ဖုန်းကို ပျက်စီးစေတဲ့အချက်များထဲမှာ သင်ထင်မှတ်မထားတဲ့ အရာများစွာ ဖြစ်နေပါတယ်။ app တွေ ဒေါင်းလုဒ် ရယူခြင်းက သင့်ဖုန်းအတွက် မကောင်းဘူးဆိုတာမျိုးကတော့ သင်သိပြီးဖြစ်မှာပါ။ ဘာလို့လဲဆုငိတော့ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနေနိုင်တာကြောင့်ပေါ့။ ဒါတင် မကသေးပါဘူး။ သင့်ရဲ့ နေ့စဉ်ပြုမူလုပ်ဆောင်မှုတွေကလည်း သင့်ဖုန်းကို ဖျက်စီးသလို ဖြစ်နေတယ်ဆိုတာ သတိထားရမှာပါ။ အဲ့ဒီအရာတွေကတော့
*** နေရောင်ခြည်နဲ့ ထိတွေ့ခြင်း ***
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။
*** ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း ***
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။
*** ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ ***
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။
*** ဖုန်းကို တစ်ချိန်လုံးဖွင့်ထားခြင်း ***
ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။
*** တခြားပစ္စည်းများနဲ့အတူ ရောပြီး ထည့်သိမ်းထားခြင်း ***
သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့ အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။
#refer
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment