Thursday, January 19, 2017

Samsung ဖုန်းတော်တော်များများ Zapya Application ကြောင့်စက်ဟန်း



Samsung ဖုန်းအသုံးပြု သူတော်တော်များများနဲ့ပတ်သတ်ပြီး
service ပိုင်းမှာတွေ့နေရတဲ့ ပြသနာဖြစ်ပါတယ်။ service ပြု လုပ်ဖို့
လာပြတဲ့တော်တော်များများ Samsung ဖုန်းတွေမှာ စက်ဟန်းနေတာနဲ့
Firmware ကျနေတာနဲ့ Auto Restart တွေဖြစ်ဖြစ်နေတာတွေ့ရပါတယ်။

ဒီပြသနာကို အသုံးပြု သူများထံမှကြားသိရတာကတော့ Zapya နဲ့ data transfer
ပြု လုပ်ရင်းဖြစ်တာလို့ သိရှိရပါတယ်။ Zapya apk ဟာစတင်ထွက်ရှိလာထဲက Samsung
ဖုန်းတော်တော်များများနဲ့ အသုံးပြု ရန်ကိုက်ညီမှု့မရှိတာတွေ့ရပါတယ်။
user တွေအနေနဲ့ကလည်း data transfer လုပ်ရန်ဒီ apk လေးကအဆင်ပြေဆုံးဖြစ်
နေတာကြောင့် သုံးကြရင်းကဒီ error နဲ့ကြုံ နေကြရတာဖြစ်ပါတယ်။ နောက်ပိုင်းဖုန်းတွေမှာကလည်း
Firmware ကျလို့ပြန်တင်တဲ့အခါမှာ အမှားမခံတာကြောင့် Samsung ဖုန်းအသုံးပြု သူများအနေနဲ့
ဖြစ်နိုင်မယ်ဆိုရင် Zapya apk ကို မသုံးမိကြရန်တိုက်တွန်းပါတယ်။

Zapya အစားအသုံးပြု ချင်ရင်တော့ Xender apk သုံးကြည့်နိုင်ပါတယ်။
ဒါမှမဟုတ် Zapya ပဲသုံးချင်တယ်ဆိုရင်တော့ Google Play Store ကနေတိုက်ရိုက်
ရယူအသုံးပြု ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ လုံးဝအဆင်ပြေမယ်တော့မပြောနိုင်ပါ။
အချို့အလုံးတွေမှာတော့ Google Play Store ကရယူပြီးသုံးရင်း အဆင်ပြေတာတွေ့ရပါတယ်။



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes