Saturday, January 28, 2017

ကျောင်းသားတွေအတွက် အိမ်စာတွေကိုကူလုပ်ပေးမဲ့ အထောက်အကူပြု iOS Software



ကောင်းတယ်လို့ပဲ ပြောရမလား၊ မကောင်းဘူးလို့ပဲ ပြောရမလား။ အိမ်စာတွေပိနေတဲ့ ကျောင်းသားတွေကို အကောင်းဆုံး ကူညီပေးမယ့် AI ပါဝင်တဲ့  iOS app တစ်ခု ရှိနေပါတယ်။

အိမ်စာမေးလိုက်တဲ့ သင်္ချာ၊ သိပ္ပံ၊ သမိုင်း၊ အင်္ဂလိပ် အစရှိတဲ့ ဘာသာရပ်တွေရဲ့ ပုစ္ဆာတွေနဲ့ မေးခွန်းတွေကို အင်္ဂလိပ်လို ရိုက်ထည့် (သို့မဟုတ်) ဓာတ်ပုံရိုက်လိုက်တာနဲ့ အဖြေတွေကို တစ်ဆင့်ချင်းစီ တွက်ချက်ပြသထားတဲ့ အဖြေတွေကို ဖော်ပြ ပေးမယ့် app တစ်ခုဖြစ်ပြီး App ရဲ့နာမည်ကတော့ Socratic လို့ အမည်ရပါတယ်။

ကျောင်းသားတွေအတွက် မကောင်းတာတစ်ခုက ကျောင်းမှာ သင်တာတွေကို အရေးမစိုက်တော့ပဲ ဒီ App ကိုပဲ အားကိုးလွန်းသွားရင် ပညာရေးစနစ်ကို အနည်းငယ်ထိခိုက်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ ကျောင်းသားအတော်များများက နားမလည်တဲ့ မေးခွန်းတွေ သင်ခန်းစာတွေကို သိရှိနားလည်နိုင်ဖို့ Google နဲ့ YouTube ပေါ်မှာ ရှာဖွေကြရပါတယ်။ ဒီ App ရဲ့အဓိကအားသာချက်ကတော့ မေးခွန်းကို ဓာတ်ပုံရိုက်လိုက်တာနဲ့ app အတွင်းထည့်သွင်းထားတဲ့ AI စနစ်က မေးခွန်းအတွက် အမှန်ကန်ဆုံးအဖြေကို ချက်ချင်းထုတ်ပေးမှာဖြစ်ပါတယ်။

စာသားနဲ့ ဖြေတာတွေလည်းရှိသလို လိုအပ်ရင် လိုအပ်သလို YouTube က video တွေကိုလည်း ဖော်ပြပေးမှာဖြစ်တဲ့အတွက် Google နဲ့ YouTube မှာ တကူးတက ရှာစရာ မလိုတော့ပါဘူး။ ကူရှင်ဆရာ၊ Guide ခေါ်စရာမလိုရလောက်အောင် ကူညီပေးမယ့် App တစ်ခုလို့ ဆိုနိုင်ပါတယ်။

iPhone, iPad နဲ့ iPod Touch အသုံးပြုတဲ့ကျောင်းသားတွေအတွက် အသုံးဝင်မှာဖြစ်ပြီး State ကျောင်းသား တွေကစလို့ တက္ကသိုလ်ကျောင်းသားတွေအထိ အထောက်အကူပြုပေးမယ့် app တစ်ခုဖြစ်ပါတယ်။

#refer



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes