pmu နှစ်လုံးသုံးတဲ့ samsung တွေမှာ vph ရှော့ဖြစ်ရင် vbat နဲ့ vph ကြားမှာ pmu အသေးခံထားတာကြောင့် supply ချိတ်တဲ့ vbat အခြမ်းမှာအမ်ပီယာ မဆွဲတော့ပဲ တစ်စိတ်လောက်ပဲတက်နေလိမ့်မယ် vph ဘက်မှာတိုင်းကြည့်ရင် ground ကျနေပြီး အမ်ပီယာအပြည့်တက်နေပါမယ် ဒါက huawei တွေနဲ့ မတူတဲ့အချက် huawei တွေမှာဆို pm8029 သုံးတဲ့ဘုတ်တွေမှာ vbat နဲ့ vph ကြားမှာ fet ခံပြီးသုံးပါတယ် vph မှာရှော့ဖြစ်ရင် ကြားခံဖြစ်တဲ့ fet ပူလာပြီး အမ်ပီယာလဲ ဆွဲနေပါမယ် နောက်တစ်မျိုးက huawei မှာပဲ pm8110 သုံးတဲ့ ဘုတ်တွေမှာဆို vbat နဲ့ vph ကြားမှာ pm8110 ခံပြီးသုံးထားတဲ့အတွက်ကြောင့် vph ရှော့ဖြစ်ရင် ကြားခံဖြစ်တဲ့ pm8110 ရဲ့ ထောင့်လေးမှာ လာပူတာပါ ထောင့်လေးမှာပူရတဲ့အကြောင်းရင်းက vbat ကနေ vph ကို pmu ရဲ့ ထောင့်နားကနေ ဖြတ်သွားတာကြောင့်ပါ model တစ်မျိုးခြင်းဆီမှာ အသုံးပြုထားတဲ့ fet ic တွေရဲ့  အတွင်းပိုင်း လုပ်ဆောင်ချက် စနစ်ခြင်းမတူတာကြောင့် vph ရှော့ဖြစ်တာခြင်းတူပေမယ့် များသေားအားဖြင့် ပုံမှန်ရှော့ဖြစ်တဲ့ အခြေအနေမှာ ကွဲလွဲနေတဲ့ အမ်ပီယာအနေအထားတွေကို သေခြာလေ့လာကြည့်ရင် တွေ့ နိုင်ပါတယ် ic တွေရဲ့ အတွင်းပိုင်းလုပ်ဆောင်ချက်တွေမသိရင်တောင် supply က အမ်ပီယာကိုကြည့်ပြီး စဉ်းစားတွေးတောတက်မယ်ဆို electronic အခြေခံမရှိလဲ ဖုန်းပြင်စားလို့ ရပါတယ် ကျန်တာတော့ ကိုယ့်ရဲ့ လိုက်စားမှုပေါ်မူတည်ပြီး ဆက်လေ့လာလို့ ရပါတယ်။
refer - Phyo Htut Kyaw
Today's Mobile Training & Service center
သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999
Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000
0 comments:
Post a Comment