Thursday, January 19, 2017

အခြားဖုန်းများနှင့်မတူ Huawei P10 ရဲ့ထူးခြားချက်များ



လွန်ခဲ့တဲ့ (၅) နှစ်၊ ၂၀၁၁ ခုနှစ်တုန်းက အကောင်းဆုံး ဟွာဝေးဖုန်း ဟာ 8950 ပါ။ ၂၀၁၂ ခုနှစ်ကျတော့ 8812 ဟာ အကောင်းတကာ့ဆုံး အကောင်းဆုံး မော်ဒယ် ပါ။ အဲဒီ မော်ဒယ် ၂ ခု စလုံးဟာ အရမ်းလည်း “မာ” တယ်။ အကြမ်းခံတယ်။ ရေအပြည့်ဖြည့်ထားတဲ့ တိုင်ကီထဲပြုတ်ကျတာတောင် ပြန်ဆယ်၊ ပြန်ပြီး ဖွင့် ပြန်သုံးကြည့် ၊ ဘာဆိုဘာမှ မဖြစ်ခဲဘူး။ တော်တော်လေးကို သုံးလို့လည်း ကောင်းတယ်။

၂၀၁၃ ခုနှစ်ရောက်တဲ့အချိန်မှာတော့ အားလုံးရဲ့ အမြင်တွေလည်း ပြောင်းလဲသွားကုန်ပါပြီ။ အထူးသဖြင့် သုံးစွဲသူဖက်က လည်း ဈေးကြီးပေးမယ်။ အရည်အသွေးကောင်းကောင်း ပေး ဆိုတဲ့ အမြင်တွေ ပေါ်လာခဲ့သလို ကုမ္ပဏီဖက်ကလည်း ခပ်မိုက်မိုက် ထုတ်မယ်။ Limited Edition ပဲ ဖြစ်ရင် ဖြစ်ပါစေ။ ၀ယ်တဲ့သူ နည်းရင်လည်း နည်းပါစေ။ ဒီ Version ကို ဒီ ပရိသတ်ကိုပဲ သီးသန့် ရောင်းချင်လာတယ်။

ပြောရရင်တော့ Marketing နဲ့ ဈေးကွက်ဗျူဟာ တည်ဆောက်ပုံချင်းတွေဟာ ဆင်ဆင်တူတော့မလိုလိုနဲ့ ၁ နှစ်ပြီး ၁ နှစ် ပြောင်းလဲလာလိုက်တာ အခု ၂၀၁၇ ခုနှစ်မှာတော့ အရည်အသွေးရော ၊ ဈေးနှုန်း ရော ၂ ဖက်စလုံးက အစစ အရာရာ အဆင်ပြေမှသာ customer ကို ဆွဲခေါ်နိုင်မယ့် ခေတ် ကို ရောက်လာပါတော့တယ်။

အဲဒီလို အချိန်မျိုးမှာ အဖက်ဖက်ကို စိတ်ခေါ်နိုင်တော့မယ့် Huawei P10 ထွက်ပါတော့မယ်။ ဒါကြောင့် ဒီ ထူးခြားချက်တွေကို ပိုပြီး ထူးထူးခြားခြား ဖြစ်စေဖို့ ဆိုပြီး အခု တစ်ခေါက် ဆောင်းပါးမှာတော့ ဈေးနှုန်းကစပြီး လေ့လာကြည့်ကြရအောင် လား ။

Release Date

ခန့်မှန်းရခက်တဲ့အထဲမှာ ရန်ကုန်မြို့ ရဲ့ မိုးလေ၀သ ရယ် ဟွာဝေး P စီးရီးတွေ ရဲ့ ထွက်ရှိချိန်ရယ် ပါဝင်မယ် လို့ ပဲ တင်စားရတော့မယ် ထင်ပါရဲ့ ။

Huawei P9 – April 29, 2016
Huawei P8 – April 15, 2015
Huawei P7 – June 7, 2014
Huawei P6 – June 18, 2013

ဒါဆိုရင် အဲဒီ စာရင်း အတိုင်း လေ့လာကြည့်မယ် ဆိုရင်တော့ Huawei P10 ဟာ ဧပြီလား၊ မေ- ဇွန် လား ။ တစ်ခုခုတော့ သေချာလျက်ရှိနေပါပြီး။ ဒီဘက်ခေတ်
နောက်ပိုင်းမှာတော့ ကုမ္ပဏီတွေဟာ အပြိုင်အဆိုင်တွေ များလာပြီး ကုမ္ပဏီငယ်လေးတွေကလည်း အရမ်းကို ဖွံ့ဖြိုးတိုးတက် လာနေတဲ့ အတွက်မြန်မာဈေးကွက်မှာ နေရာတစ်ခု ကို ခိုင်ခိုင်မာမာ ရရှိထားတဲ့ Huawei အဖို့ကတော့ ဈေးကွက်နေရာဦးဖို့အတွက်ရော၊ အပြိုင်အဆိုင်အကြားမှာ ကြားမညပ်စေဖို့အတွက်ရော April မှာ ထွက်ရှိနိုင်တယ် လို့ ပဲ ခန့်မှန်းရမှာ ဖြစ်ပါတယ်။

အဲဒီကာလ မှာ သူ့ကို အဓိက ယှဉ်ပြိုင်မယ့် ပြိုင်ဘက်အနေနဲ့ Samsaung S8 နဲ့ LG G6 တို့  ရှိနေပြီး အောက်တိုဘာအတွင်းမှာ အိုင်ဖုန်း ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းတွေက စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။

ဈေးနှုန်း

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ လ14 ရက် စာရင်းအရ  Huawei P9 Lite ဟာ မြန်မာငွေ 279,000 ကျပ်ရှိပါတယ်။  Huawei P9 ကတော့ ငွေကျပ် 559,000 တန်ဖိုးနှုန်း ရှိပါတယ်။ ဒါဟာ ထွက်ရှိခဲ့ပြီး ၆ လ အကြာမှာ ရရှိခဲ့တဲ့ ဈေးနှုန်း ဖြစ်ပါတယ်။

ဒါဆိုရင် အင်္ဂလန် နဲ့ အမေရိကန် မှာ စတင် ထွက်ရှိမယ့် Huawei P10 နဲ့ Huawei P10 Lite တွေ ဘယ်ဈေးတွေများ ရှိသွားလေမလဲ။

အခုလာမယ့် ဖေဖော်ဝါရီလအတွင်းမှာ MWC 2017 မှာ စတင်ပြသနိုင်ဖွယ်ရှိနေတဲ့ Huawei ထုတ်ကုန်အသစ်အတွက် Huawei ကုမ္ပဏီ အကြီးအကဲ Richard Yu ကိုယ်တိုင် ရှင်းလင်းပြသမယ့် သတင်းစာ ရှင်းလင်းပွဲတစ်ခု ကို ဖေဖော်ဝါရီလ ၂၇ ၊ ၂၀၁၇ ခုနှစ်မှာ ချိန်းဆိုထားတယ် လို့ သတင်းတစ်ပုဒ် အရ သိရပါတယ်။ အဲဒီ Confrence ကို နိုင်ငံတကာ က စာနယ်ဇင်းတွေ နဲ့ နည်းပညာဘလော့ဂါတွေကို ကုမ္ပဏီ က ဖိတ်ကြားထားခဲ့ပြီး အံ့သြဖွယ်ရာ ထုတ်ကုန်အသစ် အကြောင်း မိတ်ဆက်ပေးမယ် လို့ ဆိုထားပါတယ်။

MWC 2017 ဆိုတာ Mobile World Congress ကို အတိုကောက် သုံးနှုန်းတာပါ။  အရင်တုန်း က GSM wrold Congress လို့ လည်း လူသိများပါတယ်။ ကျင်းပပြုလုပ်ခဲ့တာ နှစ် ၃၀ ကျော်ကြာခဲ့ပါပြီ။ စပိန်နိုင်ငံ၊ ဘာစီလိုနာ မြို့မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ တယ်လီဖုန်း၊ မိုဘိုင်း၊ တယ်လီကွန်၊ အော်ပရေတာတွေ နဲ့ နည်းပညာပိုင်း နဲ့ ပတ်သက်တဲ့ ထုတ်လုပ်တဲ့၊ တီထွင်တဲ့ ကုမ္ပဏီမှန်သမျှ လာရောက်ပြသလေ့ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး နည်းပညာ ပြပွဲတွေထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

ဆိုတော့ ..

ဈေးနှုန်းတွေ က ဒီလို ရှိခဲ့ပါတယ်။

Huawei p9 – ဒေါ်လာ 530/ ပေါင် 449/ သြစတြေးလျ ဒေါ်လာ 799  နဲ့ စတင်ခဲ့ပါတယ်။Huawei p10 – ဒေါ်လာ 650/ ပေါင် 550/ သြစတြေးလျ ဒေါ်လာ 900  နဲ့ စတင်ဖို့ များနေပါတယ်။မြန်မာငွေ ဈေးနှုန်း နဲ့ ဆိုရင် ၆ သိန်း ၀န်းကျင်ပဲ ရှိဖို့ များပါတယ်။


Design

ပြီးခဲ့တဲ့ P9  အမျိုးအစား မှာတော့ Huawei ဟာ ဒီဇိုင်းပိုင်း ဟာ သိတ်ကို ထူးခြားလှခဲ့တာ မရှိပါဘူး။ ဒီဇိုင်း ကို သာ အမှတ်ပေးရမယ် ဆိုရင် ကနဦး
ပေါ်ပေါက်ခဲ့တဲ့ Huawei P6 Ascend နဲ့ Honor တို့ကို ပဲ အမှတ်ပြည့်ပေးရမှာ ဖြစ်ပါတယ်။  အခု P10 ကိုလည်း P9 ပုံစံ ချိုးထားပါတယ်။ P9 မှာက ဖုန်းရဲ့ ထောင့်စွန်းတွေဟာ အကွေးလေးတွေ နဲ့ တည်ဆောက်ထားပါတယ်။ ထောင့်မှန်စတုဂံ ပုံစံကို Cured နည်းနည်းကျဉ်းထားတဲ့ ပုံစံပါ။ P9 မှာ ဖုန်း ရဲ့ နောက်ကျောမှာ Dual cameraနဲ့ လက်ဗွေအာရုံခံစနစ် ပါရှိခဲ့ပါတယ်။ Weibo လူမှုကွန်ယက် နဲ့ အွန်လိုင်းပေါ်မှာ Rose Gold အရောင် P10 တစ်ခု
ပေါက်ကြားခဲ့ပြီး Leaked Photos တွေအရ အခု P10 မှာ ကင်မရာပိုင်း အတွက် လက်တွဲခဲ့တဲ့ ဂျာမနီကုမ္ပဏီ ဖြစ်တဲ့ Leica ရဲ့ လိုဂို ကို ဖြုတ်ပယ်ထားခဲ့ပါတယ်။

အဲဒီအတွက် Huawei ပရိသတ်တွေ ကျေနပ်နှစ်သိမ့်မှု ရှိစေမှာ ဖြစ်ပါတယ်။


Diplay

Huawei P10 ဟာ မျက်နှာပြင် ၅.၅ လက်မ နဲ့ လာပါလိမ့်မယ်။ Quad HD res ဖြစ်ပါမယ်။ အရင် P9 မှာ မျက်နှာပြင် 5.2 လက်မ ရှိခဲ့ပြီး Res က 1920×1080 pixels ရှိခဲ့ပါတယ်။ P9 ကို LCD နဲ့ပြုလုပ်ထားပြီး Multitouch ရပါတယ်။ အရောင်ပိုင်း စီမံခန့်ခွဲမှု 16M အထိ ပါဝင်ပါတယ်။ Pocket lint ရဲ့ ခန့်မှန်းချက် အရ P10 ဟာ စံချိန်မှီ ၊ တန်းမြင့် အရည်အသွေး ဖြစ်လာနိုင်တဲ့အတွက် 2560 x 1440 Res ထုတ်ပေးဖို့ များနေပါတယ်။

ထွက်ပေါ်လာခဲ့တဲ့ ပုံရိပ်တွေ အရ အမြင် နဲ့ ပေါင်းစပ်မှု အပိုင်း ဟာ သိတ်တော့ အနိမ့်စားထဲမှာ မပါဝင်ခဲ့ပါဘူး။

Ultrasonic fingerprint sensor ရဲ့ နည်းပညာ ကို အသစ်အဆန်း အနေနဲ့ Fan တွေ မြည်းစမ်းခွင့် ရလာနိုင်ပါတယ်။


Software

P9 မှာ Android 6.0 (EMUI 4.1) ကိုအသုံးပြုထားပါတယ်။ အခု P10 မှာတော့ မဖြစ်မနေ Android Nougat 7.0 ကို သုံးစွဲရတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်း ကတော့ Huawei မှာ ရှိနေတဲ့ နောက်ထပ် ထုတ်ကုန်တစ်ခု ဖြစ်တဲ့ Mate 9 ကိုလည်း အောင်မြင်စေချင်သေးတဲ့အတွက် ကျစ်လစ်ရမှာ ဖြစ်ပေမယ့် အခု အချိန်က အရင်ခေတ်ကလို မဟုတ်ဘဲ အပြိုင်အဆိုင်တွေ များပြားလာနေပြီး Spec တွေကို ကျစ်လစ်ဖို ၊ ချုံ့ဖို့ထက် ပိုကောင်းအောင် လုပ်ဖို့ပဲ စဉ်းစားရတော့မယ့် အချိန်ရောက်ရှိလာတဲ့အတွက် P10 မှာ ခိုထားတဲ့ Spec တွေ မြင်လာရဖို့ မရှိပါဘူး။


Hardware

4GB RAM ကို အတွင်း သိုလှောင်မှု 64GB ၊ 6GB ကို အတွင်း သိုလှောင်မှု 128GB တွေ နဲ့ လာနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။
2.3GHz octa-core ကို သုံးစွဲပါလိမ့်မယ်။


Processor/storage

ဆီမီးကွန်ဒပ်တာတွေ ထုတ်လုပ်တဲ့ HiSilicon ရဲ့ အထူး ထုတ်ကုန် ဖြစ်တဲ့  Kirin 960 chip ကို သုံးစွဲသွားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ P9 မှာတုန်းက Kirin 955 processor ကို သုံးစွဲခဲ့ပါတယ်။ စမ်းသပ်ချက်တွေအရ P9 ဟာ အတော့်ကို မြန်ပြီး အဲဒီ မြန်ဆန်မှုတွေ နောက်က တခြား Side Effect တွေလည်း နည်းပါးခဲ့ပါတယ်။

အဲဒီအတွက် Version အသစ် မှာ HiSilicon နဲ့ ပဲ ဆက်လက်လက်တွဲသွားနိုင်ဖွယ်ရာ ရှိနေတယ် လို့ ယူဆရပါတယ်။


Camera

ကင်မရာ ပိုင်း ကတော့ P9 ကို ချီးကျူးးဖို့ အပြင် တခြား စကားကို ရှာမရခဲ့တာ အမှန်ပါပဲ။ P9 ဟာ ဖုန်း အနောက်ဘက်ခြမ်းမှာ Camera နှစ်လုံးတပ်ဆင်ထားခဲ့ပါတယ်။ အဲဒီတုန်း က Lens ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Leica နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖုန်းနောက်ဘက်ခြမ်းက Camera ၂ လုံးအနက် တစ်လုံးက အရောင်အသွေးစုံဖမ်းယူရိုက်ကူးနိုင်တဲ့ RGB Camera ဖြစ်ပြီး ကျန်တစ်လုံးကတော့ Monochrome Camera ကိုတပ်ဆင်ပေးထားပါတယ်။ Dual Camera ဆိုတဲ့ အသံတွေကို သုံးစွဲသူတွေ ကြားမှာ အောင်မြင်အောင် တည်ဆောက်ထားနိုင်ခဲ့တဲ့ P9 ဟာ ကြော်ငာတာနဲ့ အညီ အမှန်တကယ်လည်း စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ကင်မရာ အရည်အသွေး တွေ ပါရှိပါတယ်။ အနာက် ဖက် ကင်မရာ dual ကင်မရာစနစ် မှာ သုံးစွဲထားတဲ့ Mega Pixel ဟာ 12 ဖြစ်ပြီး ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲ Leica software ကိုထည့်သွင်းပေးထားပါတယ်။အရှေ့ဖက်ကင်မရာ ကတော့ 8 Megapixel ဖြစ်ပါတယ်။

ဒီကင်မရာ လုပ်ဆောင်ချက်ကြောင့် ပဲ Dual ကင်မရာ လုပ်ဆောင်ချက်ပိုင်းမှာ iPhone 7 လိုမျိုးပဲ အမှတ်အသား ပြုခံခဲ့ရတဲ့ Huawei ရဲ့ ထုတ်ကုန်အသစ် အဖြစ် လာတော့မယ့် P10 ဟာ P9 ရဲ့ ကောင်းသတင်းတွေကို အမွေဆက်ခံဖို့ အဆင်သင့်ဖြစ်ပီလား လို့ ကြည့်ရအောင်။

အရှေု့ဖက် ကင်မရာ 8 Megapixel၊ ကျောဘက် ကင်မရာကိုလည်း Dual Camera 12 Mega pixel အဖြစ် ဆက်လက် ခန့်မှန်းထားခဲ့ပါတယ်။ တခြား အထူးအထွေ မခန့်မှန်းထားကြပေမယ့် GR5 မှာ ရှိတဲ့ အမိုက်စား ၊ အလန်းစား လုပ်ဆောင်ချက် တချို့ က P10 ကို ကူးပြောင်း အိမ်ဖွဲ့ လာနိုင်တယ် လို့ လည်း ခန့်မှန်းထားကြပါတယ်။


Battery

Huawei P9 ဟာ Non-removable Li-Ion 3000 mAh battery သုံးစွဲခဲ့ပါတယ်။
Huawei P9 plus ကို 3,400 mAh Battery တပ်ဆင်ပေးထားပါတယ်။
ဒါကြောင့် Huawei P10 ဟာ 3400 mAh အထက် ပေါင်းစပ်လာပါလိမ့်မယ်။

Extra

အခု ဖော်ပြထားတဲ့ သတင်းတွေဟာ အားလုံး က ခန့်မှန်းသတင်းတွေချည်းပါပဲ။ နိုင်ငံတကာ က ရှိနေတဲ့ P10 သတင်းတွေဟာလည်း ခန့်မှန်းတွေပါပဲ။ ဒါပေမယ့် အားလုံးကို ကျိုးကြောင်း ဆက်စပ်ပြီး တွေးတောလိုက်တဲ့ အခါမှာတော့ Product Rumors လို့ ခေါ်တဲ့ ထုတ်ကုန်ခန့်မှန်းသတင်းတွေ ဟာ ၈၀ ရာခိုင်နှုန်းအ ထိ မှန်ကန်မှု ရှိခဲ့ပြီး ၆၅ ရာခိုင်နှုန်း အထိ ယုံကြည်ပါတယ်။



P9 ဟာ Ceramic White, Titanium Grey, Mystic Silver, Haze Gold, Prestige Gold, and Rose Gold အရောင်တွေ ရှိခဲ့ပါတယ်။p10 အတွက် စတင်ပေါ်ပေါက်ခဲ့တဲ့ အရောင် က Rose Gold ပါ ။ ပန်းသွေးကြွယ်တဲ့ ရွှေနှင်းဆီရောင် ပါ။

ပြီးခဲ့တဲ့ နှစ် အခု လို အချိန်မှာ P9 သတင်းတွေ ပေါ်ပေါက်လာခဲ့ပြီး ထင်ထားတာနဲ့ အနည်းငယ်လွဲတာမျိုးတွေပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ Huawei Huawei P9 ကို Huawei P9 နဲ့ P9 Plus ဆိုပြီး အမျိုးအစား ၂ မျိုးနဲ့ ထုတ်ပါတယ်။ ပြီးတော့ P9 Lite ဆိုပြီး နောက်တစ်မျိုး ထုတ်ခဲ့ပါသေးတယ်။

Huawei P9 – Screen size – 5.2″ RAM 3GB-Storage 32GB/4G-Storage 64GBHuawei P9 plus  –  Screen Size – 5.5″ RAM 4GB/Storage 64GB



ဒါဆို ရင် Huawei P10 မှာ လာနိုင်တဲ့ မျိုးကွဲတွေအနနဲ့ ..

Huawei P10 – Screen size – 5.5″ RAM 6GB-Storage 64GB/8GB -Storage 128GBHuawei P10 plusHuawei P10 Edge

တွေ ပေါင်းစပ် ထုတ်လုပ်လာနိုင်တယ် ဆိုရင်လည်း အံ့သြစရာ မရှိပေမယ့် P10 Edge ကတော့ High Tech Level ဖြစ်သွားနိင်ပါတယ်။

Videos

ထွက်ပေါ်လာခဲ့တဲ့ Huawei P10 ရဲ့ နမူနာ ဗွီဒီယိုကို ဖော်ပြလိုက်ပါတယ်။

ဒါက Huawei P10 Official ဖိုင်ပါ။


•°•°•°• Video ဖိုင်အားကြည့်ရှု့ရန် •°•°•°•

#refer





Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000y

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes