Saturday, January 21, 2017

Chat Feature ကိုထည့်သွင်းတော့မဲ့ Youtube



YouTube ဟာ အနာဂတ်မှာ လူမှုကွန်ရက်တစ်နဲ့ တစ်ဖြည်းဖြည်း တူလာမှာပါ။ Google ပိုင်ဆိုင်တဲ့ YouTube က သူ့ရဲ့ iOS နဲ့ Android Apps များမှာ Chat စွမ်းဆောင်ချက် ထည့်သွင်းဖို့ စမ်းသပ်နေပါတယ်။ Chat ကနေ ဗီဒီယိုများ၊ စာသားများ၊ လင့်များကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ Chat စွမ်းဆောင်ချက်မှာ ဗီဒီယိုနဲ့ ပတ်သက်တဲ့ အခြား ထူးခြားတဲ့ စွမ်းဆောင်ချက်များတော့ မပါဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီစွမ်းဆောင်ချက်ကို ကနေဒါ နိုင်ငံမှာသာ အသုံးပြုနိုင်ပါသေးတယ်။ ကနေဒါမှာ Chat စွမ်းဆောင်ချက်ကို အရင်ဆုံး စမ်းသပ်တာဟာ အခြားနိုင်ငံများထက် ဗီဒီယို မျှဝေမှုနှုန်း များပြားလို့ဖြစ်တယ်လို့ Google ရဲ့ ထုတ်ကုန် မန်နေဂျာ ဖြစ်သူ Shimrit Ben က ပြောပါတယ်။

YouTube ဟာ ဗီဒီယို ပလက်ဖောင်းတစ်ခုထက်ပိုပြီး Facebook , Twitter တို့လို လူအများကြား စကားပြောဆက်သွယ်နိုင်တဲ့ လူမှုကွန်ရက် တစ်ခု ဖြစ်လာအောင် ကြိုးစားမှု တစ်ခု ဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

YouTube က Chat စွမ်းဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီမလားဆိုတာကို မသိရသေးပါဘူး။ YouTube ရဲ့ Chat စွမ်းဆောင်ချက်ကို စမ်းသပ်အသုံးပြုချင်ရင် ကနေဒါလူမျိုး သူငယ်ချင်းတစ်ယောက်က သင့်အား Chat ဖို့ ဖိတ်ခေါ်ခိုင်းနိုင်တယ်လို့ သိရပါတယ်။

#refer




Today's Mobile Training & Service center

သင်တန်းကျောင်းလိပ်စာများ -
Today's Mobile (သမိုင်းစင်တာ)
အမှတ်(254)၊ မြေညီထပ်၊ အင်းစိန်လမ်းမ၊ (ဘုရားလမ်းမှတ်တိုင်-သမိုင်းလမ်းဆုံအနီး)၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 0932226999, 09-794555999

Today's Mobile (လှည်းတန်းစင်တာ)
အမှတ်(15/17)၊ Moon Bakeryအပေါ်ထပ်၊ ၂ လွှာ(A)၊ အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်ရှေ့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
☏ - 09-32227000 , 09-974373000

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes