Saturday, October 15, 2016

Apple မှ Nike နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ သူတို့ရဲ့ Apple Watch အသစ်ကို ၂၈ ရက်နေ့တွင်စတင်ရောင်းချမည်



Apple အနေနဲ့သူတို့ရဲ့ နောက်ထက်ဖန်တီးထားတဲ့ Smart Watch အား
Nike အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနဲ့ပူးပေါင်းကာ အားကစား
ပစ္စည်းနာရီပုံစံ Smart Watch များကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။
အဆိုပါ Smart Watch 2 အား Nike+ version နဲ့ထုတ်လုပ်ကာ
ယခုလ ၂၈ ရက်နေ့တွင် ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ကုန်အနေနဲ့ အများအပြားပြောင်းလဲလာဖို့မရှိပဲ အဓိကအချက်အနည်းငယ်ကိုသာ ဆန်းသစ်ထားတာကို တွေ့ရှိရမှာပါ။ ဘာတွေပြောင်းလဲလာဖို့ရှိနေလဲ ဆိုရင်တော့ အဓိကအနေနဲ့ လက်ပတ်ကြိုးဖြစ်ပြီး Nike ရဲ့ စတိုင်အတိုင်း Sports ဆန်တဲ့ ပုံစံသစ်ကို မြင်တွေ့ရမှာပါ။ အရောင်အသွေးအနေနဲ့ အနက်၊ အဝါ၊ ငွေ သို့မဟုတ် ခဲရောင်ဆိုပြီး အရောင်လေးမျိုးမှာ အပေါက်ပုံစံတွေနဲ့ ဆန်းသစ်ထားမှာပါ။

ဒီဆန်းသစ်ထားတဲ့ Series 2 စမတ်နာရီရဲ့ ဈေးနှုန်းတွေကတော့ ၃၈မီလီမီတာဗားရှင်းဟာ ဒေါ်လာ ၃၇၀ကျသင့်မှာ ဖြစ်ပြီး ၄၂မီလီမီတာဗားရှင်းကတော့ ဒေါ်လာ၄၀၀ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes