Saturday, October 8, 2016

အသစ်ထပ်မံထွက်ရှိလာတဲ့ iOS 10.1 Public Beta version 2 မှာ iPhone 7 Plus အတွက် Feature ပါဝင်လာ



Apple မှထပ်မံထုတ်လုပ်ပေးလိုက်တဲ့ iOS 10.1 Public Beta version 2 မှာ
iPhone 7 Plus အတွက် Feature အသစ်ပါဝင်လာတယ်လို့သိရပါတယ်။
Apple ဟာ iOS 10.1 Public Beta version 2 ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ
ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး ug တွေအမြောက်အများကို ပြင်ဆင်ထားရုံမက
iPhone 7 Plus အတွက် Feature အသစ်လည်းထပ်မံပါဝင်လာတယ်လို့သိရပါတယ်။

iPhone 7 Plus အသုံးပြုသူများအနေနဲ့ iOS 10.1 public beta 2 ကို install လုပ်ပြီး Apple ရဲ့ Portrait Mode Feature ကို ရရှိနိုင်ပြီဖြစ်ပါတယ်။ Portrait Mode Feature က iPhone 7 Plus ရဲ့ dual camera နဲ့ရိုက်တဲ့ ပုံတွေကို အရည်အသွေးမြင့် DSLR camera နဲ့ရိုက်ထားသလို ခံစားစေနိုင်မယ့် bokeh effect ပါဝင်လာတာဖြစ်ပါတယ်။

iOS 10.1 public beta ပေါ်မှာ 64 bit App တွေ ကိုပဲ ကောင်းမွန်စွာ အသုံးပြုလို့ရနိုင်တော့မှာဖြစ်ပြီး 32 bit App တွေကို Download ပြုလုပ် တဲ့အခါ ဖုန်းကို လေးလံသွားစေနိုင်ကြောင်း Alert Message နဲ့ သတိပေးမှာဖြစ်ပါတယ်။ Apple ဟာ (၂၀၁၃) ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ iPhone 5s မှာကတည်းက 64 bit OS ကိုစတင်အသုံးပြုခဲ့တာဖြစ်ပြီး App Developer တွေကိုလည်း 64 bit App တွေကိုသာ ဖန်တီးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ Apple အနေနဲ့ App Store ပေါ်မှာ အသုံးဝင်မယ့် Update ဖြစ်တဲ့ App တွေကို ပဲထားချင်တော့တဲ့ အတွက် Update မဖြစ်တော့တဲ့ App တွေကိုဖယ်ရှားဖို့ နဲ့ Update ပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက သတိပေး ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဖယ်ရှားချိန်ကို ရက်(၃၀) သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်ပြည့်တဲ့အထိ Update မဖြစ်တဲ့ App တွေကို App Store ကနေဖယ်ရှားပစ်မှာ ဖြစ်တယ် လို့သိရပါတယ်။

#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes