Wednesday, January 18, 2017

Current တိုင်းတာနည်းအကြောင်း တစေ့တစောင်း



Current တိုင်းတာနည်းကို အခြေခံကျကျလေ့လာနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
အီလက်ထရွန်းနစ်ပြုပြင်သူအများစုဟာ current တိုင်းတာပြီးပြုပြင်သူနဲပါးကြသည်။ တကယ်တော့ currentတိုင်းပြီးပြုပြင်လျှင် ပြစ်ချက်နှင့်ပြဿနာကိုဖြေရှင်းရာမှာပိုမိုလွယ်ကူနိုင်သည်ကိုလစ်လျူရှုခဲ့ကြပါတယ်။

Current တိုင်းတာရန်အတွက်သင့်အနေဖြင့် current အမှတ်အသားကို သိထားရန်လိုအပ်သည်။

AC current အတွက် ACA သို့မဟုတ် Iac DC current အတွက် DCA သို့မဟုတ် Idc အဖြစ်အမှတ်အသားပြုကြသည်။

ပုံမှန်အားဖြင့်  Analogue meter များတွင် AC current တိုင်းတာရန် Function မပါတတ်ပါ။

Digital meter များတွင်တော့ Current တိုင်းတာရန် AC /DC အတွက် function ပါဝင်ပါသည် ။ တိုင်းတာရာတွင် ဗို့အားပေးသွင်းပြီး circuit အလုပ်လုပ်နေသည့်အချိန်တွင်တိုင်းတာရမည်။

Current တိုင်းတာရာတွင် circuit သို့မဟုတ် component ရဲ့ပတ်လမ်းကိုဖြတ်တောက်ပြီး ထိုဖြတ်တောက်ထားသည့် အစနှစ်စ တွင် series ပုံစံမီတာရဲ့ probe ကိုသွတ်သွင်းပြီးမှ current ကိုတိုင်းတာရပါမည်။

ထိုသို့ပြုလုပ်ရန် circuit ပတ်လမ်းတိုင်းတော့မလွယ်ကူပါ။ သို့သော်လည်းသင့်အနေဖြင့် အချို့ circuit ပတ်လမ်းကိုအပေါ်ဘက်မှ၎င်း အချို့ပတ်လမ်းများကိုအောက်ဘက်မှ၎င်း အစဉ်ပြေသည့် နည်းလမ်းကိုရွေးချယ်တိုင်းတာနိုင်သည်။

ထို့နောက် သင်တိုင်းတာလိုသော DCA သို့မဟုတ် ACA တို့ရဲ့ပမာဏ ကို meter တွင် select လုပ်ပါ။

အကယ်၍သင့်အနေဖြင့်  Current ပမာဏ ကို မသိရှိလျှင် အမြင့်ဆုံး Range တွင်ထားပြီးတိုင်းတာပါ ။

ထိုသို့တိုင်းတာစဉ်မီတာ probe ကိုသေချာကိုင်တွယ်ထားရန်လိုအပ်ပါသည်။

ထိုအခါ current ပမာဏ ကို meter ရဲ့ panel တွင်တိုက်ရိုက်ဖတ်ရှုနိုင်ပြီဖြစ်သည်။


သတိ!

Current ကိုဘယ်တော့မှ parallel မတိုင်းရပါ။

သင့်မီတာပျက်စီးနိုင်သလို circuit အတွက်လဲ meter ရဲ့ current အနေအထားဟာ  short circuit ဖြစ်ခါ component များကိုပျက်စီးလောင်ကျွမ်းစေနိုင်ပါသည်။ အောက်တွင်တိုင်းတာပုံများကိုလေ့လာပါ။











credit - aungtunelectronic



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes