Saturday, January 7, 2017

iOS မှာမရနိုင်တဲ့ Android ရဲ့ Feature ၅ မျိုး



ကျွန်တော်တို့ သင့်ကို iOS ကနေ Android ကို ပြောင်းလဲတဲ့အခါ အဆင်ပြေစေဖို့ နည်းလမ်းတွေ တင်ပြပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ Android device ကို iPhone နဲ့တူအောင် ကြိုးစားကြည့်ကြတဲ့အခါတွေရှိပေမယ့်လည်း ကျွန်တော်တို့ဟာ အခြား OS တွေထက် Android ကို အမြဲတန်းနှစ်သက်ပါတယ်။ သင့်ကို ဒီနေ့ပြမယ့် feature ငါးခုဟာ iOS နဲ့ Android ကို ရွေးဖို့ ပိုလွယ်သွားစေမှာပါ။ အဲဒီ feature တွေဟာ Android မှာသာ ရနိုင်ပါတယ်။

1. Customization Choices

ဒါဟာ feature တစ်ခုထက်ကို ပိုပါတယ်။ ဒါဟာ စိတ်ကြိုက်လုပ်နိုင်တဲ့နယ်ပယ်ဟာ အရမ်းကျယ်ပါတယ်။ ဟုတ်ပါတယ်။ iPhone တွေဟာ တချို့အရေးပါတဲ့အချက်တွေလုပ်ဖို့ နှစ်တွေအကြာကြီး အချိန်ယူခဲ့ရပါတယ်။ (ဥပမာ wallpaper ပြောင်းလဲဖို့) ဒါပေမယ့် Android နဲ့  ယှဉ်လိုက်ရင်တော့ ဒါလေးက ပါမွှားပါ။

Android မှာ သင်ဟာ root လုပ်မထားရင်တောင်မှ သင်ဟာ သင့်ရဲ့ စမတ်ဖုန်းကို အများနဲ့မတူအောင် လုပ်နိုင်ပါတယ်။ သင်ဟာ widgets တွေနဲ့ စိတ်ကြိုက်တန်ဆာဆင်နိုင်သလို သင့်ရဲ့ ကိုယ်ပိုင် widgets တွေလည်း ဖန်တီးနိုင်ပါတယ်။

ဖုန်းကို rooted လုပ်ထားရင်တော့ စိတ်ကြိုက်ချိန်ညှိမှုအစွမ်းဟာ ပြောမပြနိုင်လောက်အောင်ပါပဲ။ ဥပမာ သင်ဟာ Xposed Modules အများကြီးကို သုံးနိုင်ပါတယ်။ Xposed ဆိုတာ ဘာလဲ၊ ဘယ်လိုသုံးရသလဲဆိုတာ ပြသပေးထားတာတွေကိုလည်း အလွယ်တကူ ရှာနိုင်ပါတယ်။

2. Software Buttons

Software buttons ဆိုတာဟာ home button လောက် မကောင်းဘူးလို့ အများက ငြင်းခုံနေကြပေမယ့်လည်း ကျွန်တော်ကတော့ အဲဒီ feature ဟာ Android exclusivity ကောင်းတစ်ခုလို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ home button ပျက်စီးမှာကို မစိုးရိမ်ရတော့ပါဘူး။

ဒါ့အပြင် root လုပ်ထားမယ်ဆိုရင် hardware buttons ထပ်ထည့်နိုင်ပါသေးတယ်။ ဒါကြောင့် သင်ဟာ software နဲ့ hardware buttons ကို ပြောင်းနိုင်ရုံသာမကဘဲ နောက်ထပ်အရာတွေကိုလည်း ထပ်ထည့်နိုင်ပါတယ်။

3. Multi-User Support

Android ဟာ သုံးစွဲသူများစွာကို သုံးနိုင်တဲ့အတွက် ဖုန်းတစ်လုံးထဲမှာပဲ unique profiles ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် မိသားစုတစ်ခုလုံး တက်ဘလက်တစ်လုံးတည်းကိုပဲ သုံးနိုင်ပါတယ်။ ဒါပေမယ့် settings နဲ့ features တွေကိုတော့ သုံးစွဲသူအလိုက် ပြောင်းလဲပေးနိုင်ပါတယ်။ iOS ကတော့ အဲဒီနေရာမှာ ပြောစရာစကားမရှိပါဘူး။

4. Trusted Places/Smart Lock

Smart Lock နဲ့ သင်ဟာ သင့်ရဲ့ဖုန်းကို password ၊ pattern မလိုဘဲ unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ face recognition ၊ Bluetooth နဲ့ ချိတ်ဆက်နိုင်ခြင်း ၊ အခြားအရာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

5. Now On Tap

iOS 9 မှာ “Proactive” ကို Apple က မိတ်ဆက်ခဲ့ပေမယ့်လည်း အခုတော့ Now On Tap ရနေပါပြီ။ သင်နဲ့ သင့်သူငယ်ချင်းတို့ဟာ ဇာတ်ကားကြည့်ဖို့ စီစဉ်နေတယ်ဆိုပါစို့။ home button ကို ဖိနှိပ်ထားလိုက်ပါ။ Now On Tap ပေါ်လာပါလိမ့်မယ်။ အဲဒီ feature ဟာ သင့်ရဲ့ screen တစ်ခုလုံးကို scan ဖတ်ပြီး keyword ကို လိုက်ရှာမှာပါ။ (ဇာတ်ကားနာမည်လိုဟာမျိုး) ပြီးရင်တော့ သက်ဆိုင်ရာအချက်အလက်တွေပေါ်မူတည်ပြီး အခြားကောင်းတာတွေကိုလည်း အကြံပေးသွားမှာပါ။

credit - MMAS





Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes