Friday, January 13, 2017

Samsung မှဖန်တီးနေတဲ့ စာအုပ်ပုံစံ ခေါက်ဖုန်းအကြောင်း



Samsung က စာအုပ်လို ခေါက်ချိုးနိုင်တဲ့ ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်း တစ်လုံးကို တီထွင်နေတယ်လို့ သတင်းများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ တောင်ကိုရီးယားရဲ့ မီဒီယာတစ်ခု ဖြစ်တဲ့ Korea Herald က ဒီသတင်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ Samsung ရဲ့ စမတ်ဖုန်းကို ဖြန့်လိုက်ရင် ၇ လက်မအရွယ် တက်ဘလက်တစ်လုံးလို ဖြစ်သွားမှာပါ။ အဲဒီ စမတ်ဖုန်းကို Samsung က ယခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမယ်လို့ သိရပါတယ်။

Samsung က အဲဒီစမတ်ဖုန်းကို အလုံးရေ ၁ သိန်းကျော် ရောင်းချရမယ်လို့ ခန့်မှန်းထားတယ်လို့ တောင်ကိုရီးယား မီဒီယာက ရေးသားထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဈေးနှုန်းဟာလည်း အလွန်များပြားမယ်လို့ ခန့်မှန်းထားကြပါတယ်။ Samsung က ယခင်ကလည်း ဒီလို စမတ်ဖုန်းမျိုး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အသုံးပြုသူများ သုံးချင်တဲ့ အချိန်တိုင်း ဖုန်းကို ဖြန့်ကြရမှာ ဖြစ်တဲ့အတွက် အဆင်မပြေမှာ စိုးလို့ မထုတ်လုပ်ခဲ့ဘူးလို့ ကျွမ်းကျင်သူများက ခန့်မှန်းပါတယ်။

Samsung က ဒီလို ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း Patent ကို ၂၀၁၅ ခုနှစ်ကတည်းက မှတ်ပုံတင်ထားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ သတင်းဟာ ၂၀၁၆ ခုနှစ်မှာလည်း ဆက်လက်ထွက်ပေါ်ခဲ့ပါတယ်။ Apple , Xiaomi နဲ့ LG တို့ကလည်း အတိတ်မှာ အဲဒီလို စမတ်ဖုန်းမျိုးကို တီထွင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ သတင်းများ ငြိမ်သက်သွားခဲ့ပါတယ်။

Herald ရဲ့ အဆိုအရ Samsung ဟာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ရောင်းချဖို့ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရတဲ့ အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ Samsung က အဲဒီဖုန်းကို ၂၀၁၈ ခုနှစ်မှာမှ ထုတ်လုပ်ဖို့ အချိန်ဆွဲထားနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

#refer




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes