ 7 Plus ရဲ့ Setting ကိုဖွင့်ပါ။

အဆင့်(၂) ပြီးရင် General ကနေ “Accessibility” ကိုသွားပါ။

အဆင့်(၃) Accessibility menu ရဲ့ ‘Display Accommodation’ ကနေ “Color Filters” ကိုနှိပ်ပါ။

အဆင့်(၄) Color Filters ကို On ပေးပြီး “Color Tint” ကိုရွေးပေးပါ။

အဆင့်(၅) အခု ကိုယ်ရဲ့မျက်လုံးနဲ့ ကြည့်လို့အဆင်ပြေမယ့် display ရဲ့အရောင်ကို ချိန်ညှိပေးနိုင်ပါပြီ။ ကိုယ်ကြိုက်တဲ့ အနေအထားထိရောက်အောင် အရောင် bar လေးကိုရွှေ့ပြီးညှိရုံပါပဲ။

ဒီလိုလုပ်လို့မှအဆင်မပြေသေးဘူးဆိုရင်တော့ “Intensity” slider လေးကိုရွှေ့ပြီး ကိုယ့်မျက်လုံးနဲ့အဆင်ပြေနိုင်မယ့် အရောင်ဖြစ်တဲ့အထိညှိကြည့်ပါ။

ပြီးပြီးချင်း ဘေးတိုက်စောင်းကြည့်လိုက်ရင် မပြင်ခင်ကနဲ့ပြင်ပြီး တော်တော်ကွာသွားတာကိုတွေ့ရမှာပါ။ ခုနကဖုန်းနဲ့ ပြန်ယှဉ်ကြည့်လိုက်ခြင်းအားဖြင့် Setting ကို ပြင်လိုက်ရုံနဲ့ ဘယ်လောက်တောင်ကွာခြားသွားစေလဲဆိုတာ မြင်ရမှာဖြစ်ပါတယ်။


refer - mmas




Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes