Thursday, January 26, 2017

Xiaomi မှ အလုပ်ထွက်ပြီး ၁ ပတ်အကြာမှာ Facebook သို့ဆက်သွယ်ခဲ့တဲ့ Hugo



ဟူဂိုဘာရာ ဆက်သွယ်လာခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားရပြီး ပျော်ရွှင်တက်ကြွခဲ့ရတယ် လို့ ဖေ့စ်ဘုတ် အကြီးအကဲဖြစ်သူ မက်ဇူကာဘတ် က ဖွင့်ဟ ပြောကြားခဲ့ပြီးနောက်မှာ ဟူဂိုဘာရာ ဟာ ဖေ့စ်ဘုတ် က စမ်းသပ်လုပ်ကိုင်နေတဲ့ Oculus Team မှာ Lead အဖြစ်တာဝန်ယူရဖို့ သေချာသွားပြီလို့ သတင်းတွေ က ဆိုခဲ့ပါတယ်။

မက်ဇူကာဘတ် ဟာ Android OS ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တလမ်းက ကူညီလုပ်ကိုင်ခဲ့တဲ့ ဟူဂို ကို သိရှိခဲ့တာ အတော်ကြာခဲ့ပြီးဖြစ်တယ် လို့ သူရဲ့ ဖေ့်စဘုတ် မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဟူဂို ရောက်လာတဲ့အတွက် VR တွေရဲ့ အနာဂတ် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားရပြီ ဖြစ်ကြောင်း ဆက်လက်ရေးသားခဲ့ပါတယ်။

ဟူဂိုဘာရာ ဟာ ၂၀၁၃ ခုနှစ်မှာ Google က နုတ်ထွက်ခဲ့ပြီး ရှောင်မီရဲ့ နိုင်ငံတကာဌာန မှာ တာဝန်ယူခဲ့ပြီး ရှောင်မီကို တာဝန်ယူခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ကုမ္ပဏီရဲ့ နိုင်ငံရပ်ခြား ထုတ်ကုန်တင်ပို့မှု တိုးတက်လာအောင် ပြုလုပ်ရာမှာ ဟူဂိုဘာရာဟာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ဟူဂိုဘာရာဟာ ပြီးခဲ့တဲ့ ၅ ရက်က မှ တနင်္လာနေ့ကမှ ရှောင်မီကနေ နုတ်ထွက်ခဲ့ပြီး အခုလို ဖေ့စ်ဘုတ် ကို ဆက်သွယ်ခဲ့တဲ့အတွက် ဖေစ်ဘုတ် ရဲ့ မိုနိုပိုလီဆန်ဆန် ကစားချင်တဲ့ စီးပွားရေး ကစားပွဲဟာ တစ်စစ အဖြေပေါ်လာပြီ လို့ အမည်မဖော်ပြထားတဲ့ ပြိုင်ဘက်လူမှုကွန်ယက် သမားတွေ က ဝေဖန်ခဲ့ကြပါတယ်။ ဒါဟာ ခေတ်သစ်အင်တာနက်လောကရဲ့ Brain Drain ဦးနှောက်ယိုစီးမှုတစ်မျီုး အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြပါတယ်။

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes