Thursday, January 12, 2017

Xiaomi Mi 6 ရဲ့ ပုံရိပ်၊ specs နဲ့ ဈေးနှုန်းများ ပေါက်ကြား



Xiaomi ရဲ့ flagship ဖုန်းအသစ်အဖြစ် ထပ်မံထုတ်လုပ်မယ့် Mi 6 နဲ့ Mi 6 Pro တို့ရဲ့ ပုံရိပ်နဲ့ specs တွေ ဟာ တရုတ်အခြေစိုက် website တစ်ခုဖြစ်တဲ့ MyDrivers.com မှာ ပေါက်ကြားလျက်ရှိတယ်လို့သိရပါတယ်။

ပေါက်ကြားချက်တွေအရ Xiaomi Mi 6 ဟာ flatscreen display နဲ့ အတူ RAM 4GB နဲ့ ထွက်ရှိလာပြီး Mi 6 Pro ကတော့ curved display နဲ့ RAM 6GB နဲ့ ထွက်ရှိလာမှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်တွင်းမှာ ထွက်ရှိခဲ့တဲ့ Samsung ရဲ့ Galaxy S7 နဲ့ S7 edge တို့နဲ့ ဆင်တူနေပါတယ်။

Specs တွေအနေနဲ့ကတော့ Quick Charge 4 technology ပါဝင်လာမယ့် Qualcomm Snapdragon 835 processor ၊ front fingerprint sensor နဲ့ 4000mAh battery တို့ပါဝင်လာမှာဖြစ်ပြီး ဈေးနှုန်းတွေအနေနဲ့ Mi 6 က (၂၈၈) ဒေါ်လာ နဲ့ Mi 6 Pro ကတော့ (၃၆၀) ဒေါ်လာ ကျသင့်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အခုလိုပေါက်ကြားလာတဲ့ ပုံရိပ်၊ specs တွေနဲ့ ဈေးနှုန်းတွေကို Xiaomi အနေနဲ့ အတည်ပြုခြင်းမရှိသေးတဲ့အတွက် တိတိကျကျ ယုံကြည်လက်ခံလို့တော့မရသေးပါဘူး။ ခန့်မှန်းနိုင်တာတစ်ခုကတော့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၆) ဖေဖော်ဝါရီအတွင်းက Mi 5 ကိုထုတ်လုပ် ခဲ့တာဖြစ်တဲ့အတွက် အခုလာမယ့် (၂၀၁၇) ဖေဖော်ဝါရီ မှာ Mi 6 နဲ့ Mi 6 Pro ထွက်ရှိလာနိုင် ချေရှိတယ် ဆိုတာပါပဲ။

အချက်အလက် အပြည့်အစုံကို တိတိကျကျသိနိုင်ဖို့အတွက်ကတော့ Xiaomi ရဲ့ အတည်ပြုပြောကြားချက်တွေကို စောင့်ရဦးမှာဖြစ်ပါတယ်။

#refer



Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes